KNCပါတီ ဥက္ကဋ္ဌ နဲ့ NLDပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းကို ထောင်ဒဏ် ၂ နှစ်ချမှတ်

မတ် ၂၃-၂၀၂၂ KK(VOM) ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)ဥက္ကဋ္ဌ ဒေါက်တာ M Kawn La နဲ့ NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးမောင်မောင်ဆွေတို့ကို ဒီကနေ့ မနက်ပိုင်းက နေပြည်တော်ရှိ တရားအသီးသီးကနေ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကနေ သိရပါတယ်။ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)ဥက္ကဋ္ဌ ဒေါက်တာ M Kawn Laကို ဇမ္ဗူသီရိမြို့နယ်တရားရုံးကနေ ဒီကနေ့ မနက်ပိုင်းက ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်က နေပြည်တော်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီးနောက် ဇမ္မူသီရီမြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ အလားတူ နေပြည်တော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)…

Read More

မုန်တိုင်းကြောင့်ပိတ်ခဲ့ရတဲ့ ဧရာဝတီတိုင်းထဲက အခြေခံပညာစာမေးပွဲ ပြန်လည်ကျင်းပမယ်

မတ် ၂၃-၂၀၂၂ GG(VOM) ဧရာဝတီတိုင်းအတွင်း၊ မုန်တိုင်းအန္တရာယ်ကြောင့် ပိတ်ခဲ့ရတဲ့ ဖြေဆိုနေဆဲ အခြေခံပညာစာမေးပွဲတွေကို မတ်လ ၂၅ ရက်နေ့မှာ ပြန်လည်ကျင်းပသွားမယ်လို့ သိရပါတယ်။ လက်ရှိ လေဖိအားနည်းရပ်ဝန်းဟာ ဧရာဝတီတိုင်းအတွင်း တဖြေးဖြေးအားလျော့သွားပြီးဖြစ်တာကြောင့် ဖြေဆိုဖို့ကျန်ရှိနေတဲ့ ဘာသာရပ် ၂ ခုကို မတ်လ ၂၅ ရက်နဲ့ ၂၆ ရက်တို့မှာ ပုံမှန်အချိန်တွေအတိုင်း ဆက်လက်ဖြေဆိုသွားမှာဖြစ်တယ်လို့သိရပါတယ်။ ” လာမယ့် သောကြာနေ့နဲ့စနေနေ့ပေါ့ ပြန်ဖြေရမယ်လို့ ကြေညာတယ်။ မုန်တိုင်းကင်းမှဖြေရတော့ ကျမတို့မိဘတွေလည်း စိတ်နည်းနည်းအေးရတာပေါ့။ ဒီနေ့ကတော့ ရာသီဥတုကောင်းပါတယ်။ မုန်တိုင်းလည်းလျော့သွားပြီလို့သိရတယ်။ ” လို့ ပုသိမ်မြို့ ကျောင်းသား မိဘတဦးကပြောပါတယ်။ ယာယီပိတ်ထားတဲ့အထဲက အခြေခံပညာစာမေးပွဲကိုသာ ပြန်လည်ကျုင်းပဖို့ ကြေညာခဲ့ပြီး ကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ၊ငွေဆောင်၊ရွှေသောင်ယံ၊ဟိုင်းကြီး၊ငရုတ်ကောင်းဒေသရှိ ကမ်းခြေ၊ဟိုတယ်တွေကိုတော့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက မုန်တိုင်းအဆင့် *အစိမ်းရောင်အဆင့်* ပြောင်းလဲသတ်မှတ်ကြောင်းကြေညာပြီးမှသာ ပြန်ဖွင့်မယ်လို့ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကသိရပါတယ်။ အခြေခံ ပညာစာမေးပွဲနဲ့ ကမ်းခြေဒေသကို…

Read More

မုံရွာ လူမှုကယ်ဆယ်ရေးအဖွဲ့ယာဉ် မိုင်းထိပြီးနောက် လုပ်ခဲ့တဲ့အဖွဲ့က တောင်းပန်လို့ ပုံမှန်အတိုင်း ပြန်လည်ကူညီမယ်

မတ် ၊ ၂၃ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ ဘုန်းစိုးရပ်ကွက် ၊ ကျောက္ကာလမ်းမှာ အခြေပြုတဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း (မုံရွာ) ရဲ့ လူနာတင်ယာဥ် မိုင်းထိမှန်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး လူနာပို့ဆောင်ရေး လုပ်ငန်းတွေကို ရက်အကန့်အသတ်မရှိ ရပ်နားထားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ဖေါက်ခွဲတဲ့အဖွဲ့က မှားယွင်းမိကြောင်းတောင်းပန်ခဲ့ပါတယ်။ အဲဒီတောင်းပန်စာထွက်ပြီးနောက်မှာတော့ လူနာတွေကို ငဲ့ကွက်တဲ့အနေနဲ့နဲ့ ပြန်လည်ပို့ဆောင် ကူညီပေးမယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး (မုံရွာ)အသင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။ ” ကျွန်တော်တို့ လူမှုကယ်ဆယ်ရေး အသင်းကို ပစ်မှတ်ထား တိုက်ခိုက်တာ မဟုတ်ဘူး ၊ မှားယွင်းတိုက်ခိုက်တာ ဖြစ်တယ်လို့ လူမှုကွန်ရက်ပေါ်မှာ သက်ဆိုင်ရာအဖွဲ့က ဖွင့်ဟ တောင်းပန်လာတာရယ် ၊ အခုလို မုန်တိုင်းဒဏ်ကြောင့် မိုးအဆက်မပြတ်ရွာနေတဲ့ ကာလမှာ လူနာတွေ သွားလာရေးအတွက် ဒုက္ခမပိုစေလိုတဲ့အတွက် အသင်းရဲ့…

Read More

လပွတ္တာမြို့ပေါ်နဲ့ကျေးရွာတွေမှာ မုန်တိုင်းလာရှောင်သူတွေ မုန်တိုင်းအားလျော့လို့ နေရပ်ပြန်

မတ်လ ၂၃-၂၀၂၂ KK(VOM) လပွတ္တာမြို့ပေါ်နဲ့ကျေးရွာတွေမှာ မုန်တိုင်းလာရှောင်သူတွေဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ မုန်တိုင်းအားလျော့သွားလို့ နေရပ်ကိုပြန်နေကြပြီဖြစ်တယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ လပွတ္တာမြို့ပေါ်ရှိ ကိုးနဝင်း ပရိယတ္တိစာသင်တိုက်၊မြို့လယ်ကျောင်းတိုက်၊စည်ပင်သာယာကျောင်းတိုက်၊ အာသောကရာမကျောင်းတိုက်၊ဓမ္မာလင်္ကာရကျောင်းတိုက် စတဲ့နေရာအသီးသီးမှာ မုန်တိုင်းလာရှောင်သူအချို့ဟာ မုန်တိုင်းအားနည်းသွားလို့ နေရပ်ပြန်တာကြတာဖြစ်တယ်လို့ ကိုးနဝင်းစာသင်တိုက်က ဆရာတော်ဦးပညာဓဇက မိန့်ပါတယ်။ “အကုန်တော့ မပြန်တော့ဘူး မြို့ပေါ်က သူတွေကပြန်ကုန်ပြီ၊ တောနယ်ဘက်က သူတွေတော့ မပြန်သေးဘူး၊ သူတို့က အခြေအနေစောင့်ကြည်နေတယ်”လို့ မိန့်ပါတယ်။ ကိုင်းတော၊ကနစိုငုတ်၊ဖိုးနကို၊အုန်းပင်စု၊ဇီးဖြူ၊ ကြောင်လျှာ၊အဝပိတ် အစရှိတဲ့ ကျေးရွာတွေကနေ မုန်တိုင်းရှောင်သူ တစ်ထောင်နီးပါးကလည်း ဒီကနေ့ မနက်ပိုင်းမှာ နေရပ်ကို ပြန်ကြတယ်လို့ ဘီတွတ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်မောင်ရင်က ပြောပါတယ်။ “အကုန်ပြန်နေကြပါပြီ၊ မပြန်ခင် ရွာကနေ သူတို့ကိုထမင်းတွေ ဘာတွေကျွေးမွေးပါတယ်၊ တစ်ချို့လမ်းခရီးမှာ ဆာမှာစိုးလို့ ထည့်ပေးလိုက်တာလည်းရှိတယ်”လို့ သူကပြောပါတယ်။ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက်ပိုင်းက စတင်ပြီး မုန်တိုင်းငယ်သည် အားလျော့ကာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ပြောင်းလဲပြီး အားလျော့သွားခဲ့ပြီဖြစ်တယ်လို့…

Read More

ရုရှားနဲ့တရုတ်ကို တန်ပြန်ဖို့ အာကာသကာကွယ်ရေးတပ်ဖွဲ့ သြစတြေးလျဖွဲ့စည်းပြီ

ဆစ်ဒနီ၊ မတ်-၂၃-၂၀၂၂ မျိုးဆက်(VOM) သြစတြေးလျနိုင်ငံဟာ ရုရှားနဲ့ တရုတ်တို့ရဲ့ အာကာသဆိုင်ရာ ရည်မှန်းချက်တွေကို တန်ပြန်ဖို့အတွက် အာကာကသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း မတ် ၂၂ ရက်မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။ အာကာသကာကွယ်ရေးတပ်ဖွဲ့ဟာ အာကာသနယ်ပယ်မှာ သြစတြေးလျရဲ့ ရပ်တည်မှုကို လုံခြုံစေလိမ့်မယ်လို့ သြစတြေးလျကာကွယ်ရေး၀န်ကြီး ပီတာဒက်တန်က ပြောပါတယ်။ အမေရိကန်၊ တရုတ်နှင့် ရုရှားတို့ဟာ အာကာသအတွင်း ဂြိုဟ်တုကိုဖျက်ဆီးနိုင်တဲ့ လက်နက်တွေကို စမ်းသပ်ခဲ့ကြတယ်လို့ ယုံကြည်ရပါတယ်။ အာကာသဟာ လက်ရှိရာစုနှစ်အတွင်း ပိုမိုကျယ်ပြန့်တဲ့ စစ်ရေးဆိုင်ရာနယ်ပယ်တစ်ခုဖြစ်လာနေပြီး နိုင်ငံတွေအကြား ပဋိပက္ခဖြစ်ပွားစေမယ့် နယ်ပယ်တစ်ခုဖြစ်လာတာကို ဆန့်ကျင်ဖို့ ကာကွယ်ရေး၀န်ကြီး ပီတာဒက်တန်က သတိပေးပြောဆိုပါတယ်။ သြစတြေးလျရဲ့ အာကာသကာကွယ်ရေးတပ်ဖွဲ့မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ အခြားပုဂ္ဂလိက ကန်ထရိုက်တာတွေလည်းပါ၀င်ပါတယ်။ ဗြိတိန်ဟာလည်း ၂၀၁၉ ခုနှစ်မှာ အာကာသကွပ်ကဲမှု စစ်ဌာနချုပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ Ref: BBC Photo: AUSTRALIA…

Read More

ထိုးစစ်တွေအတွင်း ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ မြန်မာစစ်ဘက်ကို အာဆီယံအထူးသံတမန် တိုက်တွန်း

ဖနွမ်းပင်၊ မတ်-၂၃-၂၀၂၂ မျိုးဆက်(VOM) မြန်မာစစ်ဘက်ရဲ့ ထိုးစစ်တွေအတွင်း ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က မြန်မာစစ်ဘက်ကို တိုက်တွန်းခဲ့ကြောင်း မတ် ၂၃ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။ သြစတြေးလျစီးပွားရေးပညာရှင်ရှောင်တာနယ်အပါ၀င် အကျဉ်းသားတွေပြန်လွှတ်ပေးရေးအတွက်ကိုလည်း အာဆီယံအထူးသံတမန်ဖြစ်သူ Prak Sokhonn ကတောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားအကျဉ်းသားတွေနဲ့ တွေ့ဆုံခွင့်ရရေးကို နောင်တချိန်မှာ စဉ်းစားပေးမယ်လို့ နစက ဥက္ကဌက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နစကကို တရား၀င်အသိအမှတ်ပြုတဲ့သဘောရောက်ကြောင်း ဝေဖန်မှုသူတွေက ရှုမြင်ကြတယ်ဆိုတာကို နားလည်းကြောင်း၊ ဒါပေမယ့် ယခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် ကမ္ဘောဒီးယားတာ၀န်ယူချိန်အတွင်း ဖြေရှင်းဖို့လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးအကြပ်အတည်းအတွက် အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ အာဆီယံအထူးသံတမန်က ပြောပါတယ်။ မြန်မာ့အရေးဟာ ရှုပ်ထွေးပြီး ဖြေရှင်းနိုင်ဖို့ အချိန်ယူရမှာဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ အာဆီယံဥက္ကဌတာ၀န်ယူချိန်အတွင်း တထိုင်တည်းဖြေရှင်းလို့ ရမှာမဟုတ်ဘူးလို့ ကမ္ဘောဒီးယားကို ပြန်ရောက်ချိန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောပါတယ်။ ဖြစ်ပွားနေတဲ့…

Read More

မန္တလေးမှာ ညမထွက်ရအမိန့်ကို ၁၂ နာရီအထိ ဖြေလျှော့ပေး

မတ် ၂၃- ၂၀၂၂ Voice Of Myanamar မန္တလေးမြို့မှာ အရင်က ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမယ့် နယ်မြေတည်ငြိမ်အေးချမ်းလာ‌တာကြောင့် ဒီကနေ့က စတင်ပြီး ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ အချိန်ပြောင်းလဲသတ်မှတ်ထားတယ်လို့ သိရပါတယ်။ မန္တလေးခရိုင်အတွင်းမှာရှိတဲ့ အောင်မြေသာစံ၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်တွေကို အရင်ကသတ်မှတ်ထားတဲ့ ညမထွက်ရအမိန့်ကို ဖြေလျှော့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ညမထွက်ရအမိန့်ကို ပြောင်းလဲသတ်မှတ်ခဲ့ပေမယ့် လူ(၅) ဦးဖြစ်စေ လူငါးဦးထက်ပို၍ဖြစ်စေ မြို့နယ်အတွင်း အများပြည်သူသွားရာလမ်း၊လမ်းကြား၊လမ်းသွယ်၊ဥယျာဥ်နဲ့ ပြည်သူနှင့်ဆိုင်သော နေရာတွေမှာ စုဝေးခြင်းမပြုဖို့ တားမြစ်ထားတယ်ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုက မြို့နယ်တွေကို ပုဒ်မ…

Read More

မာရီယူပိုလ်မြို့ကို ရုရှားတပ်တွေ ဆက်လက်တိုက်ခိုက်၊ စားနပ်ရိက္ခာ၊ ဆေးဝါးမရှိဘဲ လူတစ်သိန်းကျော် ပိတ်မိနေ

ကိယက်ဗ်၊ မတ်-၂၃-၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်ဖွဲ့တွေရဲ့ သီတင်းနှစ်ပတ်ကျော်ကြာတိုက်ခိုက်မှုခံနေရတဲ့ ယူကရိန်းနိုင်ငံအရှ့ပိုင်း မာရီရူပိုလ်မြို့မှာ လူပေါင်း တသိန်းကျော်ပိတ်မိနေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ အဲဒီမြို့ကနေ နောက်ထပ် လူ ၇၀၀၀ ကိုထပ်မံကယ်ထုတ်နိုင်ခဲ့ကြောင်း ဇီလန်စကီးက မတ် ၂၂ ရက်မှာပြောပါတယ်။ ကျန်ရစ်နေသေးတဲ့သူတွေဟာ အခက်အခဲတွေနဲ့ လူဆန်ဆန်မနေရတဲ့ အခြေအနေတွေရှိနေတယ်လို့သူကဆိုပါတယ်။ ပိတ်မိနေသူတွေဟာ ရုရှားတပ်တွေရဲ့ ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံနေရပြီး အစားအစာ ၊ သောက်သုံးရေနဲ့ ဆေးဝါးပြတ်လပ်နေတယ်လို့ ယူကရိန်းသမ္မတကပြောပါတယ်။ ပိတ်မိနေသူတွေကို ကယ်တင်ဖို့ ဘေးကင်းတဲ့လမ်းကြောင်းတွေ ဖန်တီးဖို့ကြိုးစားနေပေမယ့် ရုရှားတပ်တွေကြောင့် မအောင်မြင်ဘူးလို့ဆိုပါတယ်။ နှစ်နိုင်ငံအကြား သဘောတူညီချက်တွေရှိထားပေမယ့်လည်း လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြန်တွေကို ရုရှားတပ်တွေက တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဇီလန်စကီးကပြောပါတယ်။ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဂျီ-၇ နဲ့ နေတိုးအဖွဲ့အစည်းအဝေးအတွက် အနောက်အုပ်စုခေါင်းဆောင်တွေဟာ မနက်ဖြန်မှာ ဘယ်လ်ဂျီယံမှာတွေ့ဖို့ စီစဉ်ထားကြပါတယ်။ Ref: NHK Photo:Getty…

Read More

KBZဘဏ်က ငွေထုတ်ပေးဖို့ တုံကင်ရယူမှုပုံစံ ထပ်ပြောင်းလိုက်လို့ ငွေထုတ်ရ ပိုခက်ခဲလာ

မတ် ၂၃-၂၀၂၂ GG (VOM) ကမ္ဘောဇဘဏ်က ဘဏ်အကောင့်နဲ့ KBZ pay center တွေကနေ ငွေထုတ်ဖို့အတွက် တုံကင်ရယူတဲ့ပုံစံကို ထပ်မံပြောင်းလဲလိုက်တာကြောင့် ငွေထုတ်ရာမှာ အရင်ကထက်ပိုပြီးခက်ခဲလာတယ်လို့သိရပါတယ်။ အရင်က Kpay ထုတ်မယ်ဆိုရင် ရက်ချိန်း ၇ ရက်ပြည့်ပါက တုံကင်ထပ်ယူပြီး ငွေထပ်မံထုတ်ယူလို့ရကြောင်း၊ အဲ့ဒီနောက်မှာ ၁၄ ရက်တကြိမ်သာ တုံကင်ရယူ ငွေထုတ်ပေးတဲ့စနစ်ကိုပြောင်းလဲခဲ့ပြီး ယခုတကြိမ် တုံကင်ယူတဲ့ပုံစံကို တနင်္ဂနွေ နေ့ကနေ ကြာသပတေးနေ့အထိ မနက် ၉ နာရီကနေ ည၉နာရီအတွင်း ထပ်မံပြောင်းလဲလိုက်တာဖြစ်ပါတယ်။ သတ်မှတ်အချိန်အတွင်း တုံကင်ရယူပေမယ့်လည်း ရက်သတ္တပတ်ကျော်ကြာတဲ့အထိ တုံကင်မရတဲ့ပြသာနာဖြစ်ပေါ်နေတာဖြစ်တယ်လို့ Kpay အသုံးပြုသူတွေဆီကသိရပါတယ်။ ” အကောင့်ထဲကရော kpay ကရော ငွေထုတ်ဖို့နေ့တိုင်းသူတို့ပြောတဲ့အချိန်အတိအကျ တုံကင်ယူနေတာပဲ၊၁၀ ရက်လောက်ရှိပြီ အခုထိမရသေးဘူး။သူတို့ပေးချင်တဲ့သူကိုပေးနေတာ။ မရတော့လည်း ဘာကြောင့်မရတယ်ဆိုတာ မသိရဘူး။ တုံကင်ကို kbz အလီကေးရှင်းကနေယူရတာ။ ရမရကို ခနခနပြန်ဝင်ကြည့်နေရတယ်…

Read More

ခင်ဦးမြို့နယ်ထဲက မီးရှို့ခံရတဲ့ မီးဘေးသင့်ပြည်သူ ၂ ထောင်ကျော် အရေးပေါ် အကူအညီတွေ လိုအပ်နေ

မတ် ၊ ၂၃-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာပေါင်း ၇ ရွာဟာ မီးရှို့ခံရ​တဲ့ မီးဘေးသင့်ပြည်သူ ၂ ထောင်ကျော်ဟာ ကူညီထောက်ပံ့မှုတွေ အရေးတကြီး လိုအပ်နေတယ်လို့ ခင်ဦးနယ်ခံ ပရဟိတသမားတွေဆီက သိရပါတယ်။ ” မီးဘေး ပြဿနာကြုံရတဲ့ရွာက ၇ ရွာ ၊ မီးလောင်ဆုံးရှုံးရတဲ့ အိုးအိမ်ပေါင်းက ၃၂၇ လုံး ၊ မီးဘေးသင့် ဒုက္ခသည်ပေါင်းက ၂ ထောင်ကျော်တယ် ” လို့ နယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။ ခင်ဦးမြို့နယ်ထဲက မီးဘေးသင့်ခဲ့ရတဲ့ ကျေးရွာတွေကတော့ ဒါန်းကုန်းရွာမှာ အိမ်ခြေ ၄၃ အိမ် ၊ မှန်တောကျေးရွာမှာ ၃၈ အိမ် ၊ သက်ပေးကျေးရွာမှာ ၁၃ အိမ် ၊ တမုတ်ကျေးရွာမှာ ၉၃…

Read More
VOM News

FREE
VIEW