တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစင်း မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်ပြန်

ဆိုးလ်၊ မတ်-၂၄-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကို ဦးတည်ပြီး တာဝေးပစ်ဒုံးကျည်တစင်းကို မတ် ၂၄ ရက်မှာ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်စစ်ဘက်တို့က ပြောပါတယ်။

ယခင်စမ်းသပ်မှုဟာ လေထဲမှာပေါက်ကွဲမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် တပတ်အကြာမှာ အခုလိုထပ်မံ စမ်းသပ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ အမျိုးအမည်မသိ ဒုံးကျည်ကို တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးချုပ်များအဖွဲ့က ပြောပါတယ်။

အဲဒီဒုံးပျံဟာ တာဝေးပစ်ဒုံးကျည်လို့ ယူဆရပြီး အလွန်မြင့်တဲ့လမ်းကြောင်းကနေ ပစ်ခတ်လိုက်တဲ့အတွက် တိုက်ချင်းပစ်ဒုံးပျံဖြစ်ဖွယ်ရှိကြောင်း ထုတ်ပြန်ထားတယ်လို့ ယွန်ဟက်သတင်းဌာနက ဆိုပါတယ်။

လက်ရှိပစ်ခတ်စမ်းသပ်မှုဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း အပြည့်အ၀စမ်းသပ်ပစ်ခတ်ခြင်းမရှိခဲ့တဲ့ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုဟုတ်မဟုတ်ကိုတော့ တောင်ကိုရီးယားစစ်ဘက်က ချက်ချင်းအတည်ပြုခြင်းမရှိသေးပါဘူး။ ဒီစမ်းသပ်မှုဟာ ပဲ့ထိန်းဒုံးကျည်ဖြစ်နိုင်တယ်လို့ ဂျပန်အစိုးရကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားဟာ မတ် ၁၆ ရက်မှာ ဒုံးကျည်စမ်းသပ်မှုတခုပြုလုပ်ခဲ့ပြီး ပစ်လွှတ်ပြီးမကြာမီ ပေါက်ကွဲပျက်စီးခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်အပြည့်အ၀ ပစ်ခတ်စမ်းသပ်မှုလုပ်ဖို့ ပြင်ဆင်နေဖွယ်ရှိတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သတိပေးပြောဆိုထားပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW