နွေမှာ အေးတဲ့မွှေးတဲ့ ကုသိုလ်တော်က သစ်ရွှက်သနပ်ခါး

မတ် ၁၈- ၂၀၂၂
Voice Of Myanmar

ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးလို့ လူသိများတဲ့ မန္တလေးတောင်ခြေက ကုသိုလ်တော်ဘုရားကို ဘုရားဖူးလာကြတဲ့ အမျိုးသမီးအတော်များများက သစ်ရွက်ပုံစံသနပ်ခါးလိမ်းပြီးတော့ ဓာတ်ပုံရိုက်ရတာကို နှစ်သက်ကြပါတယ်။

အဲ့ဒီ သစ်ရွက်ပုံစံသနပ်ခါးလိမ်းတဲ့ ဓလေ့ကတော့ ကိုသိုလ်တော်မှာဆိုရင် ဆယ်စုနှစ်တစ်ခုကျော်လာခဲ့ပြီဖြစ်ပါတယ်။

သစ်ရွက်ပုံစံ သနပ်ခါးလိမ်းချယ်ပေးတဲ့ အမျိုးသမီးငယ်တွေကတော့ ကိုသိုလ်တော်ဘုရားမှာ ၁၅ ဦးထက်မနည်းရှိသလို သနပ်ခါးလိမ်းချယ်ပေးရတဲ့အနေနဲ့ အခကြေးငွေ သတ်မှတ်ထားတာမရှိပေမယ့် စေတနာရှိသလို မုန့်ဖိုးပေးလို့ရတယ်လို့ သိရပါတယ်။

သနပ်ခါးလိမ်းချယ်တဲ့ ဓလေ့ကတော့ မြန်မာလူမျိုးတွေအတွက် ရှေးအရင်ကတည်းက အစဥ်အလာတစ်ခုအနေနဲ့ရှိခဲ့တာဖြစ်သလို ကုသိုလ်တော်ဘုရားကို ရောက်ရင် မွှေးလည်းမွှေး အေးလည်းအေးတဲ့ ရိုးရာသနပ်ခါးကို လိမ်းနိုင်ကြောင်း VOM သတင်းထောက် ကိုရှိုင်းအောင်က တင်ဆက်ထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကုသိုလ်တော် #သနပ်ခါး

YouTube Link – https://youtu.be/6Su1hh5t0N8

Related posts

Leave a Comment

VOM News

FREE
VIEW