လပွတ္တာမြို့ပေါ်နဲ့ကျေးရွာတွေမှာ မုန်တိုင်းလာရှောင်သူတွေ မုန်တိုင်းအားလျော့လို့ နေရပ်ပြန်

မတ်လ ၂၃-၂၀၂၂
KK(VOM)

လပွတ္တာမြို့ပေါ်နဲ့ကျေးရွာတွေမှာ မုန်တိုင်းလာရှောင်သူတွေဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ မုန်တိုင်းအားလျော့သွားလို့ နေရပ်ကိုပြန်နေကြပြီဖြစ်တယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

လပွတ္တာမြို့ပေါ်ရှိ ကိုးနဝင်း ပရိယတ္တိစာသင်တိုက်၊မြို့လယ်ကျောင်းတိုက်၊စည်ပင်သာယာကျောင်းတိုက်၊ အာသောကရာမကျောင်းတိုက်၊ဓမ္မာလင်္ကာရကျောင်းတိုက် စတဲ့နေရာအသီးသီးမှာ မုန်တိုင်းလာရှောင်သူအချို့ဟာ မုန်တိုင်းအားနည်းသွားလို့ နေရပ်ပြန်တာကြတာဖြစ်တယ်လို့ ကိုးနဝင်းစာသင်တိုက်က ဆရာတော်ဦးပညာဓဇက မိန့်ပါတယ်။

“အကုန်တော့ မပြန်တော့ဘူး မြို့ပေါ်က သူတွေကပြန်ကုန်ပြီ၊ တောနယ်ဘက်က သူတွေတော့ မပြန်သေးဘူး၊ သူတို့က အခြေအနေစောင့်ကြည်နေတယ်”လို့ မိန့်ပါတယ်။

ကိုင်းတော၊ကနစိုငုတ်၊ဖိုးနကို၊အုန်းပင်စု၊ဇီးဖြူ၊ ကြောင်လျှာ၊အဝပိတ် အစရှိတဲ့ ကျေးရွာတွေကနေ မုန်တိုင်းရှောင်သူ တစ်ထောင်နီးပါးကလည်း ဒီကနေ့ မနက်ပိုင်းမှာ နေရပ်ကို ပြန်ကြတယ်လို့ ဘီတွတ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်မောင်ရင်က ပြောပါတယ်။

“အကုန်ပြန်နေကြပါပြီ၊ မပြန်ခင် ရွာကနေ သူတို့ကိုထမင်းတွေ ဘာတွေကျွေးမွေးပါတယ်၊ တစ်ချို့လမ်းခရီးမှာ ဆာမှာစိုးလို့ ထည့်ပေးလိုက်တာလည်းရှိတယ်”လို့ သူကပြောပါတယ်။

မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက်ပိုင်းက စတင်ပြီး မုန်တိုင်းငယ်သည် အားလျော့ကာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ပြောင်းလဲပြီး အားလျော့သွားခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းရှောင်သူတွေ နေရပ်ကို ပြန်ရာမှာလည်း လမ်းမှာစားသောက်ဖို့အတွက် စားစရာတွေကို ဝေငှပေးတာတွေလည်းရှိတယ်လို့ မုန်တိုင်းရှောင်သူတွေဆီက သိရပါတယ်။

မော်လမြိုင်ကျွန်းနဲ့လပွတ္တာမြို့နယ်မှာ မနေ့မနက်ပိုင်းက မိုးသည်းထန်စွာရွာကာ လေပြင်းတိုက်ပြီးရေတက်လာကြောင့် မုန်တိုင်းရှောင်သူတွေ ထောင်ချီရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတ
ယ်။

#voiceofmyanmar #VOM #လပွတ္တာ #မုန်တိုင်းရှောင်ပြည်သူ #နေရပ်ပြန်

Related posts

Leave a Comment

VOM News

FREE
VIEW