ဒဂုံတက္ကသိုလ် ကျောင်းသူတစ်ဦးကို ထောင်ဒဏ်(၃)နှစ် ချမှတ်

မတ် ၃၁-၂၀၂၂
KK(VOM)

ဒဂုံတက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်တဲ့ မဆုမွန် ကို မနေ့ မတ်လ ၃၀ရက်က မရမ်းကုန်းမြို့နယ်တရားရုံးကနေ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့တယ်
လို့ အမှုလိုက်ရှေနေတွေဆီက သိရပါတယ်။

“အမိန့်ချတဲ့သတင်းပဲကြားရတာ လျှော့ရက်ရလား
မရလားလဲ မသိဘူး၊ ကျနော်တို့လည်း သွားတွေ့လို့မရဘူး၊ ၂၉ ရက်နေ့ကလည်း လှည်းကူးမှာ သူငယ်ချင်းနှစ်ယောက်အမိန့်ချတယ် အထဲမှာအဆင်ပြေပါစေလို့ပဲ အဝေးကနေဆုတောင်းပေးနေရတယ်”လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒဂုံတက္ကသိုလ်မှ ကျောင်းသူမဆုမွန်ကို ပြီးခဲ့တဲ့နှစ် ဇွန်လ ၇ ရက်က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ၉ လအကြာမှာ ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒဂုံတက္ကသိုလ် ရှေးဟောင်းသုတေသနပညာဘာသာရပ် အထူးပြု ကျောင်းသူ မဆုမွန်နဲ့အတူ ဇွန်လ ၇ ရက်နေ့မှာ.ဖမ်းဆီးခံရတဲ့ ကျောင်းသားနှစ်ဦးကလည်း ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုထားပြီး အမိန့်ချမှတ်ခြင်းမရှိသေးဘူးလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ မောင်ဇင်လင်းအောင် နဲ့ မောင်မောင်မင်းခန့် တို့နှစ်ဦးကိုလည်း မတ်လ ၂၉ ရက်နေ့လယ်ပိုင်းက လှည်းကူးမြို့နယ်တရားရုံးကနေ ပုဒ်မ ၅၀၅(က)နဲ့ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အချို့ကို ပုဒ်မ ၅၀၅(က)၊၅၀၅-က တို့နဲ့ ထောင်ဒဏ်တွေချမှတ်ခဲ့တာလည်းရှိပါတယ်။

လက်တလောမှာ ဖမ်းဆီးခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးကျော်ရှိနေပြီး သေဒဏ်၊ တသက်တကျွန်း အထိ ချမှတ်ခံထားရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ကနေ ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၉၉၉၁ ဦးရှိသည့်အနက် ၈၈၆ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #ဒဂုံတက္ကသိုလ်ကျောင်းသူ #ထောင်သုံးနှစ်ချမှတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW