ဒီပဲယင်းနယ်က တောင်သူတွေ နယ်မြေမအေးချမ်းတဲ့အတွက် နွေစပါးစိုက်ဖို့ခက်ခဲနေ

မတ် ၂၉-၂၀၂၂
Voice Of Myanmar

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ဟာ (ဘေးကြား)လို့ခေါ်တဲ့ ရွှေဘိုပေါ်ဆန်းအများဆုံးစိုက်ပျိုးရာ ရွှေဘိုခရိုင်ထဲက မြို့နယ်တခုဖြစ်ပါတယ်။

အခုလက်ရှိ အဲ့ဒီဒေသကကျေးရွာတွေမှာ မကြာခဏနေအိမ်တွေမီးရှိုခံနေရတာကြောင့် မီးဘေးသင့်ပြည်သူတွေ များပြားလာသလို မကြာခဏစစ်ကြောင်းထိုးနေတာတွေလည်း ရှိတဲ့အတွက် ဒေသခံရွာသားတွေလည်းထက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒါကြောင့် လက်ရှိနွေစပါးစိုက်ပျိုးချိန်ရောက်ရှိနေပေမယ့် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိတဲ့ ကျေးရွာတွေမှာ နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိသေးဘူးလို့ တောင်သူတွေကပြောပါတယ်။

တချို့မီးရှို့ခံရတဲ့ကျေးရွာတွေက တောင်သူတွေမှာဆိုရင် မိုးရာသီမှာထွက်ရှိထားတဲ့စပါးတွေကို သိုလှောင်ထားရာမှာလည်း မီးလောင်ရာမှာအကုန်ပါသွားခဲ့ပြီး အခုနွေစပါးကိုပါ မစိုက်ပျိုးနိုင်ရင် မိသားစုဘဝတွေရဲ့စားဝတ်နေရေးရပ်တည်မှုတွေဟာ ရေရှည်အတွက် အငတ်ဘေးနဲ့ရင်ဆိုင်ရနိုင်တယ်လို့လည်း သုံးသပ်ပြောဆိုထားကြပါတယ်။

#voiceofmyanmar #VOM #ဒီပဲယင်း #နွေစပါး #နယ်မြေမအေးချမ်း

YouTube Link – https://youtu.be/Ox0edCTA1lQ

Related posts

VOM News

FREE
VIEW