ယူကရိန်းအရေး ရုရှားက တရုတ်ကိုအကူအညီတောင်း၊ ကူညီရင်ဆိုးကျိုးနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်သတိပေး

ဝါရှင်တန်၊ မတ်-၁၄-၂၀၂၂
မျိုးဆက်(VOM)
 
ယူကရိန်းအရေးမှာ တရုတ်နိုင်ငံအနေဖြင့် ရုရှားကိုကူညီပေးမယ်ဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်က သတိပေးလိုက်ကြောင်း အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
 
ရုရှားက ယူကရိန်းကို ကျူးကျော်၀င်ရောက်ပြီးနောက် စစ်ရေးအကူအညီပေးဖို့အတွက် တရုတ်ကို ရုရှားကတောင်းဆိုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်တာ၀န်ရှိသူတွေက အမေရိကန်သတင်းဌာနအချို့ကို ထုတ်ဖော်ပြောဆိုထားပါတယ်။
 
ဒါပေမယ့် ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးကတော့ ရုရှားရဲ့ဒီလိုတောင်းဆိုမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အမေရိကန်နဲ့ တရုတ်တာ၀န်ရှိသူတွေအကြား ရောမမှာ ဒီနေ့မဆွေးနွေးမီ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အမေရိကန်ဘက်က သတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
 
ယူကရိန်းအရေးစတင်ချိန်မှစပြီး တရုတ်ဟာကာလရှည်မဟာမိတ်ဖြစ်တဲ့ ရုရှားကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုမှုတွေပြုခဲ့ပေမယ့် စစ်ရေး သို့မဟုတ် စီးပွားရေးဆိုင်ရာ ထောက်ပံ့မှုတစုံတရာပေးခဲ့ကြောင်း လူသိရှင်ကြား မတွေ့ရသေးပါဘူး။
 
ဒါပေမယ့် ရုရှားဟာ မောင်းသူမဲ့လေယာဉ်တွေ၊ စစ်ဘက်ဆိုင်ရာ ကိရိယာတွေ ကူညီဖို့ မကြာသေးမီရက်အတွင်းက တရုတ်နိုင်ငံကိုအထူးတောင်းဆိုခဲ့တယ်လို့ အမေရိကန်တာ၀န်ရှိသူတွေကို ကိုးကားပြီး အမေရိကန်သတင်းဌာနတွေက ထုတ်ဖော်ရေးသားထားပါတယ်။
 
ရုရှားအပေါ် ကြီးမားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့ အားထုတ်မှု သို့မဟုတ် ရုရှားကို ကူညီပံ့ပိုးမှုတွေအတွက် အကျိုးဆက်တွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ တိုက်ရိုက်ဆက်သွယ်ဆွေးနွေးနေတယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က စီအင်န်အင်န်နဲ့ အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောဆိုပါတယ်။
 
Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW