မော်လမြိုင်ကျွန်းနဲ့ လပွတ္တာမြို့နယ်မှာ မြစ်ရေကြီးလာလို့ မုန်တိုင်းရှောင်သူ ထောင်နဲ့ချီရှိနေ

မတ် ၂၂-၂၀၂၂ KK(VOM) ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းနဲ့လပွတ္တာမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းကစပြီး မိုးသည်းထန်စွာရွာကာ လေပြင်းတိုက်လာပြီး မြစ်ရေတက်လာကြောင့် မုန်တိုင်းရှောင်သူတွေထောင်နဲ့ချီရှိနေတယ်လို့ ကူညီပေးသူတွေကနေ သိရပါ တယ်။ မော်လမြိုင်ကျွန်းမှာ မိုးရွာပြီးလေပြင်တိုက်တာကြောင့် လူနေအိမ်တွေပြိုကျကာ စေတီတစ်ဆူ ထီးတော်မြေခခဲ့ရတယ်လို့ မြို့ခံတဦးဖြစ်သူဦးဝင်းလှိုင်ဦးက ပြောပါတယ်။ “လှိုင်ဘုန်းရွာက ဓမ္မသုခကျောင်းက စေတီဆိုရင် ထီးတော်ပါ ကျိုးကျတယ်၊ အိမ်တွေလည်း အကုန် သွပ်တွေ အကုန်လေထဲပါသွားတယ်၊ အချို့တဲတွေဆိုရင် ပြိုကျတယ်”လို့ သူကပြောပါတယ်။ ဒီလိုလေပြင်းတိုက်လို့ ပျက်စီးဆုံးရှံးတာတွေဟာ လှိုင်ဘုန်းကျေးရွာနဲ့ ငွေဇင်ယော်ကျေးရွာတွေမှာ ဖြစ်ပြီး လက်တလော စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေသူ ၂၀၀၀နီးပါးရှိတယ်လို့ ကူညီပေးသူနေသူတွေဆီက သိရပါတယ်။ လပွတ္တာမြို့နယ်ထဲမှာပါဝင်တဲ့ ပြင်စလူမြို့မှာတော့ ဒီကနေ့ မနက်ကစတင်ပြီး လေပြင်းမုန်တိုင်းတိုက်ခတ်လာတာကြောင့် မုန်တိုင်းရှောင်ပြည်သူတွေ သတ်မှတ်နေရာတွေမှာ နေထိုင်ဖို့ လုပ်ပေးနေရတယ်လို့ ပရဟိတအဖွဲ့ဝင်တဦးဖြစ်သူ မချိုလေးက ပြောပါတယ်။ “အထက်တန်းကျောင်းရှယ်တာ နဲ့ ဘကဘုန်းကြီးကျောင်းတွေမှာ အခုဆို…

Read More

တရုတ်လေယာဉ်ပျက်ကျမှု လိုက်ပါသူ ၁၃၂ ဦးစလုံး သေဆုံးဖွယ်ရှိ

ပေကျင်း၊ မတ်-၂၂-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံတောင်ပိုင်းမှာ မတ် ၂၁ ရက်က လေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ အသက်ရှင်ကျန်ရစ်သူ တွေကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေလျှက်ရှိပြီး လက်ရှိအချိန်ထိ အသက်ရှင်ကျန်ရစ်သူတွေ ကို မတွေ့ရှိရသေးဘူးလို့ တာ၀န်ရှိသူတွေကပြောပါတယ်။ မနေ့ကဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ လိုက်ပါသူအားလုံး သေဆုံးဖွယ်ရှိနေပြီး လေယာဉ်ပေါ်လိုက်ပါသွားသူတွေရဲ့ မိသားစု၀င်တွေက အနီးနားရှိလေဆိပ်မှာ သတင်းစောင့်ဆိုင်းနေကြပါတယ်။ တရုတ်အရှေ့ လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် အမ်ယူ၅၇၃၅ လေယာဉ်ဟာ ခရီးသည် ၁၃၂ ဦးကိုတင်ဆောင်ပြီး ဂွမ်ရှီးပြည်နယ်ရှိ ထောင်ထူထပ်သောဒေသမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ အဲဒီမတော်တဆမှုနဲ့ပတ်သက်ပြီး အလုံးစုံ စုံစမ်းစစ်ဆေးဖို့ တရုတ်သမ္မတရှီကျင်းပင်က အမိန့်ပေးထားပြီး ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေကို အခင်းဖြစ်ရာနေရာသို့စေလွှတ်ထားပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ လေယာဉ်ရဲ့အပျက်အစီးများကို တောင်ကုန်းတောင်တန်းတွေပေါ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး မီးလောင်ကျွမ်းခဲ့တဲ့ ခရီးဆောင်အိပ်တွေ ပိုက်ဆံအိပ်တွေနဲ့ အထောက်အထားတွေကို တွေ့ရှိထားပါတယ်။ လေယာဉ်ဟာ မြေပြင်ပေါ်သို့ပျက်ကျချိန်မှာ တောအုပ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာည မီးငြိမ်းသွားခဲ့တယ်လို့ တာ၀န်ရှိသူတွေက…

Read More

လပွတ္တာမြို့မှာ မိုးရွာ၊ လေပြင်းတိုက်ပြီး မြစ်ရေတက်နေ

မတ် ၂၂-၂၀၂၂ VOM (GG) ဧရာဝတီတိုင်း ၊ လပွတ္တာမြို့မှာ ဒီကနေ့ မွန်းလွဲ တစ်နာရီက စတင်ကာ မိုးရွာ၊ လေပြင်းတိုက်ပြီး မြစ်ရေတက်လာနေတယ်လို့ လပ္ပတ္တာအခြေစိုက် လူမှုကူညီရေးအသင်းဆီက သိရသည်။ ဘင်္ဂလားပင်လယ်အော်ကနေ ရွေလျားလာတဲ့ မုန်တိုင်းငယ်ဟာ ဒီကနေ့မတ်လ ၂၂ ရရက်နေ့ မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ဧရာဝတီတိုင်း ၊ဟိုင်းကြီးကျွန်းမြို့အနီးကနေ စတင်ဖြတ်ကျော် ဝင်ရောက်လာတာကြောင့် ဧရာဝတီတိုင်းအပါအဝင်ကျန်တဲ့ တိုင်းနဲ့ပြည်နယ်အချို့မှာပါ မိုးရွာသွန်းနေပါတယ်။ လက်ရှိမှာတော့ လပ္ပတ္တာ မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ကမ်းရိုးတန်းနီးနေရာတွေကနေ မုန်တိုင်းအန္တရာယ်ရှောင်ဖို့ရောက်ရှိနေတဲ့ လူပေါင်းရာနှင့်ချီ ရှိနေတယ်လို့ သိရပါတယ် ။ မုန်တိုင်းငယ်(Deep Depression)ဟာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိပြီး အညိုရောင်အဆင့်သတ်မှတ်ထားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေဟာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊လပွတ္တာခရိုင်၊မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ…

Read More

သီရိလင်္ကာမှာ လောင်စာရရှိရေး ဆန္ဒပြမှုကြောင့် ဓါတ်ဆီဆိုင်တွေမှာ စစ်သားတွေ တပ်စွဲထား

ကိုလံဘို၊ မတ်-၂၂-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီရှားပါးနေချိန်မှာ လောင်စာရရှိရေးအတွက် နေစဉ်တန်းစီစောင့်ဆိုင်းနေတဲ့ ထောင်နဲ့ချီတဲ့ကားသမားတွေက မကြာခဏဆိုသလိုဆန္ဒပြမှုတွေပြုလုပ်မှုကြောင့် ဓါတ်ဆီဆိုင်တွေမှာ စစ်သားတွေ တပ်စွဲဖို့ အာဏာပိုင်တွေက မတ် ၂၂ ရက်မှာ အမိန့်ထုတ်လုပ်ပါတယ်။ သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံးစီးပွားရေးပြိုလဲမှုနဲ့ရင်ဆိုင်နေရပြီး လျှပ်စစ်ဓါတ်အားတွေပြတ်တောက်မှုဖြစ်ပွားနေကာ အစားအစာနဲ့ ဟင်းချက်ဖို့ ဓါတ်ငွေ့လိုမျိုး မရှိမဖြစ် ကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်နေပါတယ်။ မတ် ၂၁ ရက်မှာတော့ ဓါတ်ဆီ၀ယ်မရတာကြောင့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ လူစုလူဝေးနဲ့ လမ်းတွေကို နာရီပေါင်းများစွာ ပိတ်ဆို့ဆန္ဒပြခဲ့ပြီးနောက် စစ်သားတွေကို တပ်ဖြန့်ချထားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ရဲတွေကိုအားဖြည့်ဖို့အတွက် စစ်သားတွေကို မနေ့ညက ဖြန့်ကြက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး ဆူပူမှုမှန်သမျှကို တားဆီးသွားဖို့ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ထိပ်တန်းကာကွယ်ရေးတာ၀န်ရှိသူတဦးကပြောပါတယ်။ လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ စက်သုံးဆီလက်လီရောင်းချမှုလုပ်ငန်းရဲ့ သုံးပုံနှစ်ပုံကို လုပ်ကိုင်နေတဲ့ နိုင်ငံပိုင်…

Read More

မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာ မနုဿကျော်ဝင်း ကွယ်လွန်

မတ် ၂၂၊၂၀၂၂ KK(VOM) မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာ မနုဿကျော်ဝင်း(သိပ္ပကျော်စွာ ဦးကျော်ဝင်း)ဟာ ဒီကနေ့ မနက်ပိုင်းက ကွယ်လွန်းသွားတယ်လို့ စာရေးဆရာအသိုင်းအဝိုင်းကနေ သိရပါတယ်။ ဆရာ မနုဿကျော်ဝင်းကို ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ အဖဦးအုန်းမောင်၊ အမိ ဒေါ်လှရှိန်တို့က ၁၉၄၅ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ မွေးဖွားခဲ့ပြီး မွေးချင်း ငါးယောက်ထဲက သားအကြီးဆုံးဖြစ်ပါတယ်။ ဆရာ့ရဲ့အမည်ရင်းမှာ ကျော်ဝင်းဖြစ်ပြီး ၁၉၆၁-ခုမှ စတင်ကာ ပညာဆည်းပူးခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကနေ မနုဿဗေဒပညာရပ် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့နဲ့ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါတယ်။ ၁၉၆၈-ခုနှစ်မှာတော့ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှာ နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဝတ္ထု၊ ဆောင်းပါးများ စတင်ရေးသားရာမှာ ‘ရွှေအိုးလေး’၊ ‘လှမြင့်’၊ ‘မောင်ဝင်းနွယ်(ရန်ကုန် တက္ကသိုလ်)’ နဲ့ ‘တက္ကသိုလ် ဝင်းသူ’ စတဲ့နာမည်တွေနဲ့ရေးသားခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှစတင်ကာ မိမိ အထူးလိုက်စားခဲ့သော မနုဿဗေဒ…

Read More

လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်ရှိ ဟန်မိန်းအထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့

မတ်၂၂-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အလယ်ကျေးရွာ၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီလမ်းရှိ ဟန်မိန်း (HEMG MEI )အထည်ချုပ်စက်ရုံမှာ မနေ့ မတ်လ၂၁ရက် ညနေ ၆နာရီခွဲက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ အလယ်ကျေးရွာနေသူတွေဆီက သိရပါတယ်။ ဟန်မိန်း (HEMG MEI )အထည်ချုပ်စက်ရုံ မီးလောင်မှုကို မီးသတ်တွေ ပရဟိတသမားတွေ ကျေးရွာနေသူတွေ စုပေါင်းငြိမ်းသတ်ခဲ့ရတယ်လို့ ကျေးရွာနေသူတဦးကပြောပါတယ်။ “မီးက ၆ နာရီခွဲကတည်းက လောင်တာ နာရီဝက် တစ်နာရီလောက်ကြာတယ်၊ ကြားတာတော့ ဘွိုင်လာအိုး မီးအပူလွန်ကဲပြီး လောင်တယ်ပြောတာပဲ”လို့ သူက ပြောပါတယ်။ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတဦးက “အဲ့ဒီမီးလောင်မှုကို မီးသတ်ဦးစီးဌာနက ၆နာရီ ၂၅ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ရာ Level 1အဆင့်ကနေ Level 2 ယာဉ်အုပ်စုပြောင်းလဲကာ ည ၇ နာရီ ၅၈ မိနစ်အထိ မီးငြိမ်းသတ်ခဲ့ရတယ်”လို့ ပြောပါတယ်။…

Read More
VOM News

FREE
VIEW