မာရီယူပိုလ်မြို့ကို ရုရှားတပ်တွေ ဆက်လက်တိုက်ခိုက်၊ စားနပ်ရိက္ခာ၊ ဆေးဝါးမရှိဘဲ လူတစ်သိန်းကျော် ပိတ်မိနေ

ကိယက်ဗ်၊ မတ်-၂၃-၂၀၂၂
မျိုးဆက်(VOM)

ရုရှားတပ်ဖွဲ့တွေရဲ့ သီတင်းနှစ်ပတ်ကျော်ကြာတိုက်ခိုက်မှုခံနေရတဲ့ ယူကရိန်းနိုင်ငံအရှ့ပိုင်း မာရီရူပိုလ်မြို့မှာ လူပေါင်း တသိန်းကျော်ပိတ်မိနေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

အဲဒီမြို့ကနေ နောက်ထပ် လူ ၇၀၀၀ ကိုထပ်မံကယ်ထုတ်နိုင်ခဲ့ကြောင်း ဇီလန်စကီးက မတ် ၂၂ ရက်မှာပြောပါတယ်။ ကျန်ရစ်နေသေးတဲ့သူတွေဟာ အခက်အခဲတွေနဲ့ လူဆန်ဆန်မနေရတဲ့ အခြေအနေတွေရှိနေတယ်လို့သူကဆိုပါတယ်။

ပိတ်မိနေသူတွေဟာ ရုရှားတပ်တွေရဲ့ ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံနေရပြီး အစားအစာ ၊ သောက်သုံးရေနဲ့ ဆေးဝါးပြတ်လပ်နေတယ်လို့ ယူကရိန်းသမ္မတကပြောပါတယ်။

ပိတ်မိနေသူတွေကို ကယ်တင်ဖို့ ဘေးကင်းတဲ့လမ်းကြောင်းတွေ ဖန်တီးဖို့ကြိုးစားနေပေမယ့် ရုရှားတပ်တွေကြောင့် မအောင်မြင်ဘူးလို့ဆိုပါတယ်။

နှစ်နိုင်ငံအကြား သဘောတူညီချက်တွေရှိထားပေမယ့်လည်း လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြန်တွေကို ရုရှားတပ်တွေက တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဇီလန်စကီးကပြောပါတယ်။

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဂျီ-၇ နဲ့ နေတိုးအဖွဲ့အစည်းအဝေးအတွက် အနောက်အုပ်စုခေါင်းဆောင်တွေဟာ မနက်ဖြန်မှာ ဘယ်လ်ဂျီယံမှာတွေ့ဖို့ စီစဉ်ထားကြပါတယ်။

Ref: NHK
Photo:Getty Images
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW