သီရိလင်္ကာမှာ လောင်စာရရှိရေး ဆန္ဒပြမှုကြောင့် ဓါတ်ဆီဆိုင်တွေမှာ စစ်သားတွေ တပ်စွဲထား

ကိုလံဘို၊ မတ်-၂၂-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီရှားပါးနေချိန်မှာ လောင်စာရရှိရေးအတွက် နေစဉ်တန်းစီစောင့်ဆိုင်းနေတဲ့ ထောင်နဲ့ချီတဲ့ကားသမားတွေက မကြာခဏဆိုသလိုဆန္ဒပြမှုတွေပြုလုပ်မှုကြောင့် ဓါတ်ဆီဆိုင်တွေမှာ စစ်သားတွေ တပ်စွဲဖို့ အာဏာပိုင်တွေက မတ် ၂၂ ရက်မှာ အမိန့်ထုတ်လုပ်ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံးစီးပွားရေးပြိုလဲမှုနဲ့ရင်ဆိုင်နေရပြီး လျှပ်စစ်ဓါတ်အားတွေပြတ်တောက်မှုဖြစ်ပွားနေကာ အစားအစာနဲ့ ဟင်းချက်ဖို့ ဓါတ်ငွေ့လိုမျိုး မရှိမဖြစ် ကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်နေပါတယ်။

မတ် ၂၁ ရက်မှာတော့ ဓါတ်ဆီ၀ယ်မရတာကြောင့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ လူစုလူဝေးနဲ့ လမ်းတွေကို နာရီပေါင်းများစွာ ပိတ်ဆို့ဆန္ဒပြခဲ့ပြီးနောက် စစ်သားတွေကို တပ်ဖြန့်ချထားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ရဲတွေကိုအားဖြည့်ဖို့အတွက် စစ်သားတွေကို မနေ့ညက ဖြန့်ကြက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး ဆူပူမှုမှန်သမျှကို တားဆီးသွားဖို့ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ထိပ်တန်းကာကွယ်ရေးတာ၀န်ရှိသူတဦးကပြောပါတယ်။

လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ စက်သုံးဆီလက်လီရောင်းချမှုလုပ်ငန်းရဲ့ သုံးပုံနှစ်ပုံကို လုပ်ကိုင်နေတဲ့ နိုင်ငံပိုင် Ceylon Petroleum Corp ရဲ့ ဆိုင်တွေမှာ စစ်သားတွေ တပ်စွဲထားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: CNA
Photo:AFP
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW