ကိုဗစ်-၁၉ Vaccineကို ရန်ကုန်မှာ စတင်ထုတ်နေပြီလို့ တရုတ်သံရုံးထုတ်ပြန်

မတ် ၂၅-၂၀၂၂
VOM (GG)

တရုတ် နဲ့မြန်မာပူးပေါင်းပြီး ကိုဗစ်-၁၉ Vaccine ကိုရန်ကုန်မှာ မတ်လ ၂၃ ရက်နေ့မှာ စတင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်-၁၉ Vaccine ကို Sinopharm Group (CNBG) နဲ့ မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနက ပူးပေါင်းထုတ်လုပ်နေတာဖြစ်ပြီး၊ Sinopharm Group ဘက်က ထုတ်လုပ်မှုနည်းနဲ့ အရည်အသွေးစမ်းသပ်စစ်ဆေးမှုနည်းကို သင်ကြားလေ့ကျင့်ပေးတာဖြစ်လို့ မြန်မာနိုင်ငံထုတ် ကိုဗစ်Vaccine က အရည်အသွေးကောင်းမွန်ပြီး စိတ်ချရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အခုလို Vaccine RTF Bulk ပူးပေါင်းထုတ်လုပ်မှုစက်ရုံဟာ Sinopharm Group အနေနဲ့ အာရှ-ပစိဖိတ်ဒေသ၌ ပထမဆုံးတရားဝင်ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ Vaccine စက်ရုံဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ် သံအမတ်ကြီး Mr. Chen Hai က မနေ့က မတ်လ ၂၃ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ကိုဗစ်-၁၉ Vaccine စတင်ထုတ်လုပ်တဲ့ အခမ်းအနားမှာပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အသည်းရောင်အသားဝါဘီပိုး၊ တုပ်ကွေး Vaccine စတဲ့ ကဏ္ဍတွေမှာလည်း မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးနေတယ်လို့ ပြောခဲ့ပါသေးတယ်။

နောက်ပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကို ယွမ် ၁၀.၅ သန်း တန်ဖိုးရှိ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းတွေ ထောက်ပံ့ပေးဖို့ရှိကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနဲ့ ယူနန်ပြည်နယ်အစိုးရကလည်း မြန်မာနိုင်ငံကို ကာကွယ်ဆေးထိုးအပ် ၃ သန်း အရေးပေါ်လှူဒါန်းဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်း ဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန် ပျံ့နှံ့နေဆဲဖြစ်လို့ Vaccine ထိုးနှံရမယ့်သူ အားလုံးရဲ့ ၁၀၀% ပြည့်မီအောင် ထိုးနှံနိုင်ဖို့ကို ကြိုးစားနေတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ပွားချိန်ကနေ မတ်လ၂၃ရက်နေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၅၄၈,၆၃၈ ခုကို စစ်ဆေးခဲ့ပြီး COVID 19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၀၉,၉၁၅ ဦး ရှိပြီ ဖြစ်တယ်လို့သိရပါတယ်။

ဆေးရုံဆင်းခွင့်ရရှိထားသူက ၅၆၆,၃၇၅ ဦးရှိပြီး COVID-19 ရောဂါနဲ့ သေဆုံးသူစုစုပေါင်းက ၁၉,၄၂၈ ဦး ရှိပါတယ်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်ပြီး ထိုးနှံပေးမှုက မတ်လ ၂၂ ရက်နေ့အထိကို လူဦးရေ စုစုပေါင်း ၂၆,၀၀၀,၇၀၀ ဦး ထိုးနှံပေးပြီးဖြစ်တယ်လို့ ငိရပါတယ်။

ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူက ၂၁,၇၀၁,၈၄၂ ဦး နဲ့ ပထမအကြိမ်ထိုးနှံပြီးစီးသူက ၄,၂၉၈,၈၅၈ ဦး ရှိပြီဖြစ်လို့ မြန်မာတနိုင်ငံလုံးအနေနဲ့ ဆိုပါက COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၄၇,၇၀၂,၅၄၂ ကြိမ် ထိုးနှံပြီး ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ကိုဗစ် #Vaccine #ရန်ကုန်မှာစထုတ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW