တရုတ်မှာ ကိုဗစ်ကူးသူမြင့်တက်လာလို့ လူ ၂၄ သန်းနေထိုင်တဲ့ ဂျီလင်ပြည်နယ်ကို လော့ခ်ဒေါင်းချ

ပေကျင်း၊ မတ်-၁၅-၂၀၂၂
မျိုးဆက်(VOM)
 
တရုတ်နိုင်ငံမှာ မတ် ၁၅ ရက်နေ့က ရောဂါကူးစက်ခံရသူ ငါးထောင်ကျော်ထိ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပြီး အများစုမှာ ဂျီလင်ပြည်နယ်မှဖြစ်တဲ့အတွက် ပြည်နယ်တွင်းနေထိုင်သူ ၂၄ သန်းကို မတ် ၁၄ ရက်မှာ လော့ခ်ဒေါင်းချလိုက်ပါတယ်။
 
ဂျီလင်ပြည်နယ်တစ်ခုလုံးနဲ့ နည်းပညာအချက်အခြာနေရာဖြစ်တဲ့ ရှန်ကျန်းဒေသရှိ ဒေသခံတွေအပါအ၀င် နိုင်ငံတ၀န်းရှိ ပြည်သူသန်းပေါင်းများစွာဟာ ကိုဗစ်ကန့်သတ်ချက်တွေနဲ့ လက်ရှိမှာရင်ဆိုင်နေရပါတယ်။
 
ဒီလို ကိုဗစ်-၁၉ဆိုင်ရာ ကန့်သတ်မှုတွေ ပိုမိုလုပ်ဆောင်လာမှုကြောင့် တရုတ်နိုင်ငံရှိ နိုင်ငံတကာကုမ္ပဏီတွေဟာလည်း သူတို့ရဲ့လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေတွေကြုံတွေ့နေရပါတယ်။
 
လုပ်ငန်းများရပ်ဆိုင်းထားရတဲ့ နိုင်ငံတကာ ကုမ္ပဏီများထဲမှာ တိုယိုတာ၊ ဗောက်၀က်စ်ဂွန် နဲ့ အက်ပဲအတွက် စမတ်ဖုန်းအစိတ်အပိုင်းတွေထုတ်လုပ်ပေးတဲ့ ဖော့စ်ကွန်း ကုမ္ပဏီတို့လည်း ပါ၀င်နေပါတယ်။
 
ကိုဗစ်-၁၉ ဆိုင်ရာလော့ခ်ဒေါင်းချမှတ်ခြင်းတွေကြောင့် အရေးပါသောထောက်ပံ့ရေး ကွင်းဆက်တွေပြတ်တောက်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုများလည်း လက်ရှိမှာတိုးပွားလာနေပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW