ပြည်နယ်နဲ့ တိုင်းဒေသကြီး ၅ ခုမှာ ငွေစက္ကူအတု ဖမ်းဆီးရရှိမှု ၁၀ ကြိမ်ရှိ

မတ် ၂၄-၂၀၂၂
KK(VOM)

ပြည်နယ်နဲ့ တိုင်းဒေသကြီး ၅ ခု မှာ တစ်သောင်းတန်နဲ့ငါးထောင်တန် ငွေစက္ကူအတုတွေ ယခုနှစ် သုံးလအတွင်း ဖမ်းဆီးရရှိမှု ၁၀ ကြိမ်ရှိတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

တစ်သောင်းတန်နဲ့ငါးထောင်တန်ငွေစက္ကူအတုတွေကို ယခုနှစ် ဇန်နဝါရီလ ၆ ရက် ကနေ မတ်လ ၂၀ ရက်အတွင်း နေပြည်တော်၊ကရင်ပြည်နယ်၊ဧရာဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတွေမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အခုနှစ် ဇန်နဝါရီ ၆ ရက်က နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်မှာ တစ်သောင်းတန်ငွေစက္ကူအတု ၃၈၀ ရွက်ဖမ်းဆီးရမိခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက်က မြဝတီမြို့နယ်မှာ တစ်သောင်းတန်ငွေစက္ကူအတု ၁၇၅၀ ရွက် ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာတော့ ဇန်နဝါရီလ ၁၄ ရက်က ကျုံပျော်မြို့နယ်မှာ တစ်သောင်းတန်ငွေစက္ကူအတု ၄၂ရွက်၊ဇန်နဝါရီ ၂၉ ရက်က ပုသိမ်မြို့နယ်မှာ တစ်သောင်းတန်ငွေစက္ကူအတု ၁၆၁၈ ရွက် ၊ဖေဖော်ဝါရီလ ၁၅ ရက်မှာ တစ်သောင်းတန်ငွေစက္ကူအတု၁၄၅ ရွက်နဲ့ ဖေဖော်ဝါရီလ၁၉ရက်က မြောင်းမြမြို့နယ်မှာ ငါးထောင်တန်ငွေစက္ကူအတု ၃၄ ရွက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ မတ်လ ၅ ရက်က ငါးထောင်တန်ငွေစက္ကူအတု ၉၁၅၈ ရွက်ဖမ်းဆီးခဲ့ပြီး မတ် ၆ ရက်နေ့က လှိုင်သာယာမြို့နယ်မှာ တစ်သောင်းတန်ငွေစက္ကူအတု ၂၂၂ ရွက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဇန်နဝါရီ ၁၇ရက်က ညောင်လေးပင်မြို့နယ်မှာ တစ်သောင်းတန်ငွေစက္ကူအတု ၂၂ ရွက်နဲ့ မတ်လ ၂၀ ရက်က တောင်ငူမြို့နယ်မှာ တစ်သောင်းတန်ငွေစက္ကူအတု ၉၀၀ ရွက်ကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း
သိရပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီး ၅ ခုမှာ ယခုနှစ် သုံးလအတွင်း တစ်သောင်းတန်ငွေစက္ကူအတု ၅၀၇၉ ရွက်နဲ့ငါးထောင်တန်ငွေစက္ကူအတု ၉၁၉၂ ရွက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေကို ​သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ မြို့မရဲစခန်းတွေမှာ နိူင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ငွေစက္ကူအတု #ဖမ်းဆီးရရှိမှု
ပုံစာ -၂၀၂၀ခုနှစ်က ပဲခူးတိုင်းမှာ ဖမ်းဆီးရမိတဲ့ ငွေစက္ကူအတုများ

Related posts

Leave a Comment

VOM News

FREE
VIEW