အာဖဂန်မှာ အမျိုးသမီးတွေ ပညာသင့်ခွင့်ရရှိရေး ဆန္ဒပြတောင်းဆိုနေကြ

ကဘူး၊ ၊မတ်-၂၇-၂၀၂၂
မျိုးဆက်(VOM)

အာဖဂန်နစ္စတန်ရှိ မျိုးသမီးဆန္ဒပြသူတွေဟာ တာလီဘန်ပညာရေးဝန်ကြီးဌာန အနီးတွင်စုဝေးခဲ့ကြပြီး အမျိုးသမီးတွေ အတွက် အလယ်တန်းကျောင်းတွေ ပြန်လည်ဖွင်လှစ်ပေးဖို့ စနေနေ့မနက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

တာလီဘန်တွေဟာ စာသင် နှစ်သစ်အစအတွက်ဆယ်ကျော်သက်ကျောင်းသူတွေ စတင်ရောက်ရှိပြီးနာရီပိုင်းအကြာ ကျောင်းတွေပိတ်ဖို့ အမိန့်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လက်နက်ကိုင်တာလီဘန်အဖွဲ့ဝင်တွေက တားဆီးစောင့်ကြည့်မှုတွေ ရှိပေမယ့် ဆန္ဒပြသူတွေဟာ အမျိုးသမီး စာသင်ကျောင်းတွေပြန်ဖွင့်ပေး၊ ပညာရေးဟာ မိမိတို့ရဲ့အခွင့်အရေးဖြစ်တယ်လို့ ဆန္ဒပြသူတွေက အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။

လွတ်လပ်မှုအတွက်ရပ်တည်ပြီး ကျောင်းတက်ချင်တဲ့ အမျိုးသမီးတွေအတွက် စိတ်မကောင်းကြောင်း ဆန္ဒပြပွဲသို့ရောက်ရှိနေတဲ့ အမျိုးသမီးဆရာမတစ်ယောက်ကပြောတယ်။

မိမိတို့သမီးတွေပညာသင်ခွင့်ရဖို့ တောင်းဆိုနေတာဖြစ်ပြီး ပညာသင့်ခွင့် မရှိရင် ရှင်လျက်နဲ့သလိုပဲလို့ ဆန္ဒပြအမျိုးသမီးတွေက ပြောပါတယ်။

Ref: BBC
Ref: Getty Images
#voiceofmyanmar #VOM #ကဘူး

Related posts

✕
VOM News

FREE
VIEW