တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲ ကွန်ဆာဗေးတစ် အတိုက်အခံကိုယ်စားလှယ်လောင်း အနိုင်ရရှိ

ဆိုးလ်၊ မတ်-၁၀-၂၀၂၂ မျိုးဆက်(VOM)   တောင်ကိုရီယားသမ္မတ ရွေးကောက်ပွဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ပြီးနောက် ကွန်ဆာဗေးတစ်အတိုက်အခံသမ္မတလောင်း ယွန်ဆက်ယိုဟာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။   နိုင်ငံရေးအတွေ့အကြုံနည်းတဲ့ ယွန်ဆက်ယိုဟာ လူတန်းစားမညီမျှမှုကို ကိုင်တွယ်ဖြေရှင်းရန် ကတိပြုချက်တွေအပေါ် အခြေခံပြီ ဒီမိုကရက်တစ်ပါတီက လီဂျေးမြောင်ကို အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။   ဒါပေမယ့် သူ့ရဲ့အနိုင်ရလဒ်ဟာ သမိုင်းတစ်လျှောက် ကွာဟမှုအနည်းဆုံးဖြစ်ပြီး ပြိုင်ဘက်အပေါ်မဲအသာရရှိမှု တစ်ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။   နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်ပြီး၊ ယွန်ဆက်ယိုဟာ တရုတ်၊ မြောက်ကိုရီးယားတို့နဲ့ ဆက်ဆံရေးအပေါ် တင်းတင်းမာမာ ပြန်လည်သတ်မှတ်ဖို့ ကတိပြုထားပြီး အမေရိကန်နဲ့ပိုမိုနီးကပ်သောဆက်ဆံရေးအတွက် ထုတ်ဖော်ပြောဆိုထားပါတယ်။   အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို တိုးချဲ့ဖို့ မျှော်လင့်နေကြောင်း အိမ်ဖြူတော်က မစ္စတာ ယွန်အား ဂုဏ်ပြုလွှာ ပေးပို့ရာမှာ ပြောဆိုထားပါတယ်။   Ref: BBC Photo: Getty…

Read More

ထိုင်းမှာ အလုပ်သွားလုပ်တဲ့ မြန်မာလုပ်သား ၇၅ ဦးနဲ့ ပွဲစား လမ်းပြ လူ ၈ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထား

မတ် ၁၀-၂၀၂၂ SP(VOM)   မြန်မာ – ထိုင်း နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲကို အထောက်အထားမဲ့ ဝင်လာတဲ့ မြန်မာနိုင်သား ၇၅ ယောက်နဲ့ ပွဲစား လမ်းပြ လူ ၈ ဦးတို့ကို ထိုင်းရဲတပ်ဖွဲ့က မနေ့ မတ် ၉ ရက်က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။   အဲ့ဒီ အဖမ်းခံထားရတဲ့ မြန်မာလုပ်သား ၇၅ ယောက်ဟာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင် ပြည်နယ် ဘက်က လာတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။   ဖမ်းဆီးခံရသူတွေဟာ အလုပ်သမားတစ်ဦးကို ပွဲစားခဘတ် ၁၅,၀၀၀ ကနေ၂၅,၀၀၀ ပေးရပြီး စမွတ်စာခွန်ခရိုင်၊ ရယောင်ခရိုင်၊ ကန်ကျနဘူရီခရိုင်နဲ့ ဘန်ကောက်မြို့တွေဘက်မှာ အလုပ် လုပ်ရမယ်ဆိုပြီး ပွဲစားတွေက ခေါ်ဆောင်လာခဲ့တာ…

Read More

ဝက်ရဲ့နှလုံးနဲ့ ကမ္ဘာ့ပထမဆုံး အစားထိုးကုသမှုခံယူခဲ့သူအမျိုးသား သေဆုံး

ဝါရှင်တန်၊ မတ်-၁၀-၂၀၂၂ မျိုးဆက်(VOM)   မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ဝက်ရဲ့နှလုံးနဲ့ ကမ္ဘာ့ပထမဆုံး အစားထိုးကုသမှုခံယူခဲ့တဲ့ အမေရိကန်အမျိုးသားဟာ သေဆုံးသွားခဲ့ပါတယ်။   နှလုံးရောဂါရှိသူ David Bennett ဟာ ဝက်ရဲ့နှလုံးနဲ့ အမေရိကန်မှာ အစားထိုးကုသမှုခံယူပြီးနောက် နှစ်လကြာအသက်ရှင်ခဲ့ပါသေးတယ်။   ဒါပေမယ့် သူ့ရဲ့အခြေအနေဟာ လွန်ခဲ့တဲ့ ရက်အတော်ကြာကတည်းက ဆိုးရွားလာခဲ့တယ်လို့ ဘာတီမိုး မှာရှိတဲ့ သူ့ရဲ့ဆရာဝန်တွေက ပြောကြားခဲ့ပြီး အသက် ၅၇ နှစ်အရွယ် အမျိုးသားဟာ မတ်လ ၈ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။   Mr Bennett ဟာ ခွဲစိတ်မှုရဲ့ အန္တရာယ်များပုံကို သိရှိခဲ့ပေမယ့် နောက်ဆုံးမျှော်လင့်ချက်တစ်ခုအဖြစ်နဲ့ ကုသမှုခံယူခဲ့တာဖြစ်ပါတယ်။   University of Maryland ဆေးဘက်ဆိုင်ရာစင်တာမှ ဆရာဝန်တွေကို ခွဲစိတ်မှုပြုလုပ်ဖို့ အမေရိကန်ဆေးဘက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အထူးခွင့်ပြုချက်ပေးထားပြီး၊ လူ့နှလုံးနဲ့အစားထိုးကုသမှုအတွက် အခြေအနေမရှိတော့တဲ့ Mr Bennett…

Read More

စစ်ကိုင်းတိုင်းမှာ အင်တာနက်လိုင်းတွေပြတ်တောက်လို့ အွန်လိုင်းစျေးသည်တွေ အလုပ်မဖြစ်ဘဲ နားထားရ

မတ် ၁၀ -၂၀၂၂ SP (VOM)   စစ်ကိုင်းတိုင်းက မြို့နယ်ပေါင်း ၃၀ ကျော်မှာ မိုလ်ဘိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရပြီးနောက်ပိုင်း အွန်လိုင်း စျေးသည်အများစုဟာ အမှာကုန်တင်သွင်းမှုစာရင်း မရတော့တဲ့အတွက် အလုပ်တွေ ရပ်နားထားရတယ်လို့ အွန်လိုင်းစျေးသည်တွေဆီက သိရပါတယ်။   ” အွန်လိုင်းကနေ စျေးရောင်းပါတယ် ၊ အဓိက ကုန်စည်ကတော့ စားသောက်ကုန် ချက်ဟင်းမျိုးစုံဖြစ်ပါတယ် ၊ လိုင်းပေါ်ကနေ မှာယူတဲ့ ဟင်းပွဲ အရေအတွက်ကို ကြော်ချက်ပြီး ရောင်းတာပါ ၊ အခုလ ၃ ရက်ကနေ ဒီကနေ့ ၁၀ ရက်အထိ တပတ်လုံးလုံး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် မှာယူသူ တစ်ဦးမှ မရှိဘူး ၊ အဲ့ဒါကြောင့် အလုပ်မဖြစ်လို့ နားထားရတာပါ “လို့ ချက်ဟင်းမျိုးစုံ အွန်လိုင်း စျေးသည်တယောက်က ပြောပါတယ်။  …

Read More

အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

ဖနွမ်းပင်၊ မတ်-၁၀-၂၀၂၂ မျိုးဆက်(VOM)   ယခုလနှောင်းပိုင်းမှာ ကျင်းပဖို့စီစဥ်ထားတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေနဲ့ အမေရိကန်သမတ ဂျိုးဘိုင်ဒင်တို့အကြား ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ပြီး ကျင်းပမယ့်အချိန်ကို ပြန်လည်သတ်မှတ်သွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ရိုက်တာသတင်းဌာနသို့ ပြောပါတယ်။   “အဆိုပြုထားတဲ့ နေ့ရက်တွေမှာ အာဆီယံခေါင်းဆောင်တချို့ အစည်းအဝေး မတက်နိုင်လို့ နောက်ရက်ကို ရွှေ့ဆိုင်းလိုက်တာပါ” ဟု ဝန်ကြီး Prak Sokhonn က ပြောပါတယိ။ကမ္ဘောဒီးယားဟာ လက်ရှိအာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပါတယ်။   အစည်းအဝေးကို မတ်လ ၂၈ရက်နဲ့ ၂၉ ရက်တို့မှာ ကျင်းပသွားမယ်လို့ အမေရိကန်ဘက်က ကနဦးမှာ ကြေညာထားပါတယ်။   အစည်အဝေးမှာ ကပ်ရောဂါ ပြန်လည်ထူထောင်ရေး၊ ရာသီဥတုပြောင်းလဲမှု၊ ရင်းနှီးမြှုပ်နှံမှုနှဲ့ အခြေခံအဆောက်အအုံစတဲ့ ကိစ္စရပ် တွေအပြင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုလည်းဆွေးနွေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ…

Read More
VOM News

FREE
VIEW