တောင်ကိုရီးယားရဲ့ အိမ်ပြာတော်ဟာ နိမိတ်မကောင်းလို့ဆိုပြီး သမ္မတသစ် ယောင်ဆက်ယို ရုံးမထိုင်ဘဲ နေရာပြောင်း

ဆိုးလ်၊ မတ်၂၀
မျိုးဆက်၊ (VOM)

တောင်ကိုရီးယားရွေးကောက်ခံသမ္မတ ယောင်ဆက်ယိုဟာ ဆယ်စုနှစ်များစွာအစဉ်အလာကိုချိုးဖောက်ပြီး သမ္မတရုံးကိုအိမ်ပြာတော်ကနေ ကာကွယ်ရေးဝန်ကြီးဌာနသို့ပြောင်းရွေ့သွားမှာဖြစ်ကြောင်းမတ်၂၀ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဲဒီလိုသမ္မတ ရုံးပြောင်းရွေ့မှုအတွက်ခန့်မှန်းချေဒေါ်လာသန်း၄၀ကုန်ကျမှာဖြစ်ပါတယ်။

မတ်၉ရက်ရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေကို ပွတ်ကာသီကာ အနိုင်ရရှိခဲ့တဲ့ ယောင်ဆက်ယိုဟာသွားရေးလာရေးပိုမိုလွယ်ကူစေဖို့ရုံးခန်းပြောင်းရွေ့ဖို့စီစဉ်တာဖြစ်ပြီး ဆိုးလ်ရှိအိမ်ပြာတော်ကိုအများပြည်သူကြည့်ရှုလေ့လာနိုင်ရန်ဖွင့်လှစ်ထားယ်လို့ကတိပြုထားပါတယ်။

သူရဲ့တရာဝင်နေအိမ်ကိုစီးပွားရေးနဲ့သံတမန်ရက်ကွက်ဖြစ်တဲ့ဟန်နမ်ဒါင်ကိုပြောင်းရွေ့သွားမယ်လို့ဆိုပါတယ်။

အိမ်ပြာတော်မှာရုံးမထိုင်ပဲရုံးခန်းသစ်ပြောင်းရွေ့မှုအပေါ်တောင်ကိုရီးယားပြည်သူတွေရဲ့အကောင်းအဆိုးဝေဖန်မှုတွေရှိနေပါတယ်။

အဲ့လိုပြောင်းရွေ့တာဟာတရုတ်နိုင်ငံကအစပြုခဲ့တဲ့ဖုန်းရွှေပညာရဲ့လွှမ်းမိုးမှုခံနေရတယ်လို့အတိုက်အခံဒီမိုကရက်တစ်ပါတီမှတာဝန်ရှိသူတွေကဝေဖန်ပြောဆိုထားပါတယ်။

အိမ်ပြာတော်ရဲ့လက်ရှိတည်နေရာဟာ နိမိတ်မကောင်းကြောင်း ဖုန်းရွှေပညာရှင်တွေက ​ေပြာကြားထားပါတယ်။

နိုင်ငံရဲ့၂၅နှစ်ကြာကာလအတွင်းအိမ်ပြာတော်မှာရုံးထိုင်ခဲ့တဲ့သမ္မတ ခြောက်ဉီးအနက်လေးဉီးမှာထောင်ကျခြင်းသို့မဟုတ်
ကိုယ်ကိုကိုယ်သတ်သေခြင်းများဖြစ်ပွားခဲ့တယ်။

အခုလိုရုံးခန်းပြောင်းရွေ့စီစဉ်တာဟာအဲ့ဖြစ်စဉ်တွေကြောင့်မဟုတ်ဘူးလို့ ယောင်ဆက်ယိုရဲ့ကိုယ်စားလှယ်တွေကပြောပါတယ်။

Ref: Reuters
Photo: Reuters

#voiceofmyanmar #VOM #တောင်ကိုရီးယားသမတ #အိမ်ပြာတော် #ယောင်ဆက်ယို

Related posts

Leave a Comment

VOM News

FREE
VIEW