ဒီပဲယင်းနယ်က တောင်သူတွေ နယ်မြေမအေးချမ်းတဲ့အတွက် နွေစပါးစိုက်ဖို့ခက်ခဲနေ

မတ် ၂၉-၂၀၂၂ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ဟာ (ဘေးကြား)လို့ခေါ်တဲ့ ရွှေဘိုပေါ်ဆန်းအများဆုံးစိုက်ပျိုးရာ ရွှေဘိုခရိုင်ထဲက မြို့နယ်တခုဖြစ်ပါတယ်။ အခုလက်ရှိ အဲ့ဒီဒေသကကျေးရွာတွေမှာ မကြာခဏနေအိမ်တွေမီးရှိုခံနေရတာကြောင့် မီးဘေးသင့်ပြည်သူတွေ များပြားလာသလို မကြာခဏစစ်ကြောင်းထိုးနေတာတွေလည်း ရှိတဲ့အတွက် ဒေသခံရွာသားတွေလည်းထက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒါကြောင့် လက်ရှိနွေစပါးစိုက်ပျိုးချိန်ရောက်ရှိနေပေမယ့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိတဲ့ ကျေးရွာတွေမှာ နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိသေးဘူးလို့ တောင်သူတွေကပြောပါတယ်။ တချို့မီးရှို့ခံရတဲ့ကျေးရွာတွေက တောင်သူတွေမှာဆိုရင် မိုးရာသီမှာထွက်ရှိထားတဲ့စပါးတွေကို သိုလှောင်ထားရာမှာလည်း မီးလောင်ရာမှာအကုန်ပါသွားခဲ့ပြီး အခုနွေစပါးကိုပါ မစိုက်ပျိုးနိုင်ရင် မိသားစုဘဝတွေရဲ့စားဝတ်နေရေးရပ်တည်မှုတွေဟာ ရေရှည်အတွက် အငတ်ဘေးနဲ့ရင်ဆိုင်ရနိုင်တယ်လို့လည်း သုံးသပ်ပြောဆိုထားကြပါတယ်။ #voiceofmyanmar #VOM #ဒီပဲယင်း #နွေစပါး #နယ်မြေမအေးချမ်း YouTube Link – https://youtu.be/Ox0edCTA1lQ

Read More

ဗန်းမော်မြို့ပေါ်မှာ ပေါက်ကွဲမှု ၃ ကြိမ်ဆက်တိုက်ဖြစ်ပြီး အရပ်သား(၁)ဦးနဲ့ ရဲမှူး(၁)ဦး သေဆုံး

မတ် ၊ ၂၈-၂၀၂၂ SP (VOM) ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှု ၃ ကြိမ် ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ရဲမှူး(၁)ဦး အပါအဝင် လူသေဆုံးမှုတွေနဲ့ ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့ ဗန်းမော်မြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၇ နာရီဝန်းကျင်မှာ ပေါက်ကွဲမှုစတယ် ၊ ရဲမင်းကြီးအိမ်ရှေ့လမ်းနဲ့ နာရီစင်တောင်ဘက် အရှေ့လမ်းပေါ်တွေမှာ ပေါက်ကွဲမှု တခုစီ စဖြစ်တယ် ၊ အဲ့ဒီနောက် အချိန် ၃ နာရီလောက်ခြားပြီး ရောဘတ်ဘုရားကျောင်းအနီး ကုန်းအတက်နေရာမှာ ထပ်ပြီး ပေါက်ကွဲတယ်” လို့ ဗန်းမော်မြို့ခံတယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဗန်းမော်မြို့ခံ လူမှုကူညီရေးအသင်း ပရဟိတသမားတယောက်က ” မနက်ပိုင်းစောစော ပေါက်ကွဲတဲ့ဖြစ်စဥ်မှာက အသေအပျောက် မရှိဘူး ၊ ၁၀ နာရီဝန်းကျင်ပေါက်ကွဲတဲ့ ဖြစ်စဥ်မှာ ဆိုင်ကယ်စီးလာတဲ့…

Read More

အော်စကာဆုပေးပွဲမှာ ဇနီးကိုနောက်ပြောင်ခဲ့လို့ အစီအစဉ်တင်ဆက်သူကို မင်းသားဝီလ်စမစ်က စင်ပေါ်တက်ပြီး ပါးရိုက်

၀ါရှင်တန်၊ မတ်-၂၈-၂၀၂၂ မျိူးဆက်(VOM) ဟောလိဝုဒ်အကျော်အမော် မင်းသားဝီလ်စမတ်ဟာ သူ့ရဲ့ဇနီးဖြစ်သူ ဂျာဒါပင်ကတ်စမစ်ကို အစီအစဉ်တင်ဆက်သူ ခရစ်ရော့ခ်က ဟာသနှောနောက်ပြောင်ခဲ့တာကြောင့် ဝီလ်စမစ်က စင်ပေါ်တက်ပြီး ပါးရိုက်ခဲ့ပါတယ်။ ၀ီလ်စမစ်ရဲ့ ဇနီးဖြစ်သူဟာ ရောဂါဝေဒနာတမျိုးကြောင့် ဆံပင်ကျွတ်တဲ့အခြေအနေကို ရည်ညွှန်းပြီး အစီအစဉ်တင်ဆက်သူ ခရစ်ရော့ခ်က ဂျာဒါရေ ငါတော့ GI Jane 2 ဇာတ်ကားကြည့်ဖို့ မစောင့်နိုင်တော့ဘူးလို့ နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပြောဆိုလိုက်ပြီးနောက်မှာတော့ မင်းသားဝီလ်စမစ်ဟာ စင်ပေါ်ကိုတက်သွားပြီး ခရစ်ရော့ခ်ကို ပါးရိုက်ခဲ့ကာ ငါ့မိန်းမနာမည်ကို မင်းပါးစပ်က ပြောစရာမလိုဘူးဆိုပြီး အော်ဟစ်ခဲ့ပြီးနောက် သူ့ထိုင်ခုံကိုပြန် သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စအပေါ် နောက်ပိုင်းမှာ သူကတောင်းပန်ခဲ့ပါတယ်။ မင်းသား ဝီလ်စမစ်ဟာ အခုနှစ်မှာ King Richard ဇာတ်ကားနဲ့အော်စကာဆုရရှိခဲ့ပြီး မင်းသမီး ဂျက်စီကာ ချက်စတိန်းကတော့ The Eyes of Tammy Faye ဇာတ်ကားနဲ့ အော်စကာဆု ရရှိခဲ့ပါတယ်။…

Read More

အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ နှစ်ပတ်ကြာ အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

မနီလာ၊ မတ်-၂၈-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နဲ့ ဖိလစ်ပိုင်စစ်တပ်တို့ဟာ သူတို့ရဲ့ နှစ်စဉ်ပြုလုပ်နေကြ အကြီးစားစစ်ရေးလေ့ကျင့်မှုကို စတင်နေပြီဖြစ်ပါတယ်။ ၁၂ ရက်ကြာပြုလုပ်မယ့် အဲဒီစစ်ရေးလေ့ကျင့်မှု စတင်တဲ့အခမ်းအနားကို မြို့တော်မနီလာမှာ မတ် ၂၈ ရက် ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က စစ်ရေးလေ့ကျင့်မှုကတော့ ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် အရွယ်အစား လျှော့ချခဲ့ရပါတယ်။ လက်ရှိ စစ်ရေးလေ့ကျင့်မှုမှာတော့ နှစ်နိုင်ငံတပ်ဖွဲ့၀င် ၈၉၀၀ ခန့်ပါ၀င်ပြီး အဲဒီထဲက ၅၁၀၀ ကတော့ အမေရိကန် တပ်ဖွဲ့၀င်တွေဖြစ်ပါတယ်။ နှစ်နိုင်ငံတပ်ဖွဲ့၀င်တွေဟာ လူဇွန်ကျွန်းမြောက်ဘက်စွန်းရှိ ကမ်းခြေတခုမှာ ဝေဟင်မှဆင်းသက်တဲ့ လေ့ကျင့်ခန်းအပါအ၀င် ဖိလစ်ပိုင်နိုင်ငံတ၀န်းမှာ စစ်ရေးလေ့ကျင့်သွားမှာဖြစ်ပါတယ်။ မသေချာမရေရာတဲ့ လုံခြုံရေးအခြေအနေတွေရှိနေပေမယ့် အခုလိုက်ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့အကြား ခိုင်မာတဲ့ဆက်ဆံရေးကို ပြသနေကြောင်း ဖိလစ်ပိုင်စစ်ဦးစီးချုပ် ကပြောပါတယ်။ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက သူ့ရဲ့စစ်ရေးတည်ရှိမှုကို တိုးမြှင့်နေချိန်မှာ အမေရိကန်ကလည်း ဒေသတွင်းသူ့ရဲ့ လွှမ်းမိုးမှုကိုချဲ့ထွင်နေဖွယ်ရှိတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။…

Read More

ကိုဗစ်ကူးစက်မှု မြင့်တက်နေတာကြောင့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို လော့ခ်ဒေါင်းချ

ပေကျင်း၊ မတ်-၂၈-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ရှန်ဟိုင်းမြို့ကို လော့ခ်ဒေါင်းချလိုက်ကြောင်း အာဏာပိုင်တွေက မတ် ၂၇ ရက်မှာ ကြေညာလိုက်ပါတယ်။ မြို့ခံလူထုကို ကိုဗစ်-၁၉ ကူးစက်မှုရှိမရှိ အာဏာပိုင်တွေက စစ်ဆေးသွားမှာဖြစ်ပြီး ရှန်ဟိုင်းမြို့ကို အဆင့်နှစ်ဆင့်နဲ့ ကိုးရက်ကြာ လော့ခ်ဒေါင်းချသွားမှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေအခြေစိုက်ရာ ရှန်ဟိုင်းမြို့မှာ အခြားသောနိုင်ငံအချို့မှာလို ရောဂါကူးစက်မှုအလွန်မြင့်မားခြင်းမရှိပေမယ့်လည်း ကူးစက်မှုလိုင်းသစ်ကို တစ်လနီးပါးကြာ ရင်ဆိုင်ခဲ့ရပါတယ်။ စီးပွားရေးလုပ်ငန်းတွေ မတည်မငြိမ်ဖြစ်ပွားမှာကို ရှောင်ရှားနိုင်ဖို့အတွက် မြို့ကိုလော့ခ်ဒေါင်းချခြင်းကို မြို့အာဏာပိုင်တွေက ငြင်းဆန်ခဲ့ပေမယ့်လည်း မတ် ၂၆ ရက်မှာ ကူးစက်မှုစံချိန်တင်ပြီးနောက် လော့ခ်ဒေါင်းချဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ မြို့အရှေ့ဘက်ပိုင်းကို ဧပြီ ၁ ရက်ထိနဲ့ အနောက်ပိုင်းကို ဧပြီ ၁ ရက်မှ ၅ ရက်ထိ ကန့်သတ်ချက်တွေအောက်မှာ အဆင့်နှစ်ဆင့်နဲ့ လော့ခ်ဒေါင်းချသွားမှာဖြစ်ပါတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေကို ရပ်ဆိုင်းထားမှာဖြစ်ပြီး ကုမ္ပဏီတွေ၊…

Read More

ကမာရွတ်မီဒီယာအယ်ဒီတာ ကိုဟံသာညိန်း ကို အီလက်ထရောနစ်ဥပဒေနဲ့ ထပ်မံတရားစွဲ

မတ် ၂၈၊၂၀၂၂ KK(VOM) ကမာရွတ်မီဒီယာအယ်ဒီတာ ကိုဟံသာညိန်းကို အီလက်ထရောနစ်ဥပဒေပုဒ်မ (၃၃)ခနဲ့ ဒီကနေ့ မတ်လ (၂၈)ရက်မှာပဲ ထပ်တိုးတရားစွဲဆိုခံရတယ်လို့ မိသားစုဝင်တဦးက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြလာပါတယ်။ ကိုဟံသာညိန်းကို ပြီးခဲ့တဲ့ မတ်လ ၂၁ရက်က အင်းစိန်အကျဥ်းထောင်ရှိ အထူးတရာရုံးကနေအလုပ်ကြမ်းနဲ့ထောင်ဒဏ် (၂)နှစ်ချမှတ်လိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ကိုဟံသာညိန်းကို ကမာရွတ်မြို့မရဲစခန်းက အီလက်ထရောနစ်ဥပဒေပုဒ်မ (၃၃)ခနဲ့ ထပ်မံတရားစွဲခဲ့တယ်လို့ သိရပေမယ့် အမှုလိုက်ရှေ့နေတွေကတော့ ဒီလိုတရားစွဲဆိုတာနဲ့ပတ်သက်ပြီး ပြောပြနိူင်ခြင်းမရှိသေးဘူးလို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။ “ကျွန်မတို့လည်း သူ့ညီမpost တင်ထားတာပဲတွေ့တာ အတိအကျမသိသေးတော့ အမှုနဲ့ပတ်သက်ပြီး ပြောပြဖို့ခက်တယ်”လို့ သူကပြောပါတယ်။ ဒီလိုတရားစွဲဆိုတာဟာ မီဒီယာကို စစ်တပ်က ထိန်းချုပ်ချင်တဲ့သဘော သက်ရောက်ပြီး ဆက်ပြီးထိန်းသိမ်းချင်လို့ အခုလိုလုပ်တာဖြစ်တယ်လို့ သတင်းစာဆရာတဦးက သုံးသပ်ပြောဆိုပါတယ်။ လက်တလော ပြည်တွင်းမှာဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၄၈ ဦးနီးပါးရှိတယ်လို့လည်း သူကပြောပါတယ်။ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ဦးနေသန်မောင်နဲ့ တွဲဖက်တည်ထောင်သူ အယ်ဒီတာ ဦးဟံသာညိန်းတို့ဟာ…

Read More

`NAC` HIVစောင့်ရှောက်ရေးစင်တာမှာ တာဝန်ခံ ဖမ်းဆီခံရပြီးနောက်ပိုင်း အခက်အခဲနဲ့ရင်ဆိုင်နေရ

မတ် ၂၈၊၂၀၂၂ KK(VOM) ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်၊ ၁၁ရပ်ကွက်၊ ဟိုင်ဆင်ဒူးဝါးလမ်းမှာရှိတဲ့ ‘NAC’ HIVစောင့်ရှောက်ရေးဂေဟာက တာဝန်ခံ ကိုစိုးရာဇာထွန်းဖမ်းဆီးခံရပြီးနောက် HIV/AIDS စောင့်ရှောက်ရေးစင်တာမှာ အခက်အခဲနဲ့ရင်ဆိုင်ရနေရတယ်လို့ ဂေဟာမှာဆက်လက်လုပ်ကိုင်ပေးနေသူတွေဆီက သိရပါတယ်။ NAC’ HIVစောင့်ရှောက်ရေးဂေဟာမှာ ရောဂါကူးစက်ခံကလေးသူငယ်များ၊လူကြီးပိုင်းများ ဆေးခန်းပြသဖို့နဲ့ နေ့စဥ်သောက်သုံးနေရတဲ့ဆေးဝါးတွေ ဝယ်ယူဖို့ အခက်အခဲတွေ ရှိလာတာဟာ ကိုဗစ်ကာလကတည်းကဖြစ်ပြီး တာဝန်ခံဖမ်းဆီးခံရပြီးနောက်မှာ ပိုမိုအခက်အခဲတွေနဲ့ရင်ဆိုင်ရတယ်လို့ ဆေးတိုက်ရာမှာ ကူညီနေသူတဦးက ပြောပါတယ်။ “ဆေးတွေလိုတယ် အဓိကပြဿနာက အလှူငွေပေါ့ အလှူငွေရှိမှ ဆေးဝယ်လို့ရမှာ၊ ဆေးခန်းတစ်ခါပြရင် ၁၀ ယောက်၊ တစ်ခါတစ်လေ အယောက် ၂၀ ပြရတာ၊ အစိုးရကပေးတဲ့ ဆေးတွေရှိတယ် အပြင်မှာဝယ်ရတဲ့ဆေးတွေလည်းရှိတယ်”လို့ သူကပြောပါတယ်။ လက်တလောအခြေအနေမှာ ဆန်၊ဆီ၊ဆား ပြဿနာထက် NAC စင်တာမှာ အလှူရှင်များရဲ့ ပံ့ပိုးငွေလိုအပ်နေပြီး ရရှိလာတဲ့အလှူငွေတွေကို ကလေး၊လူကြီးဆေးခန်းပြတာတွေနဲ့ လိုအပ်တဲ့ဆေးများဝယ်ယူရာမှာ အသုံးပြုရမှာဖြစ်တယ်လို့ NACစင်တာကနေ သိရပါတယ်။ ဒီလိုအခက်အခဲတွေနဲ့…

Read More

နေပြည်တော်မှာ ရေကစားမဏ္ဍပ် ဆောက်လုပ်နေတဲ့ မြင်ကွင်း

မတ် ၂၈-၂၀၂၂ KT(VOM) နေပြည်တော်၊ပျဥ်းမနား-တောင်ညိုကားလမ်းဘေး၊ နေပြည်တော်မြို့တော်ခန်းမရှေ့ ဝင်ပေါက်မှာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်ဆောက်လုပ်နေတာကို ဒီကနေ့မနက်ပိုင်းက မြင်တွေ့ရတာဖြစ်ပါတယ်။ မဏ္ဍပ်ဆောက်နေတာကတော့ လေးရက်လောက်ရှိပြီဖြစ်တယ်လို့ မဏ္ဍပ်တည်ဆောက်နေတဲ့ အလုပ်သမားတဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #ရေကစားမဏ္ဍပ်

Read More
VOM News

FREE
VIEW