ဇေကမ္ဘာဦးခင်ရွှေနဲ့ သူ့သားကိုဇေသီဟတို့ကို ဧပြီလမှာ ရုံးထုတ်စစ်ဆေးမယ်

မတ် ၂၄-၂၀၂၂ KK(VOM) ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူ ဇေသီဟတို့ကို လာမယ့် ဧပြီလအတွင်းမှာ ဗဟန်မြို့နယ်တရားရုံးနဲ့ မင်္ဂလာဒုံတရားရုံးတို့မှာ ရုံးထုတ်စစ်ဆေးမယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။ သူတို့၂ဦးကို မတ်လ ၂၁ ရက်က ဗဟန်းမြို့နယ်က နေအိမ်မှာဖမ်းဆီးပြီးနောက် အင်းစိန်အကျဥ်းထောင်ကို ပို့ဆောင်ခဲ့ရာ ချုပ်ရက်ရမန်ယူထားပြီး ဧပြီလ အစောပိုင်းမှာ ရုံးထုတ်စစ်ဆေးမှာ ဖြစ်တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။ “ချုပ်ရက်ရမာန်ယူထားတော့ ဧပြီ ၄ ရက် ၅ ရက်လောက်ဖြစ်မယ်၊ သင်္ကြန်ပိတ်ရက်လည်း ရှိသေးတယ်၊ အဲ့ဒါကြောင့် ဧပြီလစောစော စစ်မှာ၊ ဗဟန်းနဲ့မင်္ဂလာဒုံတရာရုံးတွေမှာ စစ်မှာပါ”လို့ သူကပြောပါတယ်။ ဇေကမ္ဘာ ကုမ္ပဏီဟာ စစ်ထောက်ချုပ်ရုံးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်စည်းကမ်းတွေကို ချိုးဖောက်တာနဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရဘဲ ရှေးဟောင်းအဆောက်အအုံတချို့ကို ဖြိုချခဲ့လို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှုကြီးတဦးက ဗဟန်းမြို့မရဲစခန်းမှာ ဖေဖော်ဝါရီလ ၁၁ရက်က ပုဒ်မ –…

Read More

နျူကလီးယားစစ်ပွဲဖြစ်လာရင် ဘယ်တော့မှ ရုရှားမနိုင်ဘူးလို့ နေတိုးအကြီးအကဲ သတိပေး

ဘရပ်ဆဲလ်၊ မတ်-၂၄-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားနဲ့အနောက်အုပ်စုနိုင်ငံတွေအကြား နျူကလီးယားစစ်ဖြစ်မှာကို နေတိုးအဖွဲ့က မတ်လ၂၃ ရက်မှာ သတိပေးလိုက်ပါတယ်။ နျူကလီးယားလက်နက်သုံးမယ်ဆိုတဲ့ အန္တရာယ်ကြီးတဲ့ တာ၀န်မဲ့စကားတွေပြောနေတာကို ရုရှားအနေနဲ့ ရပ်တန့်သင့်တယ်လို့ နေတိုးအကြီးအကဲ ယန်စတိုတန်ဘာ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါပေမယ့် ခြိမ်းခြောက်မှုမှန်သမျှကနေ မဟာမိတ်တွေကို အချိန်မရွေးကာကွယ်ပေးပြီး ခုခံကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ အဆင့်သင့်ဖြစ်မှုကိုလည်း သံသယမရှိဖို့ သူကပြောပါတယ်။ နျူကလီးယားစစ်ပွဲကို ဘယ်တော့မှ မနိုင်ဘူးဆိုတာ ရုရှားအနေနဲ့ နားလည်သဘောပေါက်ရမယ်လို့ ဘရပ်ဆဲလ်မှာကျင်းပတဲ့ နေတိုးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ စတိုတန်ဘာ့က သတိပေးပြောဆိုပါတယ်။ လက်ရှိယူကရိန်းအရေးမှာ နေတိုးအဖွဲ့ဟာ ပဋိပက္ခထဲမှာမပါဘူး။ ယူကရိန်းကို အထောက်အပံ့တွေပေးနေပေမယ့် ပဋိပက္ခရဲ့ အစိတ်အပိုင်းတရပ် ဖြစ်မနေဘူးလို့ သူကဆိုပါတယ်။ နေတိုးအဖွဲ့အနေနဲ့ ယူကရိန်းကို တပ်ဖွဲ့၀င်တွေ စေလွှတ်မှာမဟုတ်ပါဘူး။ ယူကရိန်းကို ထောက်ပံ့မှုတွေပြုဖို့ အလွန်အရေးကြီးနေပြီး ဒါကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် တချိန်တည်းမှာဘဲ နေတိုးအဖွဲ့နဲ့ ရုရှားတို့အကြား…

Read More

‘ဝ’နယ်မြေက ပန်ခမ်းမြို့ကို လော့ခ်ဒေါင်း ထပ်မံချပြီး အာခေါင်တို့ဖတ်စစ်ဆေးမယ်

မတ် ၂၄-၂၀၂၂ VOM (GG) ‘ဝ’တပ်ဖွဲ့(UWSA) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ခမ်းမြို့ကို ထပ်မံ Lockdown ချပြီး တစ်မြို့လုံး အာခေါင်တို့ဖတ်ယူ စစ်ဆေးမှု ပြုလုပ်သွားမယ်လို့ ပန်ခမ်းမြို့ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ လတ်တလော ‘ ဝ ‘ပြည်နယ်ရှိ ဒေသတွေမှာ ကိုဗစ်ရောဂါကူးစက်မှုပြန့်ပွားနေတာကြောင့် ကိုဗစ်ရောဂါကူးစက်မှုကိုထိန်းချုပ်ဖို့အတွက် ပန်ခမ်းမြို့ကို လော့ခ်ဒေါင်းချပြီး တမြို့လုံးကို အာခေါင်တို့ဖတ်စစ်ဆေးဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ” မတ်လဆန်းကလည်း လော့ခ်ဒေါင်းချပြီး ဆေးစစ်တာတွေလုပ်ခဲ့ပြီးပြီ၊ အခုလည်းထပ်လုပ်အုံးမယ်၊ ဟိုးအရင်က လည်းလုပ်ခဲ့တယ်။ ခနခနလော့ခ်ဒေါင်းချပြီးစစ်နေတာ ၊ အခုတခါက၁၄ ရက်လို့ ကြေညာတာတွေ့တယ် ၊ပစ္စည်းတွေစုဆောင်းဖို့ တရက်အချိန်ရတယ် ” လို့ ပန်ခန်းမြို့မှာနေထိုင်သူတဦးကပြောပါတယ်။ ပန်ခမ်းမြို့ Lockdown ကို မတ်လ ၂၅ ရက်နေ့ ည ၁၀ နာရီကနေ ဧပြီလ ၈ ရက်နေ့ ည၁၀ နာရီအထိ…

Read More

တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစင်း မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်ပြန်

ဆိုးလ်၊ မတ်-၂၄-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကို ဦးတည်ပြီး တာဝေးပစ်ဒုံးကျည်တစင်းကို မတ် ၂၄ ရက်မှာ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်စစ်ဘက်တို့က ပြောပါတယ်။ ယခင်စမ်းသပ်မှုဟာ လေထဲမှာပေါက်ကွဲမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် တပတ်အကြာမှာ အခုလိုထပ်မံ စမ်းသပ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ အမျိုးအမည်မသိ ဒုံးကျည်ကို တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးချုပ်များအဖွဲ့က ပြောပါတယ်။ အဲဒီဒုံးပျံဟာ တာဝေးပစ်ဒုံးကျည်လို့ ယူဆရပြီး အလွန်မြင့်တဲ့လမ်းကြောင်းကနေ ပစ်ခတ်လိုက်တဲ့အတွက် တိုက်ချင်းပစ်ဒုံးပျံဖြစ်ဖွယ်ရှိကြောင်း ထုတ်ပြန်ထားတယ်လို့ ယွန်ဟက်သတင်းဌာနက ဆိုပါတယ်။ လက်ရှိပစ်ခတ်စမ်းသပ်မှုဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း အပြည့်အ၀စမ်းသပ်ပစ်ခတ်ခြင်းမရှိခဲ့တဲ့ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုဟုတ်မဟုတ်ကိုတော့ တောင်ကိုရီးယားစစ်ဘက်က ချက်ချင်းအတည်ပြုခြင်းမရှိသေးပါဘူး။ ဒီစမ်းသပ်မှုဟာ ပဲ့ထိန်းဒုံးကျည်ဖြစ်နိုင်တယ်လို့ ဂျပန်အစိုးရကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။ မြောက်ကိုရီးယားဟာ မတ် ၁၆ ရက်မှာ ဒုံးကျည်စမ်းသပ်မှုတခုပြုလုပ်ခဲ့ပြီး ပစ်လွှတ်ပြီးမကြာမီ ပေါက်ကွဲပျက်စီးခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်အပြည့်အ၀ ပစ်ခတ်စမ်းသပ်မှုလုပ်ဖို့ ပြင်ဆင်နေဖွယ်ရှိတယ်လို့…

Read More

ပြည်နယ်နဲ့ တိုင်းဒေသကြီး ၅ ခုမှာ ငွေစက္ကူအတု ဖမ်းဆီးရရှိမှု ၁၀ ကြိမ်ရှိ

မတ် ၂၄-၂၀၂၂ KK(VOM) ပြည်နယ်နဲ့ တိုင်းဒေသကြီး ၅ ခု မှာ တစ်သောင်းတန်နဲ့ငါးထောင်တန် ငွေစက္ကူအတုတွေ ယခုနှစ် သုံးလအတွင်း ဖမ်းဆီးရရှိမှု ၁၀ ကြိမ်ရှိတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ တစ်သောင်းတန်နဲ့ငါးထောင်တန်ငွေစက္ကူအတုတွေကို ယခုနှစ် ဇန်နဝါရီလ ၆ ရက် ကနေ မတ်လ ၂၀ ရက်အတွင်း နေပြည်တော်၊ကရင်ပြည်နယ်၊ဧရာဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတွေမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ အခုနှစ် ဇန်နဝါရီ ၆ ရက်က နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်မှာ တစ်သောင်းတန်ငွေစက္ကူအတု ၃၈၀ ရွက်ဖမ်းဆီးရမိခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက်က မြဝတီမြို့နယ်မှာ တစ်သောင်းတန်ငွေစက္ကူအတု ၁၇၅၀ ရွက် ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာတော့ ဇန်နဝါရီလ ၁၄ ရက်က ကျုံပျော်မြို့နယ်မှာ တစ်သောင်းတန်ငွေစက္ကူအတု ၄၂ရွက်၊ဇန်နဝါရီ ၂၉ ရက်က ပုသိမ်မြို့နယ်မှာ တစ်သောင်းတန်ငွေစက္ကူအတု ၁၆၁၈…

Read More

ယူကရိန်းအရေး တင်းမာနေစဉ် အရှေ့ဥရောပသို့ နေတိုးတပ်ဖွဲ့၀င်တွေ ထပ်မံဖြည့်တင်းမည်

ဘရယ်ဆဲလ်၊ မတ်-၂၄-၂၀၂၂ မျိုးဆက်(VOM) နေတိုးအဖွဲ့ဟာ အရှေ့ဥရောပမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့၀င်အရေအတွက်ကို တိုးမြှင့်ဖြန့်ကြက်ချထားဖို့ စီစဉ်နေကြောင်း နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်မှုနဲ့ပတ်သက်ပြီး အရေးပေါ်ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အကြိုသတင်းစာရှင်းလင်းပွဲမှာ မစ္စတာစတိုတန်ဘာ့က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ဟန်ဂေရီ၊ စလိုဗက်ကီးယား၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားတို့မှာ တပ်ဖွဲ့၀င်တွေ ထပ်မံဖြည့်တင်းဖို့အတွက် သူက ကတိပြုပြောဆိုပါတယ်။ ဓါတုလက်နက်၊ ဇီ၀လက်နက်နဲ့ နျူကလီးယားအသုံးပြုမှုကို ဆန့်ကျင်ပြီး ပိုမိုကာကွယ်ပေးမှုအပါအ၀င် ယူကရိန်းအတွက် ပိုမိုပံ့ပိုးကူညီဖို့ကိုလည်း နေတိုးအဖွဲ့၀င်နိုင်ငံတွေအကြား သဘောတူဖို့ရှိနေပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ မတ် ၂၄ ရက်မှာကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲအပြင် အခြားဥရောပခေါင်းဆောင်တွေနဲ့တွေ့ဖို့ ဘရပ်ဆဲလ်ကို သွားရောက်နေပြီဖြစ်ပါတယ်။ သမ္မတဂျိုးဘိုင်ဒင်ဟာ ဥရောပမှာရှိနေစဉ်အတွင်း ရုရှားနိုင်ငံရေးသမားတွေနဲ့ ထိပ်တန်းခေါင်းဆောင်တွေအပေါ်ကို နောက်ထပ်အရေးယူပိတ်ဆို့မှုတွေ ကြေညာဖွယ်ရှိနေပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ဘရယ်ဆဲလ်

Read More

ရုပ်ရှင်ရုံတွေပြန်ဖွင့်မယ်ဆိုသော်လည်း လုပ်ငန်းလည်ပတ်နိုင်ဖို့ မြေပြင်အခြေအနေ စောင့်ကြည့်ရမယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းသုံးသပ်

မတ်၂၄-၂၀၂၂ VOM (GG) ရုပ်ရှင်ရုံပေါင်း ၆၀ ခန့်ကို လာမယ့်ဧပြီလ ၁၇ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးလိုက်ပါတယ်။ ရုပ်ရှင်ရုံတွေကို ပြန်လည်ဖွင့်လှစ်မယ်လို့ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပေမယ့် လက်ရှိ ပြည်တွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကိုဗစ်ရောဂါအခြေအနေတွေကြောင့် ရုပ်ရှင်လုပ်ငန်း ပြန်စတင်ပြီး လည်ပတ်နိုင်ဖို့ မြေပြင်အခြေအနေ အဆင်ပြေမှု ရှိ၊မရှိကို စောင့်ကြည့်ရမယ့်အနေအထားရှိနေတယ်လို့ ရုပ်ရှင်လုပ်ငန်းအသိုင်းအဝိုင်းကနေ သိရပါတယ်။ ” မြန်မာနှစ်ဆန်း တစ်ရက်နေ့ ပြန်ပြီးစဖွင့်မယ်ဆိုတာတော့ဟုတ်တယ်၊ဒါပေ့မယ် အခြေအနေကတော့ စောင့်ကြည့်ရမှာပေါ့။ရုပ်ရှင်ရရုံတော့ဖွင့်တယ် ကြည့်သူမရှိဘူးဆိုရင် အဆင်မပြေဘူးလေ၊ အတိအကျ ဘာမှပြောမရသေးဘူး “လို့ အမည်မဖော်လိုသူ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးအဖွဲ့ဝင်တဦးကပြောပါတယ်။ သက်ဆိုင်ရာကတော့ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ် ရောဂါကာကွယ်တားဆီးရေးဆိုင်ရာအစီအမံနဲ့အညီ ပြုစုထားတဲ့ “ရုပ်ရှင်ပြသရာမှာ လိုက်နာဆောင်ရွက်ရမယ့် စံပြုသတ်မှတ်ချက် (Standard Operating Procedures -SOP)အရ လိုက်နာကျင့်သုံး ဆောင်ရွက်ပြီး ပထမအဆင့် အဖြစ် ရုပ်ရှင်ရုံ(၆၀)ခန့်ကို ပြသသွားမှာဖြစ်တယ်လို့…

Read More

ရန်ကုန်တိုင်းအစိုးရရဲ့ စီးပွားရေးရာဝန်ကြီး ဖမ်းဆီးခံရပြီး မြို့တော်ဝန်ပါ စစ်ဆေးခံနေရ

ရန်ကုန်၊မတ် ၂၄၊၂၀၂၂ KK(VOM) ရန်ကုန်တိုင်းအစိုးရအဖွဲ့က စီပွားရေးရာဝန်ကြီးကို မနေ့မတ်လ ၂၃ရက် မွန်းလွဲ၂ နာရီက သူရဲ့ရုံးခန်းမှာဘဲ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ အစိုးရရုံးနဲ့နီးစပ်သူတွေက သိရပါတယ်။ စီးပွားရေးဝန်ကြီးဦးအောင်သန်းဦးကို မြေလွတ်မြေရိုင်းများချပေးတာနဲ့ပါတ်သတ်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်တလောမှာ စစ်ဆေးနေတယ်လို့ အမည်မဖော်လိုတဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “မနေ့ နေ့လယ်က ဖမ်းတာ ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရသေးဘူး ဖမ်းတာတော့ ဟူတ်တယ်” လို့ပြောပါတယ်။ အဲဒီမြေယာကိစွနဲ့ပတ်သက်ပြီး မြို့တော်ဝန်ဦးဘိုဌေးပါဖမ်းဆီးခံရတယ်လို့ သတင်းတွေထွက်နေပေမဲ့ VOM သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိူင်ခြင်းမရှိသေးပါဘူး။ ဇေကမ္ဘာဦးခင်ရွှေ နဲ့သားဖြစ်သူကို မတ်လ ၂၂ ရက်က ဖမ်းဆီးခံရပြီးနောက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ ဝန်ကြီးဦးအောင်သန်းဦးထပ်မံဖမ်းဆီးခံခဲ့ရပြီး တခြားဝန်ကြီးတချို့ပါ စစ်ဆေးခံရတဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဖမ်းခံရတဲ့ စီးပွားရေးရာဝန်ကြီးဦးအောင်သန်းဦးဟာ မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသလို၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ…

Read More

ပုလဲမြို့နယ်ထဲက မီးဘေးသင့်ပြည်သူ‌တွေ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲများစွာကြုံတွေ့နေ

မတ် ၂၅-၂၀၂၂ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းပိုင်းကစပြီး ယနေ့အချိန်အထိ ရွာပေါင်း (၁၀)ရွာကျော်အထိ မီးရှို့ခံခဲ့ရပြီး မီးရှို့ခံရမှုကြောင့် နေအိမ်ပေါင်း (၁၅၀၀)ဝန်းကျင်မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ မီးဘေးသင့်ရွာသားတွေအနေနဲ့ တချို့မှာနီးစပ်တဲ့ဆွေမျိုးသားချင်းအိမ်တွေမှာခိုလှုံနေကြရသလို တချို့ကတောထဲမှာ ဖြစ်သလိုနေနေကြရတဲ့အပြင် မီးလောင်စဉ်က ဘာမှသယ်ယူနိုင်ခြင်းမရှိဘဲ အဝတ်တထည်၊ကိုယ်တခု နဲ့ထွက်ပြေးခဲ့ရတာကြောင့် လက်ရှိမှာ စားဝတ်နေရေးအခက်အခဲတွေလည်း ကြုံတွေ့နေကြပါတယ်။ အခုလက်ရှိ နွေရာသီရောက်ရှိလာချိန်မှာတော့ မီးဘေးသင့်ပြည်သူတွေဟာ နွေရဲ့အပူကို အန်တုနိုင်ဖို့အတွက် ဒေသခံ ပရဟိတလူငယ်တွေဦးဆောင်ပြီး တန်ဖိုးသင့် ထန်းလက်တဲလေးတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေကြပါတယ်။ အဲ့ဒီအစီအစဉ်မှာ ကျေးရွာလူငယ်အဖွဲ့က ထန်းလက်တဲတလုံးအတွက် ငါးသောင်းကျပ် မတည်ပေးပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ ဆောင်ရွက်နေကြတာလည်း ဖြစ်ပါတယ်။ အခုလိုဆောင်ရွက်တဲ့နေရာမှာ ထန်းလက်တဲတလုံးကို ငါးသိန်းဝန်းကျင်အထိ ကုန်ကျတာကြောင့် တချို့ပြည်သူတွေက အဆင်ပြေကြပေမယ့် ထောက်ပံ့ငွေ ငါးသောင်းကျပ်ကိုသာ အားကိုးနေရတဲ့ ပြည်သူတွေမှာတော့ အခက်အခဲများစွာရှိနေသေးတယ်လို့‌ ပြောဆိုကြပါတယ်။ လက်ရှိ…

Read More

နစကကောင်စီလက်ထက်မှာ ဘဏ်ဓားပြမှု ၁၈ ကြိမ်ဖြစ်ခဲ့ပြီး ငွေကျပ် ၁၃ ဒသမ ၅ ဘီလီယံကျော်ဆုံးရှုံး

မတ်လ ၂၄-၂၀၂၂ KK(VOM) နစကကောင်စီလက်ထက် ၂ နှစ်တာကာလအတွင်း ဘဏ်ဓားပြတိုက်မှု ၁၈ ကြိမ်ဖြစ်ပွားပြီး တန်ဖိုးငွေကျပ် ၁၃ဒသမ ၅ ဘီလီယံကျော် ဆုံးရှုံးခဲ့တယ်လို့ နေပြည်တော် ပြန်ကြာရေးဝန်ကြီးဌာနရုံးမှာပြုလုပ်တဲ့ ၁၅ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။ နစကကောင်စီ စတင်တာဝန်ယူဆောင်ရွက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ယခုနှစ် မတ်လ ၁၃ ရက်အထိ မြန်မာနိူင်ငံတဝန်း ဘဏ်ဓားပြတိုက်မှု ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တန်ဖိုးငွေကျပ် ၁၃ ဒသမ ၅ ဘီလီယံကျော် ဆုံးရှုံးခဲ့တယ်လို့ ပြန်ကြားရေး ဒု-ဝန်ကြီးက ပြောခဲ့တာဖြစ်ပါတယ်။ ” ဘဏ်ဓားပြတိုက်မှု ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီးတော့ တရားခံ ၉၇ ဦးဖမ်းမိခဲ့ပါတယ်။တန်ဖိုးငွေကျပ် တန်ဖိုးငွေ ၁၃ ဒသမ ၅ ဘီလီယံကျော် ဆုံးရှုံးခဲ့တယ်။” လို့…

Read More
VOM News

FREE
VIEW