ကမာရွတ်မီဒီယာအယ်ဒီတာ ကိုဟံသာညိန်း ကို အီလက်ထရောနစ်ဥပဒေနဲ့ ထပ်မံတရားစွဲ

မတ် ၂၈၊၂၀၂၂
KK(VOM)

ကမာရွတ်မီဒီယာအယ်ဒီတာ ကိုဟံသာညိန်းကို အီလက်ထရောနစ်ဥပဒေပုဒ်မ (၃၃)ခနဲ့ ဒီကနေ့ မတ်လ (၂၈)ရက်မှာပဲ ထပ်တိုးတရားစွဲဆိုခံရတယ်လို့ မိသားစုဝင်တဦးက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြလာပါတယ်။

ကိုဟံသာညိန်းကို ပြီးခဲ့တဲ့ မတ်လ ၂၁ရက်က အင်းစိန်အကျဥ်းထောင်ရှိ အထူးတရာရုံးကနေအလုပ်ကြမ်းနဲ့ထောင်ဒဏ် (၂)နှစ်ချမှတ်လိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ကိုဟံသာညိန်းကို ကမာရွတ်မြို့မရဲစခန်းက အီလက်ထရောနစ်ဥပဒေပုဒ်မ (၃၃)ခနဲ့ ထပ်မံတရားစွဲခဲ့တယ်လို့ သိရပေမယ့် အမှုလိုက်ရှေ့နေတွေကတော့ ဒီလိုတရားစွဲဆိုတာနဲ့ပတ်သက်ပြီး ပြောပြနိူင်ခြင်းမရှိသေးဘူးလို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

“ကျွန်မတို့လည်း သူ့ညီမpost တင်ထားတာပဲတွေ့တာ အတိအကျမသိသေးတော့ အမှုနဲ့ပတ်သက်ပြီး ပြောပြဖို့ခက်တယ်”လို့ သူကပြောပါတယ်။

ဒီလိုတရားစွဲဆိုတာဟာ မီဒီယာကို စစ်တပ်က ထိန်းချုပ်ချင်တဲ့သဘော သက်ရောက်ပြီး ဆက်ပြီးထိန်းသိမ်းချင်လို့ အခုလိုလုပ်တာဖြစ်တယ်လို့ သတင်းစာဆရာတဦးက သုံးသပ်ပြောဆိုပါတယ်။

လက်တလော ပြည်တွင်းမှာဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၄၈ ဦးနီးပါးရှိတယ်လို့လည်း သူကပြောပါတယ်။

ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးနေသန်မောင်နဲ့ တွဲဖက်တည်ထောင်သူ အယ်ဒီတာ ဦးဟံသာညိန်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မတ်လ ၉ ရက်နေ့က ရန်ကုန်ရှိ ကမာရွတ်မီဒီယာရုံးခန်းမှာ ဝင်ရောက်ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကမာရွတ်အယ်ဒီတာချုပ် ဦးနေသန်မောင်ကို ဇွန်လ ၁၄ ရက်နေ့က ရာဇဝတ်ကျင့်ထုံးဥပ​ဒေပုဒ်မ ၄၄၉ (က)အရ အမှုရုပ်သိမ်းပေးခဲ့ပြီး အမေရိကန်နိူင်ငံကို ဇွန်လ ၁၅ ရက်နေ့မှာပြန်ခိုင်းခဲ့ပါတယ်။

အယ်ဒီတာ ဦးဟံသာညိန်းကိုတော့ ဖမ်းဆီးခံရပြီး တစ်နှစ်အကြာမှာ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ကမာရွတ်မီဒီယာကို ၂၀၂၁ ခုနှစ် သြဂုတ်လမှာ စ
တင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

မတ်လအတွင်းမှာ ကမာရွတ်မီဒီယာက ကိုဟံသာညိန်း၊မဇ္ဈိမသတင်းဌာနက အယ်ဒီတာသန်းထိုက်အောင်၊မြန်မာသံတော်ဆင့်သတင်းဌာနက သတင်းထောက် ကိုရဲရင့်ထွန်းနဲ့Mandalay Free press သတင်းဌာနက သတင်းထောက် ကိုအောင်ဇော်ဇော်တို့ကို ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကမာရွတ်မီဒီယာ #အယ်ဒီတာ #ကိုဟံသာညိန်း #အိလက်ထရောနစ်ပုဒ်မ #ထပ်မံတရားစွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW