ရန်ကုန်မှာ လျှပ်စစ်မီးကို လေးနာရီခြားတစ်ခါ အလှည့်ကျပဲ မီးရတော့မယ်လို့ EPC ကကြေညာ

မတ် ၁၉-၂၀၂၂
KK(VOM)

ရန်ကုန်တိုင်းက ခရိုင်လေးခုမှာ လျှပ်စစ်မီးကို တစ်ရက်လျှင် လေးနာရီကြားတစ်ခါပဲ မီးအလှည့်ကျပေးတော့မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်က ခရိုင်လေးခုကို ခရိုင်အလိုက် အုပ်စုနှစ်
ခုခွဲပြီး မနေ့ မတ်လ ၁၈ ရက်နေ့ကစတင်ကာ ၄ နာရီခြား တစ်ခါ အလှည့်ကျစနစ် ပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြောက်ပိုင်းခရိုင်ထဲမှာ ပါဝင်တဲ့ လှိုင်သာယာမြို့နယ်နေသူတဦးက “မနက်က ပျက်ရင် ညနေမှလာတယ်၊ တစ်ခါတစ်လေ လာတယ် ပြန်ပျက်သွားတယ်”လို့ ပြောပါတယ်။

အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်နေသူတဦးက”ငမိုးရိပ် စံပြဘက် အရမ်းမီးပျက်တယ်၊ တောရုံဆိုမပြောပါဘူး သူများတွေလို ၄နာရီမလာဘူး မနက် ၁၀​ နာရီကနေ ညအထိ တစ်ညလုံးမလာဘူး၊ လာတော့လည်း မိနစ်လောက်ပဲ လာပေးပြီး ပြန်ပျက် ၊ သူများတွေ မေးကြည့်တော့ ပျက်တော့ ပျက်ကြတယ် ဒါပေမယ့် ကိုယ်တွေလောက် မပျက်ဘူး”လို့ ပြောပါတယ်။

အုပ်စု၂ခု ခွဲပြီး ၄ နာရီခြားတစ်ခါ အလှည့်ကျစနစ် ပေးသွားမှာဖြစ်ပြီး စက်မှုဇုန်တွေကိုတော့ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ မီးပေးထားတယ်လို့ သိရပါတယ်။

အလှည့်ကျမီးပေးစနစ်လို့ပြောပေမယ့် လက်တလော အခြေအနေထိ စက်မှုဇုန်တွေလည်း ​မီးအချိန်ကြာ ပြတ်တောက်မှုတွေရှိနေတယ်လို့ ရွှေပေါက်ကံစက်မှုဇုန်မှာ နေထိုင်သူတဦးက ပြောပါတယ်။

ရန်ကုန်တိုင်းကို ခရိုင်လေးခု မြို့နယ် ၄၅ မြို့နယ် မြို့ ၂၀ ရပ်ကွက် ၇၄၃ နဲ့ ကျေးရွာအုပ်စု ၆၁၉ စု နဲ့ ကျေးရွာ ၂၁၆၁ ရွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အလှည့်ကျမီးပေးမယ်

Related posts

Leave a Comment

VOM News

FREE
VIEW