တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲ ကွန်ဆာဗေးတစ် အတိုက်အခံကိုယ်စားလှယ်လောင်း အနိုင်ရရှိ

ဆိုးလ်၊ မတ်-၁၀-၂၀၂၂
မျိုးဆက်(VOM)
 
တောင်ကိုရီယားသမ္မတ ရွေးကောက်ပွဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ပြီးနောက် ကွန်ဆာဗေးတစ်အတိုက်အခံသမ္မတလောင်း ယွန်ဆက်ယိုဟာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
 
နိုင်ငံရေးအတွေ့အကြုံနည်းတဲ့ ယွန်ဆက်ယိုဟာ လူတန်းစားမညီမျှမှုကို ကိုင်တွယ်ဖြေရှင်းရန် ကတိပြုချက်တွေအပေါ် အခြေခံပြီ ဒီမိုကရက်တစ်ပါတီက လီဂျေးမြောင်ကို အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
 
ဒါပေမယ့် သူ့ရဲ့အနိုင်ရလဒ်ဟာ သမိုင်းတစ်လျှောက် ကွာဟမှုအနည်းဆုံးဖြစ်ပြီး ပြိုင်ဘက်အပေါ်မဲအသာရရှိမှု တစ်ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။
 
နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်ပြီး၊ ယွန်ဆက်ယိုဟာ တရုတ်၊ မြောက်ကိုရီးယားတို့နဲ့ ဆက်ဆံရေးအပေါ် တင်းတင်းမာမာ ပြန်လည်သတ်မှတ်ဖို့ ကတိပြုထားပြီး အမေရိကန်နဲ့ပိုမိုနီးကပ်သောဆက်ဆံရေးအတွက် ထုတ်ဖော်ပြောဆိုထားပါတယ်။
 
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို တိုးချဲ့ဖို့ မျှော်လင့်နေကြောင်း အိမ်ဖြူတော်က မစ္စတာ ယွန်အား ဂုဏ်ပြုလွှာ ပေးပို့ရာမှာ ပြောဆိုထားပါတယ်။
 
Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ဆိုးလ

Related posts

Leave a Comment

VOM News

FREE
VIEW