တရုတ်လေယာဉ်ပျက်ကျမှု လိုက်ပါသူ ၁၃၂ ဦးစလုံး သေဆုံးဖွယ်ရှိ

ပေကျင်း၊ မတ်-၂၂-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံတောင်ပိုင်းမှာ မတ် ၂၁ ရက်က လေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ အသက်ရှင်ကျန်ရစ်သူ တွေကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေလျှက်ရှိပြီး လက်ရှိအချိန်ထိ အသက်ရှင်ကျန်ရစ်သူတွေ ကို မတွေ့ရှိရသေးဘူးလို့ တာ၀န်ရှိသူတွေကပြောပါတယ်။

မနေ့ကဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ လိုက်ပါသူအားလုံး သေဆုံးဖွယ်ရှိနေပြီး လေယာဉ်ပေါ်လိုက်ပါသွားသူတွေရဲ့ မိသားစု၀င်တွေက အနီးနားရှိလေဆိပ်မှာ သတင်းစောင့်ဆိုင်းနေကြပါတယ်။

တရုတ်အရှေ့ လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် အမ်ယူ၅၇၃၅ လေယာဉ်ဟာ ခရီးသည် ၁၃၂ ဦးကိုတင်ဆောင်ပြီး ဂွမ်ရှီးပြည်နယ်ရှိ ထောင်ထူထပ်သောဒေသမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။

အဲဒီမတော်တဆမှုနဲ့ပတ်သက်ပြီး အလုံးစုံ စုံစမ်းစစ်ဆေးဖို့ တရုတ်သမ္မတရှီကျင်းပင်က အမိန့်ပေးထားပြီး ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေကို အခင်းဖြစ်ရာနေရာသို့စေလွှတ်ထားပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ လေယာဉ်ရဲ့အပျက်အစီးများကို တောင်ကုန်းတောင်တန်းတွေပေါ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး မီးလောင်ကျွမ်းခဲ့တဲ့ ခရီးဆောင်အိပ်တွေ ပိုက်ဆံအိပ်တွေနဲ့ အထောက်အထားတွေကို တွေ့ရှိထားပါတယ်။

လေယာဉ်ဟာ မြေပြင်ပေါ်သို့ပျက်ကျချိန်မှာ တောအုပ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာည မီးငြိမ်းသွားခဲ့တယ်လို့ တာ၀န်ရှိသူတွေက ဆိုပါတယ်။

Ref: CNA/ BBC
Photo:Reutrers
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW