မုန်တိုင်းအန္တရာယ်ကြောင့် ဧရာဝတီတိုင်းထဲက ကမ်းခြေတွေနဲ့ အခြေခံပညာစာမေးပွဲတွေ ယာယီပိတ်

မတ် ၂၁-၂၀၂၂ GG (VOM) မုန်တိုင်းအန္တရာယ်ကြောင့် ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေ ဖြေဆိုနေဆဲ အခြေခံပညာစာမေးပွဲတွေကို မနက်ဖြန် မတ်လ ၂၂ ရက်နေ့ကစပြီး ယာယီပိတ်လိုက်တယ်လို့ သိရပါတယ်။ ကမ်းခြေမှာ ရောက်နှင့်နေပြီးသား ခရီးသွားဧည့်သည်အချို့ကတော့ ရောက်ရှိတဲ့နေရာမှာပဲ ကာကွယ်မှုတွေပြုလုပ်ထားကြောင်း၊ နောက်ထပ်ဝင်ရောက်လာမယ့် သူတွေကိုသာ ခရီးသည်အဝင်လက်မခံဘဲ ကမ်းခြေကို ယာယီပိတ်ထားကာ ကမ်းခြေတွေတစ်လျှောက် သဘာဝဘေးအန္တရာယ်စီမံရေးအဖွဲ့တွေက အချိန်ပြည့်စစ်ဆေးမှုတွေလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ” ချောင်းသာ၊ငွေဆောင်အကုန်ယာယီပိတ်လိုက်တယ်။ ရောက်ပြီးသားလူတွေကိုပြန်လွှတ်တာလည်းရှိသလို တချို့ကလည်း နေနေကြတယ်ကြားတယ်။ကမ်းခြေတော့သွားခွင့်မရဘဲ လုံခြုံရာမှာပဲ နေရတာပေါ့။” လို့ ပုသိမ်မြို့ဒေသခံတဦးကပြောပါတယ်။ ကမ်းခြေတွေအပြင် လက်ရှိ ဧရာဝတီတိုင်းအတွင်းမှာ ကျင်းပနေတဲ့ အခြေခံပညာစာမေးပွဲတွေကိုလည်း လက်ရှိမုန်တိုင်းအခြေအနေကြောင့် မနက်ဖြန်က စတင်ပြီး ယာယီပိတ်ထားမှာ ဖြစ်တယ်လို့သိရပါတယ်။ ” မုန်တိုင်းပြီးရင် စာမေးပွဲတွေ ပြန်ဖွင့်မှာပါ။ မုန်တိုင်းက မနက်ဖြန် ဧရာဝတီကို ဝင်မယ်ဆိုတာကြောင့်အခုလိုလုပ်တာလို့ သိရတယ်၊ အခုလိုလုပ်တာ ကောင်းပါတယ်” လို့…

Read More

မုန်တိုင်းအန္တရယ် သတိပေးထားတဲ့ စစ်တွေမြို့ ပွိုင့်ကမ်းခြေရဲ့ ဒီကနေ့ညနေပိုင်းမြင်ကွင်း(Photo News)

မတ်၂၁-၂၀၂၂ SW(VOM) ဘင်္ဂလားပင်လယ်အော်က စစ်တွေမြို့ ပွိုင့်ကမ်းခြေကို ဒီကနေ့ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းက လာရောက်လည်ပတ်သူတွေ ရှိနေသေးတာကို တွေ့မြင်ရပါတယ်။ စစ်တွေမြို့မှာတော့ လေတိုက်နှုန်းဟာ ပုံမှန်အနေအထားမဟုတ်တာကိုတွေ့ရပြီး စစ်တွေ ပွိုင့်ကမ်းခြေမှာဆိုရင်လည်း အရင်နေ့တွေကနဲ့မတူဘဲ လေထုထဲမှာ သဲတွေပါလာတာကို တွေ့ရပါတယ်။ စစ်တွေပွိုင့်ကမ်းခြေက သရက်သီးရောင်းချနေတဲ့ အမျိုးသမီးတယောက်က” လေမုန်တိုင်း ရှိတယ်လို့လည်းကြားထားပါတယ်။ ဒါကြောင့် လေတိုက်တာက အရင်နေ့တွေနဲ့မတူဘူး။ လေတိုက်နှုန်းပိုမြန်နေတယ်”လို့ ပြောပါတယ်။ လေမုန်တိုင်းသတိပေးချက်တွေရှိနေပေမယ့်လည်း ကမ်းခြေက်ို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကတော့ ပုံမှန်သွားလာနေတာကို တွေ့ရပါတယ်။ #voiceofmyanmar #VOM #စစ်တွေ #မုန်တိုင်း #မြင်ကွင်း

Read More

ရခိုင်မှာ မုန်တိုင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်နေ

မတ်၂၁-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကျရောက်နိုင်ခြေနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပြီလို့ ရခိုင်ပြည်နယ်ကောင်စီကနေ သိရပါတယ်။ အဲဒီလို ကြိုတင်ပြင်ဆင်တဲ့အထဲမှာ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ ဂွမြို့နယ်ကို အဓိကထား ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။ “မနေ့က မုန်တိုင်းနဲ့ပတ်သက်ပြီး ငါတို့က အရေးပေါ်အထူးအစည်းအဝေးလုပ်တယ်။ ဒီနေ့မှာတော့ အုပ်ချုပ်ရေးရုံးဖွင့်ထားတယ်။ မုန်တိုင်းနဲ့ပတ်သက်ပြီး ဂွမြို့လို့ပြောထားတဲ့အတွက် ဂွမှာ မုန်တိုင်းတိုက်ခတ်လာတဲ့အခါ လုပ်ရမယ့်ဟာတွေအကုန်လုံးကို အမိန့်ပေး ညွှန်ကြားဆောင်ရွက်နေတယ်” လို့ သူကပြောပါတယ်။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ဟာ ဧရာဝတီတိုင်းနဲ့ နီးကပ်နေတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး ဒီကနေ့ ညနေ ၆ နာရီခွဲအချိန်ထိ လေပြင်းတိုက်ခတ်တာမတွေ့ရဘဲ လေငြိမ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဂွမြို့ဒေသခံတဦးက” ဂွမှာ ဒီနေ့လေပြင်းတိုက်တာတော့မရှိဘူး။ တစ်နေကုန် မိုးအုံ့နေတယ်။ ပြီးတော့ မိုးပေါက်လေးတွေကျသွားတာတော့ရှိတယ်။ မုန်တိုင်းတိုက်ခတ်နိုင်ခြေရှိတယ်ဆိုတော့ စိုးရိမ်မိပါတယ်” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ cyclone shelter (၅၇)…

Read More

လပွတ္တာမြို့ပေါ်ကို ကမ်းရိုးတန်နဲ့နီးစပ်တဲ့ ကျေးရွာအချို့က လူဦးရေ ရာနဲ့ချီ မုန်တိုင်းရှောင်ဖို့ရောက်လာ

မတ် ၂၁-၂၀၂၂ KK(VOM) ကမ်းရိုးတန်းနဲ့နီးတဲ့ ကျေးရွာအချို့မှ နေထိုင်သူတွေဟာ ဒီကနေ့ မနက်ပိုင်းကစလို့ မုန်တိုင်းရှောင်ဖို့အတွက် လပွတ္တာမြို့ပေါ်ကို လူဦးရေ ရာနဲ့ချီ ရောက်ရှိလာတယ်လို့ လပွတ္တာမြို့ခံတွေဆီက သိရပါတယ်။ လပွတ္တာမြို့ပေါ်ကို ဒီကနေ့မနက်ပိုင်းက ဟိုင်းကြီးကျွန်းဘက်နဲ့ပြင်စလူဘက်မှာ နေထိုင်သူအချို့ မုန်တိုင်းရှောင်လာကြသလို မြစ်ပေါက်ကျေးရွာအုပ်စုထဲက ကိုင်းတော၊ကနစိုငုတ်၊ဖိုးနကို၊အုန်းပင်စု၊ ဇီးဖြူ၊ကြောင်လျှာ၊အဝပိတ် အစရှိတဲ့ကျေးရွာတွေကတော့ ဘီတွတ်ကျေးရွာမှာ မုန်တိုင်းရှောင်နေကြတယ်လို့ အမှတ် ၅ ရပ်ကွက်နေသူတဦးကပြောပါတယ်။ “ဒီလို မုန်တိုင်းရှောင်ဖို့ရောက်လာသူ လူဦးရေ (၅၀၀)နီးပါးရှိမယ်၊ မြေပြင်အနေအထားသိရပေမယ့် အဲ့ဒီပမာဏထက် ပိုများနိုင်တယ်”လို့ သူကပြောပါတယ်။ မြစ်ပေါက်ကုန်းကျေးရွာအုပ်စုနေသူတဦးက” ညီမအသက် ၉နှစ်လောက်ပဲရှိအုံးမယ် နာဂစ်တုန်းက ကံကောင်းချင်တော့ ရန်ကုန်မှာ ဆွေမျိုးတွေသေကုန်တယ်၊ အခု မုန်တိုင်းသံကြားတော့ ကြောက်တယ်၊ အမျိုသားကလည်း ပဲခူးမှာအလုပ်လုပ်နေတယ်၊ ညီမတို့က မြစ်နဲ့နီးတယ် ဘာလုပ်ရမှန်းမသိဘူး၊ အဲ့ဒါကြောင့် ကလေးခေါ်ပြီး ဒီဘက်မှာလာရှောင်တာ “လို့ ပြောပါတယ်။ လပွတ္တာမြို့နယ် နှလုံးသား ကျန်မားရေးစောင့်ရှောက်မှုအဖွဲ့က…

Read More

ပိတ်ဆို့ခံထားရတဲ့ မာရီရူပိုလ်မြို့က တပ်ဖွဲ့၀င်တွေ လက်နက်ချဖို့ ရုရှားကမ်းလှမ်းချက် ယူကရိန်းပယ်ချ

ကိယက်ဗ်၊ မတ်-၂၁-၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်ဖွဲ့၀င်တွေ ပိတ်ဆို့မှုခံနေရတဲ့ မာရီယူပိုလ်မြို့က ယူကရိန်းတော်လှန်ရေးသမားတွေ လက်နက်ချမယ်ဆိုရင် မြို့ခံတွေကို ဘေးကင်းစွာထွက်ခွာခွင့်ပေးမယ်လို့ ရုရှားရဲ့ ရာဇသံကမ်းလှမ်းမှုကို ယူကရိန်းက ပယ်ချလိုက်ပါတယ်။ ရုရှားရဲ့ကမ်းလှမ်းချက်မှာတော့ မြို့မှာရှိတဲ့လက်နက်ကိုင်တွေ အညံ့ခံမယ်ဆိုရင် အရပ်သားတွေကို ဘေးကင်းကင်းနဲ့ ထွက်ခွာခွင့်ပေးမယ်လို့ဆိုပါတယ်။ ဒါပေမယ့် ယူကရိန်းဘက်ကတော့ မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းမြို့ကို လက်နက်ချအရှုံးပေးဖို့ မေးခွန်းထုတ်စရာကို မလိုဘူးလို့ဆိုပါတယ်။ အဲဒီမြို့မှာ လူပေါင်း သုံးသိန်းလောက်ဟာ အဲဒီမြို့မှာ ပိတ်မိနေပြီး စားနပ်ရိက္ခာတွေ ပြတ်လပ်နေပြီး အကူအညီတွေလည်း ဖြတ်တောက်ခံထားရပါတယ်။ ဒေသခံတွေဟာ ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရက်သတ္တပတ်ပေါင်းများစွာ ခံခဲ့ရပြီး လျှပ်စစ်မီးနဲ့ သောက်သုံးရေလည်း မရဖြစ်နေပါတယ်။ ရုရှားကမ်းလှမ်းတဲ့အစီအစဉ်ကတော့ မော်စကိုစံတော်ချိန် နံနက် ၁၀ နာရီမှာ မာရီရူပိုလ်မြို့က ယူကရိန်းတပ်ဖွဲ့၀င်တွေနဲ့ အခြားလက်နက်ကိုင်တွေဟာ လက်နက်တွေဖြုတ်သိမ်းပြီး လုံခြုံတဲ့ စင်္ကြန်လမ်းကြောင်းကတဆင့် မြို့မှထွက်ခွာဖို့ဖြစ်ပြီး မာရီရူပိုလ်မြို့ကို ကြံ့ကြံ့ခံကာကွယ်မှုကို ရပ်မှာမဟုတ်ဘူးလို့ ယူကရိန်းဒုတိယ၀န်ကြီးချုပ်က…

Read More

မန္တလေးမြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် စတင်ဆောက်လုပ်နေ

မတ် ၂၁-၂၀၂၂ Voice Of Myanmar မန္တလေးမြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် စတင်ဆောက်လုပ်နေတာကို ဒီကနေ့ မတ်လ ၂၁ရက် နေ့လယ်ပိုင်းက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #မြို့တော်ဝန်မဏ္ဍပ်

Read More

ခရီးသည် ၁၃၃ ဦးလိုက်ပါသွားတဲ့ တရုတ်လေယာဉ်တစင်း ပျက်ကျမှုဖြစ်ပွား

ပေကျင်း၊ မတ်-၂၁-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံ China Eastern Airlines လေကြောင်းလိုင်းမှ ခရီးသည် ၁၃၃ ဦးလိုက်ပါသွားတဲ့ လေယာဉ်တစင်းဟာ ကွမ်ရှီပြည်နယ်ထဲမှာ ဒီနေ့ပျက်ကျခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ လက်ရှိချိန်ထိ ထိခိုက်သေဆုံးမှု အရေအတွက်ကို မသိရသေးပါဘူး။ ပျက်ကျခဲ့တဲ့လေယာဉ်ဟာ ဘိုးအင်း ၇၃၇ အမျိုးအစားဖြစ်ပြီး တောင်ထူထပ်ရာဒေသမှ ပျက်ကျခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ခရီးစဉ်အမှတ်MU5735 ဟာ ဒေသစံတော်ချိန် ၁ နာရီ ၁၅ မိနစ်မှာ ကူမင်းကနေ ကွမ်ကျိုးမြို့ကို သွားရောက်မှာဖြစ်ပါတယ်။ ကယ်ဆယ်ရေးသမားတွေကို လက်ရှိအခင်းဖြစ်ရာနေရာမှာ ဖြန့်ကြက်ထားတယ်လို့ စီစီတီဗီ သတင်းဌာနက ဖော်ပြထားပါတယ်။ အဲဒီလေယာဉ်ဟာ ဝူဇူပြည်နယ် တန်ခရိုင်အနီးမှာ ပျက်ကျခဲ့တာဖြစ်ပြီး ကွမ်ရှီပြည်နယ်ဟာ နိုင်ငံအရှေ့တောင်ဘက်ရှိ အဓိကမြို့ဖြစ်တဲ့ ကွမ်ကျိုးအနီးရှိ ပြည်နယ်ဖြစ်ပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ပေကျင်း

Read More

ကမာရွတ်မီဒီယာ တွဲဖက်တည်ထောင်သူ ဦးဟံသာညိန်းထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

မတ် ၂၁ -၂၀၂၂ KK(VOM) ကမာရွတ်မီဒီယာ တွဲဖက်တည်ထောင်သူ အယ်ဒီတာ ဦးဟံသာညိန်းကို ဒီကနေ့ မနက်ပိုင်းက အင်းစိန်ထောင်ရှိ အထူးတရာရုံးကနေ အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၂)နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ “ဦးဟံသာညိန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-က နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့တာဖြစ်တယ်”လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးနေသန်မောင်နဲ့ တွဲဖက်တည်ထောင်သူ အယ်ဒီတာ ဦးဟံသာညိန်းတို့ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မတ်လ ၉ ရက်နေ့က ရန်ကုန်ရှိ ကမာရွတ်မီဒီယာရုံးခန်းမှာ ဝင်ရောက်ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကမာရွတ်အယ်ဒီတာချုပ် ဦးနေသန်မောင်ကို ဇွန်လ ၁၄ ရက်နေ့က ရာဇဝတ်ကျင့်ထုံးဥပ​ဒေပုဒ်မ ၄၄၉ (က)အရ အမှုချုပ်သိမ်းပေးခဲ့ပြီး အမေရိကန်နိူင်ငံကို ဇွန်လ ၁၅ ရက်နေ့မှာပြန်ခိုင်းခဲ့ပါတယ်။ ကမာရွတ်မီဒီယာက အယ်ဒီတာ ဦးဟံသာညိန်းကိုတော့ ဖမ်းဆီးခံရပြီး တစ်နှစ်အကြာမှာ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်…

Read More

တောင်ကြီး ပြည်တော်သာရပ်ကွက်မှာ မီးလောင်မှုဖြစ်ခဲ့ပြီး အမျိုးသမီး(၃)ဦး သေဆုံး

မတ် ၂၁-၂၀၂၂ KK(VOM) တောင်ကြီးမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ နယ်မြေ ၁၂၊ စံပယ်လမ်းမှာ ဒီကနေ့မနက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးသုံးဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ “သတိလစ်ပြီး မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားတာပါ အမျိုးသမီးသုံးဦးလို့ကြားတယ်”လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ ရှမ်းပြည်နယ်မီးသတ်တပ်ဖွဲ့မှ ပြည်နယ်ဦးစီးမှူးညွန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က” အမျိုးသမီး သုံးဦးသေတာ မှန်ပါတယ် သတိလစ်ပြီး မီးလောင်ဒဏ်ရာတွေရလို့ စပ်စံထွန်းဆေးရုံကို ပို့ပေးတယ်၊ ဒါပေမယ့် သေသွားတယ်”လို့ VOM ကို ပြောပါတယ်။ လက်တလောမှာ မီးလောင်တဲ့အကြောင်းရင်းကို မီးသတ်ဦးစီးဌာနက စုံစမ်းနေပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဆယ်သိန်းဝန်းကျင်သာရှိတယ်လို့ သူကပြောပါတယ်။ အဲ့ဒီမီးလောင်မှုကို ရှမ်းပြည်နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၂စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၃စီး၊ ရေသယ်ယာဉ်၁စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၃စီး၊ ရေသယ်ယာဉ်၁စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက် ညပိုင်းကလည်း တောင်ကြီမြို့၊…

Read More

မင်းကွန်းက ကမ္ဘာကျော် ဓာတ်ပုံဆရာကြီးများ

မတ် – ၂၂- ၂၀၂၂ Voice Of Myanmar စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာရှိတဲ့ လူငယ်တွေဟာ သူတို့‌ဒေသက စေတီတော်တွေနဲ့ ဘုရားပုထိုးတွေကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို ဓာတ်ပုံရိုက်ပေးတာ အရမ်းလှတဲ့အတွက် မြန်မာနိုင်ငံမှာသာမက နိုင်ခြားမှာပါ နာမည်ကြီးနေတာဖြစ်ပါတယ်။ မင်းကွန်းဒေသခံ အများစုကတော့ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သူနည်းပါးလာပြီး ဘုရားဖူးလာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအတွက် ဘုရားပန်း၊ အမှတ်တရပစ္စည်းတွေ ရောင်းချတာနဲ့ လူငယ်ပိုင်းတွေကတော့ မိသားစုစားဝတ်နေရေးအတွက် ဧည့်သည်တွေရဲ့စမတ်ဖုန်းနဲ့ အလှပုံအမျိုးမျိုး ရိုက်ပေးတဲ့အလုပ်ကို လုပ်ကိုင်ကြပါတယ်။ အဲ့ဒီ ဓာတ်ပုံပညာတွေကို ဘယ်လိုလေ့လာသင်ယူထားသလဲ ၊ ဘယ်လိုစိတ်ကူး စိတ်သန်းတွေနဲ့ ရိုက်နေသလဲဆိုတာကို VOM သတင်းထောက် ကိုရှိုင်းအောင်က ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မင်းကွန်း #ကမ္ဘာကျော်ဓာတ်ပုံဆရာကြီးများ Youtube Link – https://youtu.be/wvm1LPAwtz4

Read More
VOM News

FREE
VIEW