ရန်ကုန်တိုင်းအစိုးရရဲ့ စီးပွားရေးရာဝန်ကြီး ဖမ်းဆီးခံရပြီး မြို့တော်ဝန်ပါ စစ်ဆေးခံနေရ

ရန်ကုန်၊မတ် ၂၄၊၂၀၂၂
KK(VOM)

ရန်ကုန်တိုင်းအစိုးရအဖွဲ့က စီပွားရေးရာဝန်ကြီးကို မနေ့မတ်လ ၂၃ရက် မွန်းလွဲ၂ နာရီက သူရဲ့ရုံးခန်းမှာဘဲ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ အစိုးရရုံးနဲ့နီးစပ်သူတွေက သိရပါတယ်။

စီးပွားရေးဝန်ကြီးဦးအောင်သန်းဦးကို မြေလွတ်မြေရိုင်းများချပေးတာနဲ့ပါတ်သတ်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်တလောမှာ စစ်ဆေးနေတယ်လို့ အမည်မဖော်လိုတဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“မနေ့ နေ့လယ်က ဖမ်းတာ ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရသေးဘူး ဖမ်းတာတော့ ဟူတ်တယ်” လို့ပြောပါတယ်။

အဲဒီမြေယာကိစွနဲ့ပတ်သက်ပြီး မြို့တော်ဝန်ဦးဘိုဌေးပါဖမ်းဆီးခံရတယ်လို့ သတင်းတွေထွက်နေပေမဲ့ VOM သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိူင်ခြင်းမရှိသေးပါဘူး။

ဇေကမ္ဘာဦးခင်ရွှေ နဲ့သားဖြစ်သူကို မတ်လ ၂၂ ရက်က ဖမ်းဆီးခံရပြီးနောက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ ဝန်ကြီးဦးအောင်သန်းဦးထပ်မံဖမ်းဆီးခံခဲ့ရပြီး တခြားဝန်ကြီးတချို့ပါ စစ်ဆေးခံရတဲ့ သတင်းထွက်ပေါ်လာတာ
ဖြစ်ပါတယ်။

ဖမ်းခံရတဲ့ စီးပွားရေးရာဝန်ကြီးဦးအောင်သန်းဦးဟာ မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသလို၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး သံလျင်မြို့နယ်ကနေ ဝင်ရောက်အရွေးခံခဲ့ရာအနိုင်ရရှိခဲ့ပေမယ့် ၂၀၁၅ နဲ့ ၂၀၂၀ ခုနှစ်မှာတော့ ဝင်ရောက်အရွေးခံခဲ့ရာ NLD ပါတီကိုရှုံးနိမ့်ခဲ့ပါတယ်။

နစကအစိုးရလက်ထက်မှာတော့ ရန်ကုန်တိုင်း
အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဖြစ်လာခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်တိုင်းစီးပွားရေးရာဝန်ကြီးဖမ်းခံရ #ဦးအောင်သန်းဦး

Related posts

Leave a Comment

VOM News

FREE
VIEW