ဝက်ရဲ့နှလုံးနဲ့ ကမ္ဘာ့ပထမဆုံး အစားထိုးကုသမှုခံယူခဲ့သူအမျိုးသား သေဆုံး

ဝါရှင်တန်၊ မတ်-၁၀-၂၀၂၂
မျိုးဆက်(VOM)
 
မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ဝက်ရဲ့နှလုံးနဲ့ ကမ္ဘာ့ပထမဆုံး အစားထိုးကုသမှုခံယူခဲ့တဲ့ အမေရိကန်အမျိုးသားဟာ သေဆုံးသွားခဲ့ပါတယ်။
 
နှလုံးရောဂါရှိသူ David Bennett ဟာ ဝက်ရဲ့နှလုံးနဲ့ အမေရိကန်မှာ အစားထိုးကုသမှုခံယူပြီးနောက် နှစ်လကြာအသက်ရှင်ခဲ့ပါသေးတယ်။
 
ဒါပေမယ့် သူ့ရဲ့အခြေအနေဟာ လွန်ခဲ့တဲ့ ရက်အတော်ကြာကတည်းက ဆိုးရွားလာခဲ့တယ်လို့ ဘာတီမိုး မှာရှိတဲ့ သူ့ရဲ့ဆရာဝန်တွေက ပြောကြားခဲ့ပြီး အသက် ၅၇ နှစ်အရွယ် အမျိုးသားဟာ မတ်လ ၈ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။
 
Mr Bennett ဟာ ခွဲစိတ်မှုရဲ့ အန္တရာယ်များပုံကို သိရှိခဲ့ပေမယ့် နောက်ဆုံးမျှော်လင့်ချက်တစ်ခုအဖြစ်နဲ့ ကုသမှုခံယူခဲ့တာဖြစ်ပါတယ်။
 
University of Maryland ဆေးဘက်ဆိုင်ရာစင်တာမှ ဆရာဝန်တွေကို ခွဲစိတ်မှုပြုလုပ်ဖို့ အမေရိကန်ဆေးဘက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အထူးခွင့်ပြုချက်ပေးထားပြီး၊ လူ့နှလုံးနဲ့အစားထိုးကုသမှုအတွက် အခြေအနေမရှိတော့တဲ့ Mr Bennett ဒီခွဲစိတ်မှုမလုပ်ရင်လဲ အခြားနည်းဖြနဲ့ သေဆုံးသွားမှာဖြစ်ပါတယ်။
 
Ref:BBC
Photo: University of Maryland
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW