NLD ပါတီဝင် ၆၀၀ ကျော် ဖမ်းခံထားရကြောင်း ပါတီကထုတ်ပြန်

မတ် ၁၈-၂၀၂၂
KK(VOM)

NLDပါတီဝင် ၆၀၀ကျော် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုကော်မတီက ဒီကနေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစတင်ကာ ၂၀၂၂ခုနှစ် မတ်လ ၁၄ နေ့အထိ နိုင်ငံတစ်ဝှမ်း
ဖမ်းဆီးခံရသူ ၁၃၀၀၀ ရှိတဲ့အထဲမှာ NLD ပါတီဝင်
၈၃၂ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၁၇၁ဦးရှိတယ်လို့ NLD ပါတီလူ့အခွင့်အရေးချိုးဖောက်မှုများမှတ်တမ်းကောက်ယူရေးအဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

လက်တလောမှာ တရားစွဲဆိုခံထားရတဲ့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဒုတိယဥက္ကဌတွေဖြစ်တဲ့ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင် အပါအဝင် ၆၄၅ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာတော့ လွှတ်တော်ကိုယ်စားလှယ် ၁၀၇ဦးပါဝင်ပြီး ပြန်လည်လွတ်မြောက်လာသူ ၁၄ဦးရှိကာ ကျန်၉၂ ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနဲ့ ပါတီဝင် စုစုပေါင်း(၁၆)ဦး ကွယ်လွန်ခဲ့တယ်လို့ မှတ်တမ်းကောက်ယူရေးအဖွဲ့က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။

ဒါ့အပြင် NLDပါတီမှ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပါတီဝင်တွေကို ပုဒ်မ ၅၀၅ အပါအဝင် အခြားပုဒ်မတွေနဲ့ တရားစွဲဆိုထားစဥ်မှာ ကိုယ်စားလှယ် ၉၃ ဦးရဲ့ နေအိမ်တွေကိုလည်း ချိတ်ပိတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ရန်ကုန်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးနေအိမ်နဲ့ ပါတီဝင်တစ်ဦး နေအိမ်တွေလည်း ချိတ်ပိတ်ခံခဲ့ရပါတယ်။

“ပြီးခဲ့တဲ့လတွေကပဲ ရန်ကုန်မှာ ဆက်တိုက်ဆိုသ
လို ချိတ်ပိတ်တာရှိတယ်၊ အလုံ၊မရမ်းကုန်း၊တောင်
ဥက္ကလာဘက်မှာ “လို့ NLD ပါတီဝင်တစ်ဦးက ပြော
ပါတယ်။

လက်တလော မြန်မာနိုင်ငံမှာ လွှတ်တော်ကိုယ်စားလှယ် ၉၃ ဦးနဲ့ ပါတီဝင် ၆၀ဦးတို့ရဲ့ နေအိမ် ၁၆၂ လုံးကို ချိတ်ပိတ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#voiceofmyanmar #VOM #NLD #ပါတီဝင်၆၀၀ကျော် #ဖမ်းခံထားရကြောင်းထုတ်ပြန်

Related posts

Leave a Comment

VOM News

FREE
VIEW