ပုသိမ် – ချောင်းသာ ကားလမ်းမှာ ယာဥ်တိုက်မှုဖြစ်ပြီး လူ ၇ ဦး မီးလောင်သေဆုံး

မတ် ၊ ၁၉ -၂၀၂၂
SP+ KK (VOM)

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ် ၊ ကလပ်ချီကျေးရွာနဲ့ မင်းကုန်းကြီးကျေးရွာအကြား ၊ ပုသိမ် – ချောင်းသာ ကားလမ်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက ကား ၂ စီးတိုက်မိရာကနေ မီးလောင်ခဲ့ပြီး လူ၇ဦး မီးလောင်သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မီးလောင်တဲ့ကားက ပရိုဘောက်အဖြူရောင်် ပဲခူးလိုင်စင်နဲ့ ဖြစ်တယ် ၊ 4M အက္ခရာ ပါ ၊ ကားပေါ်မှာက ၆ ယောက်ထက် မနည်းပါနိုင်တယ် ၊ မီးငြိမ်းနေတုန်းဆိုတော့ အတိအကျ မသိရသေးဘူး”လို့ အဲ့ဒီ ယာဥ်တိုက်မှုဖြစ်ပွားတဲ့နေရာကို သွားရောက် ကူညီပေးနေတဲ့ပရဟိတသမားတယောက်က ပြောပါတယ်။

ကားမီးလောင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပုသိမ်ခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက ” ချောင်းသာဂိတ်ကို ဆက်သွယ်မေးမြန်းတဲ့အခါ အဲ့ဒီ မီးလောင်တဲ့ကားပေါ်မှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၅ ဦးပါတယ် ၊ ယာဥ်မောင်းက ကိုမိုးဦးလို့ ကနဦးသိရတယ် ၊ ယာဥ်ပေါ်ပါ လူအကုန်လုံး မီးလောင်သေဆုံးတယ် “လို့ ပြောပါတယ်။

ပုသိမ် – ချောင်းသာပြေးဆွဲနေတဲ့ ကံထူးအောင်မှန်လုံယာဥ် နဲ့ Probox အမျိုးအစား အိမ်စီးကားတစ်စီးတိုက်မိတာဖြစ်ပြီး အိမ်စီးကားကမီးလောင်သွားတာကြောင့် ကားပေါ်ပါလာသူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ ကလေး ၂ ဦး စုစုပေါင်း ၇ ဦး စလုံးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်-ပုသိမ် ကားလမ်းပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းကလည်း ယာဉ်တိုက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။

အလားတူ ၂၀၂၀ ခုနှစ် ဧပြီလအတွင်းကလည်း ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် (၁၉/၂) နဲ့ (၁၉/၃) ကြားမှာ ခရီးသည်တင်မော်တာ်ယာဥ်တစီး မီးလောင်မှုဖြစ်ပွားခဲ့တာလည်း ရှိပါတယ်။

#voiceofmyanmar #VOM #ပုသိမ်ချောင်းသာကားလမ်း #ယာဥ်တိုက် #မီးလောင် #လူခုနှစ်ဦးသေ

Related posts

Leave a Comment

VOM News

FREE
VIEW