ယူကရိန်းကို ရုရှားက အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ် ဒုံးပျံနဲ့ ပထမဆုံးအကြိမ်တိုက်ခိုက်၊ မြေအောက်လက်နက်သိုလှောင်ရုံ ပျက်စီး

ကိယက်ဗ်၊ မတ်-၂၀
မျိုးဆက်(VOM)

ယူကရိန်းအနောက်ပိုင်းရှိမြေအောက်လက်နက်သိုလှောင်ရေးစခန်းတစ်ခုကို အသံထက်မြန်တဲ့ဟိုက်ပါဆိုးနစ်ပဲ့ထိန်းဒုံးပျံနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းရုးရှားကာကွယ်ရေးဝင်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။

ဒါဟာယူကရိန်းစစ်ပွဲအတွင်းKinzhalအမျိုးအစားဟိုက်ပါဆိုးနစ်ဒုံးပျံကိုရုရှားက ပထမဉီးဆုံးအကြိမ်အသုံးပြုခဲ့တာဖြစ်ပြီးMiG-31စစ်လေယာဉ်ပေါ်မှပစ်ခတ်ခဲ့ဖွယ်ရှိပါတယ်။

ရုရှားသမတပူတင်ဟာအသံထက်ငါးဆမြန်တဲ့ဟိုက်ပါဆိုးနစ်ဒုံးပြန်တွေတီထွင်ထုတ်လုပ်ရေးအကြီးအကျယ်ရင်းနှီးမြုပ်နှံမှုပြုထားတယ်လို့ကြိမ်ဖန်များစွာထုတ်ဖော်ပြောဆိုထားပါတယ်။

ရုရှားတာဝန်ရှိသူတွေရဲ့အဆိုအရKinzhalဟိုက်ပါဆိုးနစ်ဒုံးပျံဟာမိုင်းပေါင်း၁၂၄၀အကွာရှိပစ်မှတ်ကိုထိမှန်နိုင်ပြီး၁နာရီကိလိုမီတာ၆၀၀၀ ကျြာအေမွနျနှုနျးပြံသနျးနိုငျတယျလို့ပွောပါတယျ။

လက်ရှိချိန်ထိရုရှားဟာယူကရိန်းလေပိုင်နက်ကိုထိန်းချုပ်နိုင်ချင်းမရှိဘဲရုရှားလေပိုင်နက်မှပစ်လွှတ်တဲ့လက်နက်တွေအပေါ်သာမှီခိုနေရတယ်လို့ဗြီးတိန်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

စေ့စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းသို့အချိန်မဆိုင်းပဲလာရောက်ဖို့ယူကရိန်းသမတဇီလန်စကီကရုရှားကိုတိုက်တွန်းထားပါတယ်။

Ref: BBC
Photo: RDM

#voiceofmyanmar #VOM #ယူကရိန်းရုရှား

Related posts

Leave a Comment

VOM News

FREE
VIEW