ပုလဲမြို့နယ်ထဲက မီးဘေးသင့်ပြည်သူတွေမှာ စားဝတ်နေရေးနဲ့ဆေးဝါးစောင့်ရှောက်မှုတွေ လိုအပ်နေ

မတ် ၁၄-၂၀၂၂
Voice Of Myanmar

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက စလို့ မကြာခဏဆိုသလို မီးဘေးသင့်တဲ့ဒဏ်ကို ခံစားနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၁၁)ရက်နေ့က အိမ်ခြေ (၄၃) အိမ်သာရှိတဲ့ သပြေအေးကျေးရွာလည်း မီးဘေးသင့်ခဲ့ရပြီး လူနေအိမ် (၃၅)လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

အဲ့ဒီမီးလောင်မှုကြောင့် လက်ရှိမှာ မီးဘေးသင့်ပြည်သူတွေအနေနဲ့ နီးစပ်ရာတောတွေထဲမှာ တိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအခက်အခဲတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ မီးဘေးသင့်ပြည်သူတွေကပြောပါတယ်။

မီးလောင်မှုတွေဟာ ဒေသခံတွေရဲ့ပြောပြချက်အရ မီးရှို့ခံရတာဖြစ်တယ်လို့ သိရပေမယ့် VOMအနေနဲ့ သီခြားအတည်မပြုနိုင်ပါဘူး။

ပုလဲမြို့နယ်ထဲမှာ အခုလိုမီးဘေးသင့်မှုတွေဟာ ဇန်နဝါရီလကုန်ပိုင်းကစလို့ ဒီနေ့အချိန်အထိ သပြေအေးရွာအပါအဝင် မွေ့တုံ၊ ပန်းရွာ၊ လှော်ကား၊ ချောင်းဦး၊ ဇီးဖြူကုန်း၊ အင်မထီး၊ နှောရိုး၊ တုံးကန် ကျေးရွာတွေမှာထောင်နဲ့ချီတဲ့ လူနေအိမ်တွေ မီးဘေးသင့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပုလဲ #မီးဘးသင့်ပြည်သူ
#စားဝတ်နေရေး #ဆေးဝါးစောင့်ရှောက်မှု #လိုအပ်နေ

YouTube Link – https://youtu.be/hwqrqRthyAY

Related posts

VOM News

FREE
VIEW