ယူကရိန်းအတွက် ပိုလန်က တိုက်လေယာဉ်တွေပို့ဖို့ ကမ်းလှမ်းချက် အမေရိကန်ပယ်ချ

၀ါရှင်တန်၊ မတ်-၉-၂၀၂၂ မျိုးဆက်(VOM)   ရုရှားရဲ့ကျူးကျော်မှုကို ခုခံကာကွယ်ရာမှာ ယူကရိန်းလေတပ်ကို အင်အားဖြည့်တင်းမှုအဖြစ် ယူကရိန်းလေယာဉ်မှူးတွေ မောင်းဖို့ကျွမ်းကျင်ပြီးသားဖြစ်တဲ့ ရုရှားလုပ် MiG-29 တိုက်လေယာဉ်တွေကို ဂျာမနီမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းကို လွှဲပြောင်းပေးမယ့် ပိုလန်ရဲ့ ကမ်းလှမ်းမှုကို အမေရိကန်က ပယ်ချလိုက်ပါတယ်။   အမေရိကန်ဟာ ယူကရိန်းအတွက် လက်နက်တွေကူညီမှုကို အရှိန်မြှင့်လုပ်ဆောင်နေပေမယ့် နေတိုးအဖွဲ့၀င်နိုင်ငံတခုကနေ စစ်ပွဲဇုန်ကို ပို့ဆောင်မယ့်ကိစ္စဟာ နေတိုးမဟာမိတ်အဖွဲ့အတွက် စိုးရိမ်စရာဖြစ်စေတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ကပြောပါတယ်။   ဒီကိစ္စနဲ့ ခက်ခဲတဲ့ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပိုလန်၊ နေတိုးအဖွဲ့နိုင်ငံတွေနဲ့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ကြောင်း ဒါပေမယ့် ပိုလန်ရဲ့အဆိုပြုချက်ဟာ ခိုင်လုံတဲ့ကိစ္စလို့ မထင်မိကြောင်း ပင်တဂွန်ပြေားရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။   ပိုလန်ဟာ ယူကရိန်းအတွက် သူ့ရဲ့ MiG-29 တိုက်လေယာဉ်တွေကို ဂျာမနီရှိ ရမ်စတိန်းလေတပ်အခြေစိုက်စခန်းသို့ ဖြန့်ကြက်ပြီး အမေရိကန်ရဲ့ လက်ထဲမှာထားရှိဖို့ အဆင်သင့်ဖြစ်နေပြီလို့ မတ် ၈ ရက်နေ့မှာ…

Read More

သြစတြေးလျမှာ ရေဘေးအကြီးအကျယ်ဖြစ်ပွား၊ အရေးပေါ်အခြေအနေ ကြေညာရတော့မယ်

ဆစ်ဒနီ၊ မတ်-၉-၂၀၂၂ မျိုးဆက်(VOM)   သြစတြေးလျနိုင်ငံ ပြည်နယ်နှစ်ခုမှာ ရေကြီးရေလျှံမှုတွေ အကြီးအကျယ်ဖြစ်ပွားနေတာကြောင့် အရေးပေါ်အခြေအနေကြေညာတော့မယ်လို့ ၀န်ကြီးချုပ် စကော့မောရစ်ဆင်က ပြောပါတယ်။   ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကစပြီး စံချိန်တင်မိုးရွာသွန်းမှုတွေဖြစ်ပွားခဲ့လို့ နယူးဆောက်ဝေးနဲ့ ကွင်းစလန်တို့မှာ လူ ၂၀ သေဆုံးခဲ့ပြီး နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။   ရေဘေးသင့်သူတွေကို အမြန်ဆုံးမကူညီနိုင်မှုကြောင့် ဗဟိုနဲ့ ပြည်နယ်အစိုးရတွေဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။   ရေကြီးရေလျှံမှုများ အကြီးအကျယ်ဖြစ်ပွားနေခြင်းကြောင့် ဆစ်ဒနီဒေသခံ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။   နယူးဆောက်ဝေးပြည်နယ်၀န်ကြီးချုပ်က ပြည်နယ်အတွင်းနေထိုင်သူ လေးသောင်းကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် အမိန့်ထုတ်ထားပြီး နောက်ထပ် လူ နှစ်သောင်းကိုလည်း အသင့်အနေအထား ပြင်ဆင်ထားဖို့ ညွှန်ကြားထားပါတယ်။   လွန်ခဲ့သော ၂၄ နာရီအတွင်း ရေဘေးကြောင့် လူ ၂၅၀၀ ကျော်အကူအညီတောင်းခံခဲ့ကြောင်း ပြည်နယ်အရေးပေါ်ဌာနက…

Read More

ခန္တီးဒေသမှာ စက်သုံးဆီ ဝင်ရောက်မှုနည်းပါးနေပြီး ခွဲတမ်းစနစ်နဲ့သာ ဆီကိုဝယ်ယူသုံးစွဲနေရ

မတ် ၉-၂၀၂၂ SP (VOM)   စစ်ကိုင်းတိုင်း ၊ ချင်းတွင်းမြစ်ဖျား ဒေသပိုင်းဖြစ်တဲ့ ခန္တီးမြို့နယ်မှာ စက်သုံးဆီဝင်ရောက်မှု အလွန်နည်းပါးနေပြီး စက်သုံးဆီ ဝယ်ယူသုံးစွဲသူများဟာ ခွဲတမ်းစနစ်နဲ့သာ ဝယ်ယူနေရတယ်လို့ ယာဥ်ပိုင်ရှင်တွေဆီက သိရပါတယ်။   ” ဓာတ်ဆီ တစ်ဂါလံကို တစ်သောင်းကျော်တယ် ၊ သောင်း နှစ်ထောင် ၊ သုံးထောင်အထိရှိတယ် ၊ လိုသလောက် ဝယ်မရဘူး ၊ ဆိုင်ကယ်တစ်စီးမှ ဂါလံဝက်နူန်းပဲ ရောင်းပေးတာ ၊ ခရီးဝေးသွားမယ်ဆိုရင် နှစ်ခါပြန် ဆီထည့်မှ ရတယ် “လို့ ယာဥ်ပိုင်ရှင်တယောက်က ပြောပါတယ်။   အဲ့ဒီလို စက်သုံးဆီကို ခွဲတမ်းစနစ်နဲ့ ဘာကြောင့် ရောင်းပေးရတယ်ဆိုတာနဲ့ ပတ်သက်လို့ ခန္တီးမြို့ပေါ်က စက်သုံးဆီလုပ်ငန်းရှင်တယောက်ကလည်း ” ဒီနှစ်က မြစ်ရေပါးချိန်ရောက်နေပြီ ၊ မြစ်ရေကြီးတဲ့ ကာလတုန်းက ဆီသင်္ဘောတွေ မလာနိုင်ခဲ့ဘူး…

Read More

ရုရှားကို လက်နက်ချအရှုံးမပေးဘဲ အဆုံးထိတိုက်မယ်လို့ ယူကရိန်းသမ္မတပြော

ကိယက်ဗ်၊ မတ်-၉-၂၀၂၂ မျိုးဆက်(VOM)   ရုရှားကို အရှုံးမပေးဘဲ အဆုံးထိတိုက်ပွဲ၀င်သွားမယ်လို့ ယူကရိန်းသမ္မတ ဇီလန်ဇကီးက ဗြိတိန်လွှတ်တော်မှာ ရုပ်သံကတဆင့် ပြောကြားရာမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ၁၃ ရက်ကြာမြင့်ပြီဖြစ်တဲ့ ရုရှားရဲ့ကျူးကျော်မှုဟာ မိမိတို့မလိုလားတဲ့စစ်ပွဲဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါပေမယ့် ယူကရိန်းကို မဆုံးရှုံးဖို့အတွက် တိုက်ပွဲ၀င်သွားမှာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးကပြောပါတယ်။   ရုရှားရဲ့ကျူးကျော်မှုစတင်ကတည်းက ကလေးသူငယ် ၅၀ ကျော်သေဆုံးခဲ့ပြီး တိုက်ပွဲတွေကြောင့် စားနပ်ရိက္ခာနဲ့ ရေမရရှိတဲ့သူတွေ အများအပြားရှိနေတယ်လို့ သူကဆိုပါတယ်။   ဗြိတိန်အပါအ၀င် အခြားနိုင်ငံတွေအနေနဲ့ ရုရှားအပေါ် တိုးမြှင့်ဖိအားပေးဖို့ကိုလည်း ဇီလန်စကီးက တိုက်တွန်းခဲ့ပါတယ်။   လက်ရှိမှာတော့ အမေရိကန် ဗြိတိန်နဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားရဲ့ရေနံတွေကို ပိတ်ပင်ထားပြီး အီးယူကလည်း ရုရှားရဲ့ ဓါတ်ငွေ့အပေါ်မှီခိုမှုကို အဆုံးသတ်ရေးအပါအ၀င် စီးပွားရေးအရ အရေးယူမှုတွေကို အရှိန်မြှင့်နေပါတယ်။   ဒီလိုလုပ်တာဟာ ကမ္ဘာ့စီးပွားရေးအတွက် ကပ်ဆိုးဖြစ်ပြီး…

Read More

ယူကရိန်းစစ်ပွဲ ၁၃ ရက်မြောက်

– Institute for the Study of War ( ISW) က ၂၄ နာရီ ကနေ ၉၆ နာရီအတွင်း မြို့တော် ကီယက်ဗ် ကို ရုရှားတပ်တွေ စီးနင်း တိုက်ခိုက်မယ်လို့ မတ်လ ၇ ရက်နေ့ ကထုတ်ပြန်ပါတယ်။ ဒီကနေ့ ၈ရက်ဆိုတော့ နောက်၂၄ နာရီအတွင်းတိုက်မယ့် သဘောပါ။   – ရုရှားတပ်တွေက ယူကရိန်းမြို့တော် ကီယက်ဗ် နဲ့ ၁၀ မိုင်အကွာအထိ ချီတက်လာနေပြီ ဖြစ်လို့ မြို့နေလူထုက စိုးရိမ်ကြောင့်ကြနေပါတယ်။   – ရုရှားရဲ့ စစ်ကြောင်းကြားမှာ ပိတ်မိနေတဲ့သူတွေ ဘေးလွတ်ရာကို ထွက်လို့ရအောင် မြောက်ပိုင်းကမြို့တချို့ နဲ့ ဆူမီမြို့မှာ ရုရှားက ယာယီ အပစ်အခတ် ရပ်ပေးလိုက်တယ်။ ဆူမီမှာပိတ်မိနေတဲ့ အိန္ဒိယ ကျောင်းသား အများစုပါတဲ့…

Read More
VOM News

FREE
VIEW