ကြက်သွန်ဈေး အဖွင့်ကောင်းပေမယ့် အရှုံးပေါ်နေဆဲဖြစ်တဲ့ မုံရွာမြို့နယ်က ကြက်သွန်သွန်စိုက်တောင်သူများ

မတ် ၂၈-၂၀၂၂ Voice Of Myanmar စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းက ကျွဲရဲ၊တောင်ပုလူ၊ခိုးသန်း၊ရှင်ငါးဆယ် စတဲ့ ကျေးရွာပေါင်း (၂၀)ဝန်းကျင်မှာ ကြက်သွန်သီးနှံတခုတည်းကိုသာ အဓိကထား စိုက်ပျိုးကြတာဖြစ်ပါတယ်။ ကြက်သွန်စိုက်ပျိုးတဲ့နေရာမှာ စိုက်ပျိုးစရိတ်အနေနဲ့ ကြက်သွန်တပိဿာကို(၄၀၀)ကျပ်ဝန်းကျင် ကုန်ကျပြီး ပြီးခဲ့တဲ့နှစ်က ကြက်သွန်တပိဿာကို (၂၀၀)ကျပ်ဝန်းကျင်နဲ့သာ ရောင်းချခဲ့ရတာကြောင့် တောင်သူတွေအရှုံးပေါ်ခဲ့ကြပါတယ်။ အခုနှစ် ကြက်သွန်စိုက်ရာသီမှာ အရင်နှစ်ကအရှုံးတွေပြေလည်စေဖို့ ကြက်သွန်ကို စနစ်တကျစိုက်ပျိုးဖို့ အားခဲထားကြတဲ့တောင်သူတွေဟာ နိုင်ငံရေးပြောင်းလဲမှုနဲ့ အဖက်ဖက်ကမြင့်တက်လာတဲ့ သွင်းအားစုတွေကြောင့် မုံရွာမြို့နယ်အတွင်းမှာ ကြက်သွန်စိုက်ဧက အရင်နှစ်ကထက် ထက်ဝက်ခန့်ကျဆင်းခဲ့ပါတယ်။ အခုလက်ရှိ ကြက်သွန်ပေါ်ချိန်မှာ ကြက်သွန်တပိဿာကို (၅၀၀)ကျပ် ပေါက်ဈေးရှိနေပေမယ့် စက်သုံးဆီ၊ဓာတ်မြေဩဇာ စတဲ့သွင်းအားစုတွေဟာ အရင်နှစ်ဈေးနှုန်းထက် (၃)ဆနီးပါး ဝယ်ယူသုံးစွဲခဲ့ရတာကြောင့် လက်ရှိပေါက်ဈေးအရ တောင်သူတွေအတွက် အမြတ်အစွန်းမရှိသေးသလို အရင်နှစ်ကအရှုံးတွေလည်း မကြေလည်နိုင်သေးဘူးလို့ ပြောဆိုပါတယ်။ လက်ရှိပေါက်ဈေးအရ ရှေ့ဆက်ပြီးကြက်သွန်ဈေးနှုန်းဟာ (၂၀၀၀)ကျပ်ဝန်းကျင်အထိ တက်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေရှိနေပေမယ့် နိုင်ငံရေးနဲ့နယ်မြေမတည်ငြိမ်မှုကြောင့် ဈေးကောင်းရချိန်အထိသိုလှောင်ဖို့အခက်အခဲတွေရှိနေသေးတယ်လို့လည်း တောင်သူတွေက…

Read More

မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ နိုင်ငံပေါင်း ၂၀ ကျော် ထုတ်ပြန် တိုက်တွန်း

ဆိုးလ်၊ မတ်-၂၇-၂၀၂၂ မျိုးဆက်၊ (VOM) မြန်မာစစ်တပ်ကို လက်နက်ထောက်ပံရောင်းချနေတာတွေကို ရပ်တန့်ဖို့ တောင်ကိုရီးယားနှင့်အတူ အခြားနိုင်ငံ၂၀ ကတိုက်တွန်းလိုက်ပါတယ်။ မတ်၂၇ရက်နေ့မှာ ကြရောက်တဲ့ မြန်မာ့တပ်မတော်နေ့မှာ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်တိုက်တွန်းလိုက်တာဖြစ်ပြီး အီးယူအဖွဲ့လည်းပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ အချို့နိုင်ငံတွေက မြန်မာနိုင်ငံကိုလက်နက်တွေဆက်လက်ထောက်ပံ့နေပြီး ဒါဟာအကြမ်းဖက်မှုနှင့်ဖိနှိပ်မှုတွေဖြစ်ပေါ်စေတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်ကိုလက်နက်တွေ၊ စစ်ရေးကိရိယာ၊ နည်းပညာဆိုင်ရာအထောက်အပံတွေကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်နင့်အညီ ထောက်ပံမှုတွေကို ချက်ချင်းရပ်ဆိုင်း ခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့တသားတည်း ရပ်တည်ကြဖို့ နိုင်ငံတကာကိုတိုက်တွန်းထားပါတယ်။ Ref: Yonhap Photo: Reuters #voiceofmyanmar #VOM #ဆိုးလ်

Read More

အာဖဂန်မှာ အမျိုးသမီးတွေ ပညာသင့်ခွင့်ရရှိရေး ဆန္ဒပြတောင်းဆိုနေကြ

ကဘူး၊ ၊မတ်-၂၇-၂၀၂၂ မျိုးဆက်(VOM) အာဖဂန်နစ္စတန်ရှိ မျိုးသမီးဆန္ဒပြသူတွေဟာ တာလီဘန်ပညာရေးဝန်ကြီးဌာန အနီးတွင်စုဝေးခဲ့ကြပြီး အမျိုးသမီးတွေ အတွက် အလယ်တန်းကျောင်းတွေ ပြန်လည်ဖွင်လှစ်ပေးဖို့ စနေနေ့မနက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ တာလီဘန်တွေဟာ စာသင် နှစ်သစ်အစအတွက်ဆယ်ကျော်သက်ကျောင်းသူတွေ စတင်ရောက်ရှိပြီးနာရီပိုင်းအကြာ ကျောင်းတွေပိတ်ဖို့ အမိန့်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လက်နက်ကိုင်တာလီဘန်အဖွဲ့ဝင်တွေက တားဆီးစောင့်ကြည့်မှုတွေ ရှိပေမယ့် ဆန္ဒပြသူတွေဟာ အမျိုးသမီး စာသင်ကျောင်းတွေပြန်ဖွင့်ပေး၊ ပညာရေးဟာ မိမိတို့ရဲ့အခွင့်အရေးဖြစ်တယ်လို့ ဆန္ဒပြသူတွေက အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။ လွတ်လပ်မှုအတွက်ရပ်တည်ပြီး ကျောင်းတက်ချင်တဲ့ အမျိုးသမီးတွေအတွက် စိတ်မကောင်းကြောင်း ဆန္ဒပြပွဲသို့ရောက်ရှိနေတဲ့ အမျိုးသမီးဆရာမတစ်ယောက်ကပြောတယ်။ မိမိတို့သမီးတွေပညာသင်ခွင့်ရဖို့ တောင်းဆိုနေတာဖြစ်ပြီး ပညာသင့်ခွင့် မရှိရင် ရှင်လျက်နဲ့သလိုပဲလို့ ဆန္ဒပြအမျိုးသမီးတွေက ပြောပါတယ်။ Ref: BBC Ref: Getty Images #voiceofmyanmar #VOM #ကဘူး

Read More
VOM News

FREE
VIEW