‘ဝ’နယ်မြေက ပန်ခမ်းမြို့ကို လော့ခ်ဒေါင်း ထပ်မံချပြီး အာခေါင်တို့ဖတ်စစ်ဆေးမယ်

မတ် ၂၄-၂၀၂၂
VOM (GG)

‘ဝ’တပ်ဖွဲ့(UWSA) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ခမ်းမြို့ကို ထပ်မံ Lockdown ချပြီး တစ်မြို့လုံး အာခေါင်တို့ဖတ်ယူ စစ်ဆေးမှု ပြုလုပ်သွားမယ်လို့ ပန်ခမ်းမြို့ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

လတ်တလော ‘ ဝ ‘ပြည်နယ်ရှိ ဒေသတွေမှာ ကိုဗစ်ရောဂါကူးစက်မှုပြန့်ပွားနေတာကြောင့် ကိုဗစ်ရောဂါကူးစက်မှုကိုထိန်းချုပ်ဖို့အတွက် ပန်ခမ်းမြို့ကို လော့ခ်ဒေါင်းချပြီး တမြို့လုံးကို အာခေါင်တို့ဖတ်စစ်ဆေးဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

” မတ်လဆန်းကလည်း လော့ခ်ဒေါင်းချပြီး ဆေးစစ်တာတွေလုပ်ခဲ့ပြီးပြီ၊ အခုလည်းထပ်လုပ်အုံးမယ်၊ ဟိုးအရင်က လည်းလုပ်ခဲ့တယ်။ ခနခနလော့ခ်ဒေါင်းချပြီးစစ်နေတာ ၊ အခုတခါက၁၄ ရက်လို့ ကြေညာတာတွေ့တယ် ၊ပစ္စည်းတွေစုဆောင်းဖို့ တရက်အချိန်ရတယ် ” လို့ ပန်ခန်းမြို့မှာနေထိုင်သူတဦးကပြောပါတယ်။

ပန်ခမ်းမြို့ Lockdown ကို မတ်လ ၂၅ ရက်နေ့ ည ၁၀ နာရီကနေ ဧပြီလ ၈ ရက်နေ့ ည၁၀ နာရီအထိ သတ်မှတ်ထားပြီး ပထမအကြိမ် အာခေါင်တို့ဖတ်ရယူစစ်ဆေးမှုကို မတ်လ ၂၆ရက်နေ့နဲ့ ၂၈ ရက်နေ့တွေမှာပြုလုပ်မယ်လို့ သိရပါတယ်။

မြို့ကို လော့ခ်ဒေါင်း ချထားပေမယ့် ဂိတ်တွေကိုပိတ်ထားမှာမဟုတ်တာကြောင့် ကုန်စျေးနုန်းမြင့်တက်ရောင်းချတာမျိုးမလုပ်ဖို့လည်း သတိပေးပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂၊ မတ်လ ၁ ရက်နေ့ကလည်း ပန်ခမ်းမြို့ကို Lockdown ချပြီး ဒေသခံအားလုံးကို အာခေါင်တို့ဖတ်ရယူကာ ကိုဗစ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။

၂၀၂၁ နိုဝင်ဘာလ ၁၀ ရက်နေ့နဲ့ ဩဂုတ်လတုန်းကလည်း covid-19ကူးစက်ရောဂါပြန့်ပွားမှုကြောင့် ဗဟိုရောဂါကာကွယ်ထိန်းချုပ်ရေးဦးဆောင်အဖွဲ့က ပန်ခမ်းမြို့ကို lockdownချပြီး တမြို့လုံး အာခေါင်တို့ဖတ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပန်ခမ်း #ကိုဗစ် #လော့ခ်ဒေါင်းချ #စစ်ဆေးမှုလုပ်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW