အော်စကာဆုပေးပွဲမှာ ဇနီးကိုနောက်ပြောင်ခဲ့လို့ အစီအစဉ်တင်ဆက်သူကို မင်းသားဝီလ်စမစ်က စင်ပေါ်တက်ပြီး ပါးရိုက်

၀ါရှင်တန်၊ မတ်-၂၈-၂၀၂၂
မျိူးဆက်(VOM)

ဟောလိဝုဒ်အကျော်အမော် မင်းသားဝီလ်စမတ်ဟာ သူ့ရဲ့ဇနီးဖြစ်သူ ဂျာဒါပင်ကတ်စမစ်ကို အစီအစဉ်တင်ဆက်သူ ခရစ်ရော့ခ်က ဟာသနှောနောက်ပြောင်ခဲ့တာကြောင့် ဝီလ်စမစ်က စင်ပေါ်တက်ပြီး ပါးရိုက်ခဲ့ပါတယ်။

၀ီလ်စမစ်ရဲ့ ဇနီးဖြစ်သူဟာ ရောဂါဝေဒနာတမျိုးကြောင့် ဆံပင်ကျွတ်တဲ့အခြေအနေကို ရည်ညွှန်းပြီး အစီအစဉ်တင်ဆက်သူ ခရစ်ရော့ခ်က ဂျာဒါရေ ငါတော့ GI Jane 2 ဇာတ်ကားကြည့်ဖို့ မစောင့်နိုင်တော့ဘူးလို့ နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုပြောဆိုလိုက်ပြီးနောက်မှာတော့ မင်းသားဝီလ်စမစ်ဟာ စင်ပေါ်ကိုတက်သွားပြီး ခရစ်ရော့ခ်ကို ပါးရိုက်ခဲ့ကာ ငါ့မိန်းမနာမည်ကို မင်းပါးစပ်က ပြောစရာမလိုဘူးဆိုပြီး အော်ဟစ်ခဲ့ပြီးနောက် သူ့ထိုင်ခုံကိုပြန် သွားခဲ့ပါတယ်။

ဒါပေမယ့် ဒီကိစ္စအပေါ် နောက်ပိုင်းမှာ သူကတောင်းပန်ခဲ့ပါတယ်။ မင်းသား ဝီလ်စမစ်ဟာ အခုနှစ်မှာ King Richard ဇာတ်ကားနဲ့အော်စကာဆုရရှိခဲ့ပြီး မင်းသမီး ဂျက်စီကာ ချက်စတိန်းကတော့ The Eyes of Tammy Faye ဇာတ်ကားနဲ့ အော်စကာဆု ရရှိခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

VOM News

FREE
VIEW