ယူဘီအေ … ဗထူးမှသည်

ဆူးငှက် မန္တလေးကို ၁၈၈၅ ခု နိုဝင်ဘာလတွင် အင်္ဂလိပ်က သိမ်းယူပြီးနောက် ၁၈၈၅ ခု ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကော်မရှင်နာမင်းကြီး မရူတာအားနဒ်က မြို့ပြအုပ်ချုပ်ရေးလက်သို့ လွှဲပြောင်းယူပြီး ဒဗြူတီကော်မရှင်နာ လက်အောက်တွင် ထားလိုက်သည်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် အထက်မြန်မာပြည်သည် ဗြိတိသျှပိုင် နိင်ငံတစ်စိတ်တစ်ဒေသဖြစ်သည်ဟု ဘုရင်ခံချုပ်ကကြညာသည်။ ၁၈၈၇ ခုနှစ်တွင် မန္တလေးမြူနီစီပယ်ကိုဖွဲ့ကာ မြို့ပြကိစ္စများဆောင်ရွက်သည်။ ၁၈၈၉ ခု မတ်လ ၁ ရက်နေ့တွင် ရန်ကုန်မှ မန္တလေးသို့ ၃၈၆ မိုင်ရှည် မီးရထားလမ်းကို ဖောက်လုပ်ဖွင့်လှစ်ခဲ့သည်။ ဆိုလိုသည်က အင်္ဂလိပ်သိမ်းပိုက်ပြီးနောက် ဆက်တိုက်ဆိုသလို မြို့ပြဆိုင်ရာ အစီအမံများအားလုံး တစ်ခုပြီးတစ်ခု ဆက်တိုက်စီစဉ် အုပ်စီးလာသည်ကို ပြောလိုခြင်းဖြစ်၏။ အုပ်ချုပ်မှုယန္တယားကြီးအားလုံး ထိန်းချုပ်ပြီးပြီ။ ထိုယန္တယားကြီးလည်ပတ်မှုက မန္တလေးမြို့ပေါ်မှာ အထိုက်အလျောက်အဆင်ပြေနေပြီ။ ထိုစဉ် ထိုကာလ ၁၈၉၀…

Read More

ဧရာဝတီတိုင်းမှာ အာစနီမုန်တိုင်း ဝင်ရောက်မယ်ဆိုတဲ့ သတင်းကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေ

မတ် ၂၀-၂၀၂၂ KK(VOM) အာစနီမုန်တိုင်း မြန်မာနိုင်ငံကို ဝင်မယ်ဆိုတဲ့သတင်းတွေကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ပြီး နောက်ပိုင်းမှာ ဧရာဝတီတိုင်းက မြို့နယ်အချို့မှာ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ အဲ့ဒီမြို့နယ်တွေဆီက သိရပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိလာပြီး မြန်မာနိူင်ငံ ကိုကိုးကျွန်း၊ဟိုင်းကြီးကျွန်းနဲ့ရခိုင်ကမ်းရိုတန်းကို ရောက်ရှိနိူင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီဌာနက ထုတ်ပြန်ထားပါတယ်။ နာဂစ်မုန်တိုင်းမှာ လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ လပွတ္တာမြို့နယ်မှာတော့ ကြိုတင်ပြင်ဆင်မှုတွေ၊ မုန်တိုင်းနဲ့ပတ်သက်တဲ့ အသိပေးနှိုးဆော်တာတွေ ပြုလုပ်နေပြီး ဆောင်ရန်ရှောင်ရန်တွေကို မီးသတ်၊ ကြက်ခြေနီအဖွဲ့နဲဲဒေသခံတွေ ပူးပေါင်းကာ သတိပေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။ “မကြုံဖူးတဲ့လူက မသိဘူး၊ နာဂစ်မှာ လူသိန်းနဲ့ချီ သေထားတာဆိုတော့ အခုဆို နေရင်းထိုင်ရင်း လန့်နေတယ်”လို့ သူကပြောပါတယ်။ ​မျှော်မှန်းမရနိုင်တဲ့ ဘေးအန္တရာယ်တွေဖြစ်ပေါ်လာပါက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးမှုနည်းပါးစေဖို့အတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို အခုလိုကြိုတင်လုပ်ဆောင်ရတယ်ဖြစ်တယ်လို့ ဒေးဒရဲမြို့နယ် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ “ဆက်တိုက်လေကျင့်တာတွေ အချိန်တိုတိုအတွင်း…

Read More

အမ်းမြို့မှာ လူနေအိမ် ၁၈ လုံးမီးလောင်ပြီး မီးဘေးဒုက္ခသည် ၆၀ နီးပါး အကူညီတွေလိုအပ်နေ

မတ် ၂၀- ၂၀၂၂ SW (VOM) ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ် (၃) စျေးရပ်ကွက်မှာ ဒီနေ့ နေ့လယ်၂ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၈ လုံး မီးလောင်ကာ မီးဘေး ဒုက္ခသည် ၆၀ နီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ အဲဒီ မီးဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ အဝတ်အထည်နဲ့ ရေ အကူအညီတွေလိုအပ်နေတယ်လို့ လူမှုရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။ အမ်းမြို့ပေါ်က လူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ဦးသန်းချိုက” မီးဘေးဒုက္ခသည်တွေကိုတော့ ဦးဥတ္တမကုန်းအနီးက ဓမ္မရက္ခိတ ဓမ္မာရုံမှာ ယာယီနေနိုင်ဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက စီစဥ်ပေးထားပါတယ်။ လောလောဆယ်မှာတော့ သူတို့အတွက် စားနပ်ရိက္ခာနဲ့ အဝတ်အထည် အဓိကလိုအပ်နေပါတယ်” လို့ ပြောပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး အမ်းမြို့နယ် မီးသတ်ဦးစီးမှူးက “ကျနော်တို့ အခုတော့ မီးကြွင်းမီးကျန်တွေကို ငြိမ်းနေတုန်းပဲ ရှိပါသေးတယ်။ ဆုံးရှုံးမှုတန်ဖိုးတော့မသိရသေးပါဘူး။…

Read More

တောင်ကိုရီးယားရဲ့ အိမ်ပြာတော်ဟာ နိမိတ်မကောင်းလို့ဆိုပြီး သမ္မတသစ် ယောင်ဆက်ယို ရုံးမထိုင်ဘဲ နေရာပြောင်း

ဆိုးလ်၊ မတ်၂၀ မျိုးဆက်၊ (VOM) တောင်ကိုရီးယားရွေးကောက်ခံသမ္မတ ယောင်ဆက်ယိုဟာ ဆယ်စုနှစ်များစွာအစဉ်အလာကိုချိုးဖောက်ပြီး သမ္မတရုံးကိုအိမ်ပြာတော်ကနေ ကာကွယ်ရေးဝန်ကြီးဌာနသို့ပြောင်းရွေ့သွားမှာဖြစ်ကြောင်းမတ်၂၀ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲဒီလိုသမ္မတ ရုံးပြောင်းရွေ့မှုအတွက်ခန့်မှန်းချေဒေါ်လာသန်း၄၀ကုန်ကျမှာဖြစ်ပါတယ်။ မတ်၉ရက်ရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေကို ပွတ်ကာသီကာ အနိုင်ရရှိခဲ့တဲ့ ယောင်ဆက်ယိုဟာသွားရေးလာရေးပိုမိုလွယ်ကူစေဖို့ရုံးခန်းပြောင်းရွေ့ဖို့စီစဉ်တာဖြစ်ပြီး ဆိုးလ်ရှိအိမ်ပြာတော်ကိုအများပြည်သူကြည့်ရှုလေ့လာနိုင်ရန်ဖွင့်လှစ်ထားယ်လို့ကတိပြုထားပါတယ်။ သူရဲ့တရာဝင်နေအိမ်ကိုစီးပွားရေးနဲ့သံတမန်ရက်ကွက်ဖြစ်တဲ့ဟန်နမ်ဒါင်ကိုပြောင်းရွေ့သွားမယ်လို့ဆိုပါတယ်။ အိမ်ပြာတော်မှာရုံးမထိုင်ပဲရုံးခန်းသစ်ပြောင်းရွေ့မှုအပေါ်တောင်ကိုရီးယားပြည်သူတွေရဲ့အကောင်းအဆိုးဝေဖန်မှုတွေရှိနေပါတယ်။ အဲ့လိုပြောင်းရွေ့တာဟာတရုတ်နိုင်ငံကအစပြုခဲ့တဲ့ဖုန်းရွှေပညာရဲ့လွှမ်းမိုးမှုခံနေရတယ်လို့အတိုက်အခံဒီမိုကရက်တစ်ပါတီမှတာဝန်ရှိသူတွေကဝေဖန်ပြောဆိုထားပါတယ်။ အိမ်ပြာတော်ရဲ့လက်ရှိတည်နေရာဟာ နိမိတ်မကောင်းကြောင်း ဖုန်းရွှေပညာရှင်တွေက ​ေပြာကြားထားပါတယ်။ နိုင်ငံရဲ့၂၅နှစ်ကြာကာလအတွင်းအိမ်ပြာတော်မှာရုံးထိုင်ခဲ့တဲ့သမ္မတ ခြောက်ဉီးအနက်လေးဉီးမှာထောင်ကျခြင်းသို့မဟုတ် ကိုယ်ကိုကိုယ်သတ်သေခြင်းများဖြစ်ပွားခဲ့တယ်။ အခုလိုရုံးခန်းပြောင်းရွေ့စီစဉ်တာဟာအဲ့ဖြစ်စဉ်တွေကြောင့်မဟုတ်ဘူးလို့ ယောင်ဆက်ယိုရဲ့ကိုယ်စားလှယ်တွေကပြောပါတယ်။ Ref: Reuters Photo: Reuters #voiceofmyanmar #VOM #တောင်ကိုရီးယားသမတ #အိမ်ပြာတော် #ယောင်ဆက်ယို

Read More

ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံများစာရင်းမှာ မြန်မာက အဆင့် ၁၂၆ မှာသာ ရပ်တည်နေ

နယူးယောက်၊ မတ်-၂၀-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံဟာ ကမ္ဘာ့အပျော်ရွှင်ရဆုံးနိုင်ငံများစာရင်းမှာအဆင့်၁၂၆နေရာမှာသာ ရပ်တည်နေကြောင်း ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ နိုင်ငံပေါင်း၁၄၆နိုင်ငံမှာ အဆင့်၉၄မှာ ရပ်တည်နေကြောင်း မတ်၁၉ရက်မှာ ထုတ်ပြန်တဲ့၂၀၂၂ခုနှစ် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများအစီရင်ခံစာမှာဖော်ပြထားပြီး အရင်နှစ်က အဆင့်၁၀၁မှာ ရပ်တည်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်း နီပေါက အဆင့်၈၄၊ ပါကစ္စတန်က အဆင့်၁၂၁၊ သီရိလင်္ကာက အဆင့်၁၂၇၊ အိန္ဒိယက အဆင့်၁၃၆ မှာရပ်တည်နေပါတယ်။ ဖင်လန်နိုင်ငံကတော့ ကမ္ဘာအပျော်ရွှင်ရဆုံးနိုင်ငံအဖြစ်ထိပ်ဆုံးမှာရပ်တည်နေပြီး သူ့နောက်မှာ ဒိန်းမတ်၊ အိုက်စလန်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ လူဇင်ပတ်၊ ဆွီဒင်၊ နော်ဝေး၊ အစ်စရေး၊ နယူးဇီလန်တို့ကရပ်တည်နေပါတယ်။ အာဖဂန်နစ္စတန်ဟာ ကမ္ဘာမပျော်ရွှင်ရဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံထားရပြီး သူ့နောက်မှာ လက်ဘနွန်၊ ဇင်ဘာဘွေ၊ ရဝမ်ဒါ၊ ဘော့ဆွာနာ၊ လီဆိုသို၊ ဆီယာလီယွန်၊ တို့ကအသီးသီးရပ်တည်နေပါတယ်။ Ref:BSS Photo:Getty Images #voiceofmyanmar #VOM #နယူးယောက်

Read More

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အင်အားကောင်းလေဖိအားနည်းရပ်ဝန်းကြောင့် ကမ်းခြေဒေသက ပြည်သူတွေစိုးရိမ်

မတ် ၂၀-၂၀၂၂ SW(VOM) ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းကနေ ပိုမိုအားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိခဲ့တဲ့အတွက် မုန်တိုင်းတိုက်ခတ်မှာကို ပင်လယ်ကမ်ခြေမြေနိမ့်ပိုင်းဒေသက ပြည်သူတွေ စိုးရိမ်မှုရှိနေပါတယ်။ ရခိုင်ကမ်းရိုတန်းရှိ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာဟာဆိုရင် နှစ်စဉ်နှစ်တိုင်းဆိုသလို မုန်တိုင်းဒဏ်၊ လှိုင်းဒဏ်တွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ကြရတဲ့အတွက် အဲဒီလေဖိအားနည်းရပ်ဝန်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတယ်လို့ ကျေးရွာလူကြီး ဦးသိန်းထွန်းက ပြောပါတယ်။ “အဲဒီသတင်းကြောင့် ဦးလေးတို့မှာ သတိနဲ့နေကြရတယ်။ ရှောင်ပြေးဖို့ကျရင်လည်း ပြေးရမယ်။ လေမုန်တိုင်းတစ်ခုလာမယ်ဆိုတော့ စိုးရိမ်တာပေါ့” လို့ သူကပြောပါတယ်။ အဲဒီ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ နောက် (၄၈)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်တယ်လို့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မတ်လ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းကြောင့် ကချင်ပြည်နယ်ကလွဲပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး…

Read More

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးနဲ့မိခင်ဖြစ်သူ ထောင်ဒဏ် ၂နှစ်ချမှတ်ခံရ

မတ်၂၀-၂၀၂၂ KK(VOM) မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးနဲ့ မိခင်ဖြစ်သူကို မနေ့ မတ်လ ၁၉ရက်က ဟင်္သာတအကျဥ်းထောင်ရှိ ထောင်တွင်းအထူးတရားရုံးကနေ ပုဒ်မ ၅၀၅ -က နဲ့ အလုပ်နဲ့ထောင်ဒဏ်၂ နှစ်စီချမှတ်ခဲ့တယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်မှ ဘွဲ့ကြိုပဉ္စမနှစ်ကျောင်းသား ကိုထိုက်လင်းဦး နဲ့ ကိုထိုက်လင်းဦးရဲ့ မိခင်ဒေါ်သူဇာတင်ဦးတို့(၂)ဦးကို ပုဒ်မ ၅၀၅ -က နဲ့ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်ပြီး ချုပ်ရက်တွေကို ခံစားခွင့်မပေးဘူးလို့ ရှေ့နေတစ်ဦးက ပြောပါတယ်။ “အမေဖြစ်သူကို လာဖမ်းတာမတွေ့လို့ သားကိုဖမ်းတယ်၊ အမေက သွားအဖမ်းခံတော့ သားဖြစ်သူ Fbမှာ တပ်နဲ့ပတ်သက်ပြီး ရေးထားတာတွေလို့ ထပ်ဖမ်းတာ၊ ချုပ်ရက်တွေကို ခံစားခွင့်မပေးဘူး”လို့ သူကပြောပါတယ်။ ဇလွန်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂ ရက်က ဒေါ်သူဇာတင်ဦးကို နေအိမ်မှာ လာရောက်ဖမ်းဆီးချိန် မတွေ့တဲ့အတွက် သားဖြစ်သူကို ဖမ်းဆီးသွားပြီး မိခင်ဖြစ်သူက…

Read More

မုံရွာ မြို့ရှောင်လမ်းမှာ လူသတ်၊ပစ္စည်းလုခံရတဲ့ ဖြစ်စဥ်တွေ မကြာခဏဖြစ်ပေါ်နေ

မတ် ၂၀-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အောင်မင်္ဂလာအဝိုင်းပတ်နဲ့ ဆွမ်းအုပ်အဝိုင်းပတ်အကြား မြို့ရှောင်လမ်းမကြီးမှာ နေ့လယ်ခင်းအချိန်တွေမှာ လူသတ်၊ပစ္စည်းလုတဲ့ ဖြစ်စဥ်တွေ မကြာခဏဖြစ်ပွားနေတယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” မနေ့(မတ် ၁၉)ရက် ညနေပိုင်းမှာ ဆိုင်ကယ်စီးလာတဲ့ ကောင်းမလေး ၂ ယောက် ပစ္စည်းလုခံရတယ် ၊ လုတဲ့သူတွေက ဓားနဲ့ခုတ်လို့ ကောင်မလေးတယောက်သေပြီး ၊ ကျန်တယောက်က ဒဏ်ရာရခဲ့တယ် ၊ သေဆုံးသူက ကျွဲရဲကျေးရွာမှာနေတယ်လို့ ကနဦး သိထားရတယ် ” လို့ အဲ့ဒီလူနာတွေကို သွားရောက်ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်း ပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် အခု မတ်လ ၁၈ ရက် နေ့လယ်ပိုင်းကလည်း အောင်မင်္ဂလာ ကျွဲရဲအဝိုင်းပတ်နားက မြို့ရှောင်လမ်းနဲ့ ဝေဇယန္တာလမ်းဆုံးနေရာမှာ လူတယောက် ပစ္စည်းလုခံရပြီး ၊ လုတဲ့သူတွေက ဓားနဲ့…

Read More

နော်ဝေမှာ အမေရိကန်စစ်လေယာဉ်ပျက်ကျ ၊ လိုက်ပါသူအားလုံး သေဆုံး

အော်စလို၊ မတ်-၂၀-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်စစ်ဘက် လေယာဉ်တစင်းဟာ နော်ဝေနိုင်ငံမှာ မတ် ၁၉ ရက်နေ့က ပျက်ကျမှုကြောင့် လေယာဉ်ပေါ်မှာ လိုက်ပါလာသူလေးဦးစလုံးသေဆုံးသွားပါတယ်။ အဲဒီလေယာဉ်ဟာ အမေရိကန်မရိန်းတပ်ဖွဲ့ကလေယာဉ်ဖြစ်ပြီး ပျက်ကျချိန်မှာတော့ နေတိုးအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါ၀င်လေ့ကျင့်နေတာဖြစ်ပါတယ်။ နော်ဝေနိုင်ငံ ဘိုဒိုမြို့တောင်ပိုင်း ဝေလံခေါင်သီတဲ့နေရာမှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် အဲဒီနေရာကို ကယ်ဆယ်ရေးရဟတ်ယာဉ်တွေ ဆင်းသက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့နံနက်ပိုင်းမှာတော့ အခင်းဖြစ်တဲ့နေရာကို နှင်းထဲမှာအသုံးပြုတဲ့ မော်တော်ဆိုင်ကယ်တွေ အသုံးပြုပြီး သွားရောက်ခဲ့ကြပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့လူလေးဦးစလုံးသေဆုံးခဲ့ပြီး အားလုံးဟာ အမေရိကန်နိုင်ငံသားတွေဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ ရာသီဥတုဆိုးရွားမှုကြောင့် မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး ရာသီဥတုကောင်းမွန်ချိန်မှာ ပြန်လည်စတင်သွားမယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ Ref: BBC Photo:PA Media #voiceofmyanmar #VOM #နော်ဝေး #အမေရိကန်စစ်လေယာဉ်ပျက်ကျ

Read More

ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူ

မတ် ၂၀-၂၀၂၂ KK(VOM) ၁၅ ပါးမြောက် ရွှေကျင်သာသနာပိုင်ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတ ဟာ ဒီကနေ့ မနက် ၁ နာရီကျော်က ပျံလွန်တော်မူခဲ့တယ်လို့ တပည့်သာဝကတွေက ထုတ်ပြန်ခဲ့ပါတယ်။ မရမ်းကုန်းမြို့နယ်၊ဝိဇ္ဇောတာရုံပရိယတ္တိစာသင်တိုက်ကြီးရဲ့ကျောင်းတိုက်တည်ဆရာတော်ကြီး အဘိဓဇ မဟာရဋ္ဌဂုရု၊နိုင်ငံတော်ဩဝါဒါစရိယဆရာတော်တပါးလည်း ဖြစ်ပါတယ်။ ဆရာတော်ကြီးကို မွန်ပြည်နယ်၊ မုဒုံမြို့၊ စာစင်ရပ်မှာ ခမည်းတော်ဦးနုနဲ့ မယ်တော်ဒေါ်ထားတို့က ၁၂၉၁ခု တပေါင်းလဆန်း ၇ ရက် ဗုဒ္ဓဟူးနေ့မှာ ဖွားမြင်တော်မူခဲ့ပါတယ်။ ၁၃၁၄ ခုနှစ် ကဆုန်လပြည်နေ့မှာ မုဒုံမြို့၊ စာစင်ရပ်၊ကျောက်ဝိုင်းကျောင်းတိုက် ဆရာတော်ဥူးဇဝနကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ ၁၃၁၁ ခုနှစ် နယုန်လဆန်း ၈ ရက်နေ့မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကံသာကျောင်းသစ်ကျောင်း သီလဝိသောဓနီသိမ်တော်၌ ကျောက်ဝိုင်းကျောင်းတိုက်ဆရာတော်ဥူးဇဝနကို ဥပဇ္ဈာယ်ပြု၍ ရန်ကုန်မြို့၊ မောင်ခိုင်လမ်း၊ ဘုံဘေဘားမားပရိဘောဂတိုက်ရှင် ဦးဖေသိန်း+ဒေါ်ကြင်ရန်တို့၏ ပစ္စယာနုဂဟဖြင့် မြင့်မြတ်သောရဟန်းဘဝကို ရောက်ရှိခဲ့ပါတယ်။…

Read More
VOM News

FREE
VIEW