ဇေကမ္ဘာဦးခင်ရွှေနဲ့ သူ့သားကိုဇေသီဟတို့ကို ဧပြီလမှာ ရုံးထုတ်စစ်ဆေးမယ်

မတ် ၂၄-၂၀၂၂
KK(VOM)

ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူ ဇေသီဟတို့ကို လာမယ့် ဧပြီလအတွင်းမှာ ဗဟန်မြို့နယ်တရားရုံးနဲ့ မင်္ဂလာဒုံတရားရုံးတို့မှာ ရုံးထုတ်စစ်ဆေးမယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။

သူတို့၂ဦးကို မတ်လ ၂၁ ရက်က ဗဟန်းမြို့နယ်က နေအိမ်မှာဖမ်းဆီးပြီးနောက် အင်းစိန်အကျဥ်းထောင်ကို ပို့ဆောင်ခဲ့ရာ ချုပ်ရက်ရမန်ယူထားပြီး ဧပြီလ အစောပိုင်းမှာ ရုံးထုတ်စစ်ဆေးမှာ ဖြစ်တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။

“ချုပ်ရက်ရမာန်ယူထားတော့ ဧပြီ ၄ ရက် ၅ ရက်လောက်ဖြစ်မယ်၊ သင်္ကြန်ပိတ်ရက်လည်း ရှိသေးတယ်၊ အဲ့ဒါကြောင့် ဧပြီလစောစော စစ်မှာ၊ ဗဟန်းနဲ့မင်္ဂလာဒုံတရာရုံးတွေမှာ စစ်မှာပါ”လို့ သူကပြောပါတယ်။

ဇေကမ္ဘာ ကုမ္ပဏီဟာ စစ်ထောက်ချုပ်ရုံးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်စည်းကမ်းတွေကို ချိုးဖောက်တာနဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရဘဲ ရှေးဟောင်းအဆောက်အအုံတချို့ကို ဖြိုချခဲ့လို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှုကြီးတဦးက ဗဟန်းမြို့မရဲစခန်းမှာ ဖေဖော်ဝါရီလ ၁၁ရက်က ပုဒ်မ – ၂၄နဲ့ အမှုဖွင့်လှစ်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဇေကမ္ဘာကုမ္ပဏီနဲ့ စစ်ထောက်ချုပ်ရုံးတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလက ရန်ကုန်မြို့၊ပုလဲလမ်းမှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြရိပ်ညိုဟိုတယ်မြေဖြစ်တဲ့ မြေဧက ၁၃.၇၉၄ ဧကပေါ်မှာ လုပ်ငန်းတွေလုပ်ဖို့ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြပြီး ဇေကမ္ဘာကုမ္ပဏီက ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ဒေါ်လာ ၄၁.၃၈၂ သန်းကို (၅) ကြိမ်ပေးသွင်းရမယ့်နေရာမှာ အမေရိကန်ဒေါ်လာ ၁၆.၅၂ သန်း (၂)ကြိမ်ကိုသာ ပေးသွင်းခဲ့လို့ ငွေသွင်းမှုပျက်ကွက်ခဲ့တာဖြစ်တယ်လို့ ဒီကနေ့ပြုလုပ်တဲ့ နစကရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေး ဒုဝန်ကြီးက ပြောပါတယ်။

“ငွေသွင်းဖို့ ရှစ်ကြိမ်လောက်အကြောင်းကြားတယ် အကြောင်းမပြန်ဘူး၊ နောက်တော့ ဇေကမ္ဘာက နိူင်ငံခြားကုမ္မဏီတစ်ခုနဲ့ ပူးပေါင်းလုပ်မယ်ပြောတယ်၊ ကာကွယ်ရေးဝန်ကြီးဌာနက သဘောမတူဘူးလို့အကြောင်းပြန်တယ်၊ အဲ့ဒီကာလအတွင်းမှာ ဇေကမ္ဘာကုမ္မဏီက ရှေးဟောင်းအဆောက်အအုံ(၄)ခုကို ဖြိုဖျက်ခဲ့တယ်”လို့ ပြန်ကြားရေး ဒုဝန်ကြီးက ပြောခဲ့တာဖြစ်ပါတယ်။

ဇေကမ္ဘာဦးခင်ရွှေနဲ့အပေါင်းအပါတွေကို ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၄ နဲ့ ဖေဖော်ဝါရီ ၁၁ ရက်က ဗဟန်းမြို့နယ်ရဲစခန်းမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်တယ်လို့ ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဇေကမ္ဘာဦးခင်ရွှေ #ဧပြီလ #ရုံးထုတ်စစ်ဆေးမယ်

Related posts

Leave a Comment

VOM News

FREE
VIEW