နော်ဝေမှာ နေတိုးအဖွဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေ

အော်စလို၊ မတ်-၁၈-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုပြုနေပြီး တင်းမာမှုတွေမြင့်တက်နေချိန်မှာ နေတိုးအဖွဲ့၀င်နိုင်ငံတွေဟာ နော်ဝေမှာ အကြီးစားစစ်ရေးလေ့ကျင့်နေကြပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်ခန်းမှာ အဖွဲ့၀င်နိုင်ငံ ၂၇ နိုင်ငံက တပ်ဖွဲ့၀င်ပေါင်းသုံးသောင်းပါ၀င်နေပါတယ်။

ဒါ့အပြင် နေတိုးအဖွဲ့၀င်နိုင်ငံမဟုတ်တဲ့ ဆွီဒင်နဲ့ဖင်လန်တို့မှ တပ်ဖွဲ့၀င်တွေလည်း ပါ၀င်လေ့ကျင့်နေပြီး ဧပြီ ၁ ရက်နေ့မှာ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးမှာဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ နော်ဝေနိုင်ငံကို တိုက်ခိုက်ခံရတဲ့ပုံစံမျိုး ပုံစံတူလေ့ကျင့်ခဲ့ပြီး ပြင်သစ်၊ စပိန်နဲ့ ပိုလန်တို့မှ တပ်ဖွဲ့၀င်တွေဟာ နော်ဝေတောင်ပိုင်း အခြေစိုက်စခန်းမှာ အလျင်အမြန်တုံ့ပြန်မှုလေ့ကျင့်မှုတွေမှာ ပါ၀င်ခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို ၂၀၀၆ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီး ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှုနဲ့ တိုက်ရိုက်ဆက်စပ်မှုမရှိကြောင်း နော်ဝေစစ်ဘက်က ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် နေတိုးစစ်ရေးကော်မတီဥက္ကဌ ဗိုလ်ချုပ်ကြီး Rob Bauer ကတော့ အဆိုးဆုံးအတွက်ပြင်ဆင်ထားပြီး မမျှော်လင့်ထားတာတွေကို မျှော်လင့်ထားဖို့ ခုချိန်မှာ အရေးကြီးတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:NHK
Photo:Getty Images
#voiceofmyanmar #VOM #အော်စလို

Related posts

Leave a Comment

VOM News

FREE
VIEW