ရန်ကုန်မှာ လျှပ်စစ်မီးကို လေးနာရီခြားတစ်ခါ အလှည့်ကျပဲ မီးရတော့မယ်လို့ EPC ကကြေညာ

မတ် ၁၉-၂၀၂၂ KK(VOM) ရန်ကုန်တိုင်းက ခရိုင်လေးခုမှာ လျှပ်စစ်မီးကို တစ်ရက်လျှင် လေးနာရီကြားတစ်ခါပဲ မီးအလှည့်ကျပေးတော့မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်က ခရိုင်လေးခုကို ခရိုင်အလိုက် အုပ်စုနှစ် ခုခွဲပြီး မနေ့ မတ်လ ၁၈ ရက်နေ့ကစတင်ကာ ၄ နာရီခြား တစ်ခါ အလှည့်ကျစနစ် ပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြောက်ပိုင်းခရိုင်ထဲမှာ ပါဝင်တဲ့ လှိုင်သာယာမြို့နယ်နေသူတဦးက “မနက်က ပျက်ရင် ညနေမှလာတယ်၊ တစ်ခါတစ်လေ လာတယ် ပြန်ပျက်သွားတယ်”လို့ ပြောပါတယ်။ အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်နေသူတဦးက”ငမိုးရိပ် စံပြဘက် အရမ်းမီးပျက်တယ်၊ တောရုံဆိုမပြောပါဘူး သူများတွေလို ၄နာရီမလာဘူး မနက် ၁၀​ နာရီကနေ ညအထိ တစ်ညလုံးမလာဘူး၊ လာတော့လည်း မိနစ်လောက်ပဲ လာပေးပြီး ပြန်ပျက် ၊ သူများတွေ မေးကြည့်တော့ ပျက်တော့ ပျက်ကြတယ် ဒါပေမယ့် ကိုယ်တွေလောက်…

Read More

နွေမှာ အေးတဲ့မွှေးတဲ့ ကုသိုလ်တော်က သစ်ရွှက်သနပ်ခါး

မတ် ၁၈- ၂၀၂၂ Voice Of Myanmar ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးလို့ လူသိများတဲ့ မန္တလေးတောင်ခြေက ကုသိုလ်တော်ဘုရားကို ဘုရားဖူးလာကြတဲ့ အမျိုးသမီးအတော်များများက သစ်ရွက်ပုံစံသနပ်ခါးလိမ်းပြီးတော့ ဓာတ်ပုံရိုက်ရတာကို နှစ်သက်ကြပါတယ်။ အဲ့ဒီ သစ်ရွက်ပုံစံသနပ်ခါးလိမ်းတဲ့ ဓလေ့ကတော့ ကိုသိုလ်တော်မှာဆိုရင် ဆယ်စုနှစ်တစ်ခုကျော်လာခဲ့ပြီဖြစ်ပါတယ်။ သစ်ရွက်ပုံစံ သနပ်ခါးလိမ်းချယ်ပေးတဲ့ အမျိုးသမီးငယ်တွေကတော့ ကိုသိုလ်တော်ဘုရားမှာ ၁၅ ဦးထက်မနည်းရှိသလို သနပ်ခါးလိမ်းချယ်ပေးရတဲ့အနေနဲ့ အခကြေးငွေ သတ်မှတ်ထားတာမရှိပေမယ့် စေတနာရှိသလို မုန့်ဖိုးပေးလို့ရတယ်လို့ သိရပါတယ်။ သနပ်ခါးလိမ်းချယ်တဲ့ ဓလေ့ကတော့ မြန်မာလူမျိုးတွေအတွက် ရှေးအရင်ကတည်းက အစဥ်အလာတစ်ခုအနေနဲ့ရှိခဲ့တာဖြစ်သလို ကုသိုလ်တော်ဘုရားကို ရောက်ရင် မွှေးလည်းမွှေး အေးလည်းအေးတဲ့ ရိုးရာသနပ်ခါးကို လိမ်းနိုင်ကြောင်း VOM သတင်းထောက် ကိုရှိုင်းအောင်က တင်ဆက်ထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #ကုသိုလ်တော် #သနပ်ခါး YouTube Link – https://youtu.be/6Su1hh5t0N8

Read More

မုံးကိုးမြို့ပေါ်က စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာ ခက်ခဲနေတဲ့အပြင် လူဦးရေ ထပ်တိုးလာ

မတ် ၁၈၊ ၂၀၂ဝ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မုံးကိုးမြို့ပေါ်က စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာ ခက်ခဲလာတဲ့အပြင် လူဦးရေပါ ထပ်တိုးလာတယ်လို့ စစ်ရှောင်စခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လကုန်ပိုင်းက ရှောင်တိမ်းလာခဲ့ကြပေမယ့် အချို့က စစ်ရှောင်စခန်းဘက် လာရောက်ရှောင်တိမ်း ခိုလှုံတာမဟုတ်ဘဲ အချိန်ခဏတာ ကြာမယ်လို့ထင်ကာ အသိဆွေမျိုးအိမ်တွေနဲ့ နေအိမ်တွေ ငှားရမ်းနေထိုင်ကြပြီး အချိန်ကြာလာတာနဲ့အမျှ ပိုခက်ခဲလာတာကြောင့် စစ်ရှောင်စခန်းဘက်ကို ပြန်လည် ခိုလှုံလာကြတာဖြစ်တယ်လို့ စစ်ရှောင်စခန်းတွေကို ကူညီပေးနေသူ ဒေသခံ ၁ ဦးက ပြောပါတယ်။ “အစောကတည်းကတော့ ရှောင်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ ရှာဖွေစားသောက်ရတာ အဆင်မပြေလာကြလို့ စစ်ရှောင်စခန်းမှာ လူဦးရေစာရင်းတိုးလာတယ်။ အိမ်ခြေ အားလုံး ၁၇၀ ဝန်းကျင်လောက် ပြောင်းလာတယ်။ လူဦးရေ ၇၀၀ ကျော်သွားပြီ။”လို့…

Read More

NLD ပါတီဝင် ၆၀၀ ကျော် ဖမ်းခံထားရကြောင်း ပါတီကထုတ်ပြန်

မတ် ၁၈-၂၀၂၂ KK(VOM) NLDပါတီဝင် ၆၀၀ကျော် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုကော်မတီက ဒီကနေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစတင်ကာ ၂၀၂၂ခုနှစ် မတ်လ ၁၄ နေ့အထိ နိုင်ငံတစ်ဝှမ်း ဖမ်းဆီးခံရသူ ၁၃၀၀၀ ရှိတဲ့အထဲမှာ NLD ပါတီဝင် ၈၃၂ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၁၇၁ဦးရှိတယ်လို့ NLD ပါတီလူ့အခွင့်အရေးချိုးဖောက်မှုများမှတ်တမ်းကောက်ယူရေးအဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။ လက်တလောမှာ တရားစွဲဆိုခံထားရတဲ့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဒုတိယဥက္ကဌတွေဖြစ်တဲ့ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင် အပါအဝင် ၆၄၅ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာတော့ လွှတ်တော်ကိုယ်စားလှယ် ၁၀၇ဦးပါဝင်ပြီး ပြန်လည်လွတ်မြောက်လာသူ ၁၄ဦးရှိကာ ကျန်၉၂ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနဲ့ ပါတီဝင် စုစုပေါင်း(၁၆)ဦး ကွယ်လွန်ခဲ့တယ်လို့…

Read More

အာဆီယံအထူးသံတမန် လာမယ့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံလာမည်

ဖနွမ်းပင်၊ မတ်-၁၈-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ဟာ လာမယ့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်မယ်လို့ အာဆီယံအလှည့်ကျဖြစ်တဲ့ ကမ္ဘောဒီယားက မတ် ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံခြားရေး၀န်ကြီးနဲ့ အာဆီယံအထူးသံတမန်ဖြစ်သူ ပရက်ဆိုခွန်ဟာ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပဋိပက္ခတွေအဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တို့အတွက် ကြိုးစားအားထုတ်သွားဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် အာဆီယံခေါင်းဆောင်တွေနဲ့ သဘောတူထားတဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ နစကဥက္ကဌ ကို အာဆီယံအထူးသံတမန်က တိုက်တွန်းဖို့ဆန္ဒရှိနေပါတယ်။ အာဆီယံအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကကျင်းပတဲ့ ဒေသတွင်းထိပ်သီးအစည်းအဝေးတွေမှာ ချန်လှပ်ထားခဲ့ပြီး အာဆီယံအထူးသံတမန်ကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါ၀င်တဲ့အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံခွင့်ပေးရေးအပါအ၀င် အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်မဖော်မချင်း ဒီမူဝါဒကို ဆက်လက်ကျင့်သုံးဖို့ အဖွဲ့၀င်နိုင်ငံအတော်များများက တောင်းဆိုခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါ၀င်နေတဲ့အဖွဲ့အစည်းအားလုံး အစွမ်းကုန်ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့အပါအ၀င် အကြမ်းဖက်မှုတွေအဆုံးသတ်ရေး ကောင်းမွန်တဲ့အခြေအနေတစ်ရပ်ဖန်တီးဖို့ရည်ရွယ်တဲ့ အထူးသံတမန်ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချွမ်ဆိုနရီက ရိုက်တာကိုပြောပါတယ်။…

Read More

အမေရိကန်-အာဆီယံ အစည်းအဝေးကျင်းပမယ့်အချိန် ညှိနှိုင်းနေတယ်လို့ အိမ်ဖြူတော် ထုတ်ပြန်

၀ါရှင်တန်၊ မတ်-၁၈-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်-အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ့် နေ့ရက်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုနေကြောင်း အိမ်ဖြူတော်က မတ် ၁၇ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲဒီအစည်းအဝေးကို မတ်လ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ ကျင်းပဖို့ မူလကစီစဉ်ထားကြောင်း အိမ်ဖြူတော်က ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့ပေမယ့် သတ်မှတ်ထားတဲ့နေ့မှာ အာဆီယံခေါင်းဆောင်တွေအားလုံး တက်ရောက်နိုင်ခြင်း မရှိတာကြောင့် ဆွေးနွေးပွဲကို အာဆီယံအလှည့်ကျ ကမ္ဘောဒီးယားက ယခုလအစောပိုင်းမှာ ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။ ဖိတ်ကြားထားတဲ့ အာဆီယံခေါင်ဆောင်အားလုံး ပါ၀င်နိုင်စေဖို့အတွက် ဒီအစည်းအဝေးကျင်းပမယ့် သင့်တော်တဲ့ နေ့ရက်အချိန်ကို အာဆီယံမိတ်ဖက်တွေနဲ့ အနီးကပ်ဆွေးနွေးညှိနှိုင်းနေတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုပါတယ်။ အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲဟာ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ အာဆီယံနဲ့ထိတွေ့ဆက်ဆံရေးကို မြှင့်တင်တည်ဆောက်ဖို့ အမေရိကန်ရဲ့ အားထုတ်မှု တစိတ်တပိုင်းအဖြစ် ရှုမြင်နေကြပါတယ်။ အစည်းအဝေးကို ယခုနှစ်အစောပိုင်းကတည်းက…

Read More

နော်ဝေမှာ နေတိုးအဖွဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေ

အော်စလို၊ မတ်-၁၈-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုပြုနေပြီး တင်းမာမှုတွေမြင့်တက်နေချိန်မှာ နေတိုးအဖွဲ့၀င်နိုင်ငံတွေဟာ နော်ဝေမှာ အကြီးစားစစ်ရေးလေ့ကျင့်နေကြပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်ခန်းမှာ အဖွဲ့၀င်နိုင်ငံ ၂၇ နိုင်ငံက တပ်ဖွဲ့၀င်ပေါင်းသုံးသောင်းပါ၀င်နေပါတယ်။ ဒါ့အပြင် နေတိုးအဖွဲ့၀င်နိုင်ငံမဟုတ်တဲ့ ဆွီဒင်နဲ့ဖင်လန်တို့မှ တပ်ဖွဲ့၀င်တွေလည်း ပါ၀င်လေ့ကျင့်နေပြီး ဧပြီ ၁ ရက်နေ့မှာ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးမှာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ နော်ဝေနိုင်ငံကို တိုက်ခိုက်ခံရတဲ့ပုံစံမျိုး ပုံစံတူလေ့ကျင့်ခဲ့ပြီး ပြင်သစ်၊ စပိန်နဲ့ ပိုလန်တို့မှ တပ်ဖွဲ့၀င်တွေဟာ နော်ဝေတောင်ပိုင်း အခြေစိုက်စခန်းမှာ အလျင်အမြန်တုံ့ပြန်မှုလေ့ကျင့်မှုတွေမှာ ပါ၀င်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို ၂၀၀၆ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီး ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှုနဲ့ တိုက်ရိုက်ဆက်စပ်မှုမရှိကြောင်း နော်ဝေစစ်ဘက်က ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် နေတိုးစစ်ရေးကော်မတီဥက္ကဌ ဗိုလ်ချုပ်ကြီး Rob Bauer ကတော့ အဆိုးဆုံးအတွက်ပြင်ဆင်ထားပြီး မမျှော်လင့်ထားတာတွေကို မျှော်လင့်ထားဖို့ ခုချိန်မှာ အရေးကြီးတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:NHK Photo:Getty…

Read More

၂၀၂၂ ခုနှစ် (၂)လတာအတွင်း မြန်မာနိူင်ငံတဝန်း မီးလောင်မှု ၄၀၀ ကျော်နဲ့ သိန်း၁၄၀၀ ကျော် ဆုံးရှုံးမှုရှိနေ

မတ် ၁၈-၂၀၂၂ KK(VOM) ၂၀၂၂ ခုနှစ် (၂)လတာကာလအတွင်း မြန်မာနိူင်ငံတဝန်း မီလောင်မှုအကြိမ်ရေ ၄၀၀ ကျော်ရှိပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ သိန်း ၁၄၀၀ ကျော်ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သိရပါတယ်။ ” မြန်မာနိူင်ငံတဝန်း တစ်နေ့ကို မီးလောင်မှုအနည်းဆုံး ၅ ကြိမ်ကနေ ၁၀ ကြိမ်အထက်ရှိနေတယ်၊ ပေါ့ဆမီးအများဆုံးဖြစ်တယ်၊ ရေအခက်အခဲနဲ့ ပူးပေါင်းပါ၀င်မှုအားနည်းတာကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်နေရတယ်”လို့ မီးသတ်ဦးစီးဌာနမှ ညွန်ကြားရေးမှူးတဦးက VOM ကို ပြောပါတယ်။ မီးငြိမ်းသတ်နိုင်ဖို့နဲ့ အလွယ်တကူ ရေရရှိနိုင်ဖို့အတွက် ယခင်က မြို့ပြစနစ်တွေမှာ မီးသတ်ရေငုပ်တွေကို ထည့်သွင်းတည်ဆောက်ခဲ့​ပေမယ့် ယခုအခါ လျော့န ည်းလာတယ်လို့ ညွန်ကြားရေးမှူးကရှင်းပြပါတယ်။ မြန်မာနိုင်ငံတဝန်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ မီးလောင်မှု၁၅၀ ကြိမ်နဲ့ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၄၄၇ သန်းရှိခဲ့ပြီး ဖေဖော်ဝါရီလမှာတော့ မီးလောင်မှု ၂၅၄ ကြိမ်ဖြစ်ပွားခဲ့ပြီးဆုံးရှုံးမှုတန်ဖိုး…

Read More
VOM News

FREE
VIEW