ရုရှားနဲ့တရုတ်ကို တန်ပြန်ဖို့ အာကာသကာကွယ်ရေးတပ်ဖွဲ့ သြစတြေးလျဖွဲ့စည်းပြီ

ဆစ်ဒနီ၊ မတ်-၂၃-၂၀၂၂
မျိုးဆက်(VOM)

သြစတြေးလျနိုင်ငံဟာ ရုရှားနဲ့ တရုတ်တို့ရဲ့ အာကာသဆိုင်ရာ ရည်မှန်းချက်တွေကို တန်ပြန်ဖို့အတွက် အာကာကသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း မတ် ၂၂ ရက်မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

အာကာသကာကွယ်ရေးတပ်ဖွဲ့ဟာ အာကာသနယ်ပယ်မှာ သြစတြေးလျရဲ့ ရပ်တည်မှုကို လုံခြုံစေလိမ့်မယ်လို့ သြစတြေးလျကာကွယ်ရေး၀န်ကြီး ပီတာဒက်တန်က ပြောပါတယ်။

အမေရိကန်၊ တရုတ်နှင့် ရုရှားတို့ဟာ အာကာသအတွင်း ဂြိုဟ်တုကိုဖျက်ဆီးနိုင်တဲ့ လက်နက်တွေကို စမ်းသပ်ခဲ့ကြတယ်လို့ ယုံကြည်ရပါတယ်။

အာကာသဟာ လက်ရှိရာစုနှစ်အတွင်း ပိုမိုကျယ်ပြန့်တဲ့ စစ်ရေးဆိုင်ရာနယ်ပယ်တစ်ခုဖြစ်လာနေပြီး နိုင်ငံတွေအကြား ပဋိပက္ခဖြစ်ပွားစေမယ့် နယ်ပယ်တစ်ခုဖြစ်လာတာကို ဆန့်ကျင်ဖို့ ကာကွယ်ရေး၀န်ကြီး ပီတာဒက်တန်က သတိပေးပြောဆိုပါတယ်။

သြစတြေးလျရဲ့ အာကာသကာကွယ်ရေးတပ်ဖွဲ့မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ အခြားပုဂ္ဂလိက ကန်ထရိုက်တာတွေလည်းပါ၀င်ပါတယ်။ ဗြိတိန်ဟာလည်း ၂၀၁၉ ခုနှစ်မှာ အာကာသကွပ်ကဲမှု စစ်ဌာနချုပ်ကို ဖွဲ့စည်းခဲ့ပါတယ်။

Ref: BBC
Photo: AUSTRALIA GOVERNMENT DEPARTMENT OF DEFENCE
#voiceofmyanmar #VOM #ဆစ်ဒနီ

Related posts

VOM News

FREE
VIEW