မင်းကွန်းက ကမ္ဘာကျော် ဓာတ်ပုံဆရာကြီးများ

မတ် – ၂၂- ၂၀၂၂
Voice Of Myanmar

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာရှိတဲ့ လူငယ်တွေဟာ သူတို့‌ဒေသက စေတီတော်တွေနဲ့ ဘုရားပုထိုးတွေကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို ဓာတ်ပုံရိုက်ပေးတာ အရမ်းလှတဲ့အတွက် မြန်မာနိုင်ငံမှာသာမက နိုင်ခြားမှာပါ နာမည်ကြီးနေတာဖြစ်ပါတယ်။

မင်းကွန်းဒေသခံ အများစုကတော့ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သူနည်းပါးလာပြီး ဘုရားဖူးလာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအတွက် ဘုရားပန်း၊ အမှတ်တရပစ္စည်းတွေ ရောင်းချတာနဲ့ လူငယ်ပိုင်းတွေကတော့ မိသားစုစားဝတ်နေရေးအတွက် ဧည့်သည်တွေရဲ့စမတ်ဖုန်းနဲ့ အလှပုံအမျိုးမျိုး ရိုက်ပေးတဲ့အလုပ်ကို လုပ်ကိုင်ကြပါတယ်။

အဲ့ဒီ ဓာတ်ပုံပညာတွေကို ဘယ်လိုလေ့လာသင်ယူထားသလဲ ၊ ဘယ်လိုစိတ်ကူး စိတ်သန်းတွေနဲ့ ရိုက်နေသလဲဆိုတာကို VOM သတင်းထောက် ကိုရှိုင်းအောင်က ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မင်းကွန်း #ကမ္ဘာကျော်ဓာတ်ပုံဆရာကြီးများ

Youtube Link – https://youtu.be/wvm1LPAwtz4

Related posts

✕
VOM News

FREE
VIEW