ယူကရိန်းအရေး တင်းမာနေစဉ် အရှေ့ဥရောပသို့ နေတိုးတပ်ဖွဲ့၀င်တွေ ထပ်မံဖြည့်တင်းမည်

ဘရယ်ဆဲလ်၊ မတ်-၂၄-၂၀၂၂
မျိုးဆက်(VOM)

နေတိုးအဖွဲ့ဟာ အရှေ့ဥရောပမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့၀င်အရေအတွက်ကို တိုးမြှင့်ဖြန့်ကြက်ချထားဖို့ စီစဉ်နေကြောင်း နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်မှုနဲ့ပတ်သက်ပြီး အရေးပေါ်ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အကြိုသတင်းစာရှင်းလင်းပွဲမှာ မစ္စတာစတိုတန်ဘာ့က အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

ဟန်ဂေရီ၊ စလိုဗက်ကီးယား၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားတို့မှာ တပ်ဖွဲ့၀င်တွေ ထပ်မံဖြည့်တင်းဖို့အတွက် သူက ကတိပြုပြောဆိုပါတယ်။

ဓါတုလက်နက်၊ ဇီ၀လက်နက်နဲ့ နျူကလီးယားအသုံးပြုမှုကို ဆန့်ကျင်ပြီး ပိုမိုကာကွယ်ပေးမှုအပါအ၀င် ယူကရိန်းအတွက် ပိုမိုပံ့ပိုးကူညီဖို့ကိုလည်း နေတိုးအဖွဲ့၀င်နိုင်ငံတွေအကြား သဘောတူဖို့ရှိနေပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ မတ် ၂၄ ရက်မှာကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲအပြင် အခြားဥရောပခေါင်းဆောင်တွေနဲ့တွေ့ဖို့ ဘရပ်ဆဲလ်ကို သွားရောက်နေပြီဖြစ်ပါတယ်။

သမ္မတဂျိုးဘိုင်ဒင်ဟာ ဥရောပမှာရှိနေစဉ်အတွင်း ရုရှားနိုင်ငံရေးသမားတွေနဲ့ ထိပ်တန်းခေါင်းဆောင်တွေအပေါ်ကို နောက်ထပ်အရေးယူပိတ်ဆို့မှုတွေ ကြေညာဖွယ်ရှိနေပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဘရယ်ဆဲလ်

Related posts

Leave a Comment

VOM News

FREE
VIEW