မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ နိုင်ငံပေါင်း ၂၀ ကျော် ထုတ်ပြန် တိုက်တွန်း

ဆိုးလ်၊ မတ်-၂၇-၂၀၂၂
မျိုးဆက်၊ (VOM)

မြန်မာစစ်တပ်ကို လက်နက်ထောက်ပံရောင်းချနေတာတွေကို ရပ်တန့်ဖို့ တောင်ကိုရီးယားနှင့်အတူ အခြားနိုင်ငံ၂၀ ကတိုက်တွန်းလိုက်ပါတယ်။

မတ်၂၇ရက်နေ့မှာ ကြရောက်တဲ့ မြန်မာ့တပ်မတော်နေ့မှာ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်တိုက်တွန်းလိုက်တာဖြစ်ပြီး အီးယူအဖွဲ့လည်းပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့
နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

အချို့နိုင်ငံတွေက မြန်မာနိုင်ငံကိုလက်နက်တွေဆက်လက်ထောက်ပံ့နေပြီး ဒါဟာအကြမ်းဖက်မှုနှင့်ဖိနှိပ်မှုတွေဖြစ်ပေါ်စေတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာစစ်တပ်ကိုလက်နက်တွေ၊ စစ်ရေးကိရိယာ၊ နည်းပညာဆိုင်ရာအထောက်အပံတွေကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်နင့်အညီ ထောက်ပံမှုတွေကို ချက်ချင်းရပ်ဆိုင်း ခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့တသားတည်း ရပ်တည်ကြဖို့ နိုင်ငံတကာကိုတိုက်တွန်းထားပါတယ်။

Ref: Yonhap
Photo: Reuters
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW