ပိတ်ဆို့ခံထားရတဲ့ မာရီရူပိုလ်မြို့က တပ်ဖွဲ့၀င်တွေ လက်နက်ချဖို့ ရုရှားကမ်းလှမ်းချက် ယူကရိန်းပယ်ချ

ကိယက်ဗ်၊ မတ်-၂၁-၂၀၂၂
မျိုးဆက်(VOM)

ရုရှားတပ်ဖွဲ့၀င်တွေ ပိတ်ဆို့မှုခံနေရတဲ့ မာရီယူပိုလ်မြို့က ယူကရိန်းတော်လှန်ရေးသမားတွေ လက်နက်ချမယ်ဆိုရင် မြို့ခံတွေကို ဘေးကင်းစွာထွက်ခွာခွင့်ပေးမယ်လို့ ရုရှားရဲ့ ရာဇသံကမ်းလှမ်းမှုကို ယူကရိန်းက ပယ်ချလိုက်ပါတယ်။

ရုရှားရဲ့ကမ်းလှမ်းချက်မှာတော့ မြို့မှာရှိတဲ့လက်နက်ကိုင်တွေ အညံ့ခံမယ်ဆိုရင် အရပ်သားတွေကို ဘေးကင်းကင်းနဲ့ ထွက်ခွာခွင့်ပေးမယ်လို့ဆိုပါတယ်။ ဒါပေမယ့် ယူကရိန်းဘက်ကတော့ မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းမြို့ကို လက်နက်ချအရှုံးပေးဖို့ မေးခွန်းထုတ်စရာကို မလိုဘူးလို့ဆိုပါတယ်။

အဲဒီမြို့မှာ လူပေါင်း သုံးသိန်းလောက်ဟာ အဲဒီမြို့မှာ ပိတ်မိနေပြီး စားနပ်ရိက္ခာတွေ ပြတ်လပ်နေပြီး အကူအညီတွေလည်း ဖြတ်တောက်ခံထားရပါတယ်။

ဒေသခံတွေဟာ ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရက်သတ္တပတ်ပေါင်းများစွာ ခံခဲ့ရပြီး လျှပ်စစ်မီးနဲ့ သောက်သုံးရေလည်း မရဖြစ်နေပါတယ်။

ရုရှားကမ်းလှမ်းတဲ့အစီအစဉ်ကတော့ မော်စကိုစံတော်ချိန် နံနက် ၁၀ နာရီမှာ မာရီရူပိုလ်မြို့က ယူကရိန်းတပ်ဖွဲ့၀င်တွေနဲ့ အခြားလက်နက်ကိုင်တွေဟာ လက်နက်တွေဖြုတ်သိမ်းပြီး လုံခြုံတဲ့ စင်္ကြန်လမ်းကြောင်းကတဆင့် မြို့မှထွက်ခွာဖို့ဖြစ်ပြီး မာရီရူပိုလ်မြို့ကို ကြံ့ကြံ့ခံကာကွယ်မှုကို ရပ်မှာမဟုတ်ဘူးလို့ ယူကရိန်းဒုတိယ၀န်ကြီးချုပ်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW