ဒဂုံတက္ကသိုလ် ကျောင်းသူတစ်ဦးကို ထောင်ဒဏ်(၃)နှစ် ချမှတ်

မတ် ၃၁-၂၀၂၂ KK(VOM) ဒဂုံတက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်တဲ့ မဆုမွန် ကို မနေ့ မတ်လ ၃၀ရက်က မရမ်းကုန်းမြို့နယ်တရားရုံးကနေ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့တယ် လို့ အမှုလိုက်ရှေနေတွေဆီက သိရပါတယ်။ “အမိန့်ချတဲ့သတင်းပဲကြားရတာ လျှော့ရက်ရလား မရလားလဲ မသိဘူး၊ ကျနော်တို့လည်း သွားတွေ့လို့မရဘူး၊ ၂၉ ရက်နေ့ကလည်း လှည်းကူးမှာ သူငယ်ချင်းနှစ်ယောက်အမိန့်ချတယ် အထဲမှာအဆင်ပြေပါစေလို့ပဲ အဝေးကနေဆုတောင်းပေးနေရတယ်”လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒဂုံတက္ကသိုလ်မှ ကျောင်းသူမဆုမွန်ကို ပြီးခဲ့တဲ့နှစ် ဇွန်လ ၇ ရက်က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ၉ လအကြာမှာ ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ် ရှေးဟောင်းသုတေသနပညာဘာသာရပ် အထူးပြု ကျောင်းသူ မဆုမွန်နဲ့အတူ ဇွန်လ ၇ ရက်နေ့မှာ.ဖမ်းဆီးခံရတဲ့ ကျောင်းသားနှစ်ဦးကလည်း ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုထားပြီး အမိန့်ချမှတ်ခြင်းမရှိသေးဘူးလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ သိရပါတယ်။ ဒဂုံတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့…

Read More

အနုပညာ အနှစ် ရာပြည့် အမွေကောင်းတွေ

ဆူးငှက် “ခရာ… သံစုံ၊ ကျူးကျော်ညံဟုန်… စကြာပန်းညို၊ ပန်းနီ၊ ပန်းပြာ…၊ ပန်းဝါ…၊ သြာ်… ပါတဲ့နေရာ တောကွဲ့ဟေမဝါ၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး… လွမ်းပိုဖွယ်ရာ…” သြော်… တစ်နေ့မနေ့ကပဲလို့ ထင်နေတာ…၊ ဘာလိုလိုနဲ့ ၁၇နှစ်ကျော်လို့ ၁၈နှစ်ပြည့်လုပီလေ…။ ဒီလိုပါဗျာ… တစ်ခေတ်တစ်ခါက ပြည်သူချစ်သော အနုပညာသည်ကြီးတစ်ဦးဖြစ်တဲ့ အငြိမ့်မင်းသမီး လေဘာတီမမြရင်က ၁၂၆၆ ခုနှစ်၊ တော်သလင်းလမှာမွေးဖွားတော့ ခရစ်နှစ်အလိုအရ ၁၉၀၄ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလတွေမှာပေါ့ဗျာ။ ဒီတော့ ၂၀၀၄ ခုနှစ်၊ စက်တင်ဘာ အောက်တိုဘာလမှာ လေဘာတီ မမြရင် အနှစ် ၁၀၀ တင်းတင်းပြည့်ပြီပေါ့။ ဒီတော့ အငြိမ့်နဲ့မွေး၊ အငြိမ့်နဲ့ကြီး၊ အငြိမ့်နဲ့ ရင်ခုန်၊ အငြိမ့်နဲ့ မွေ့လျော်ခဲ့ကြတဲ့ မန္တလေးသားတွေအဖို့ ရင်ထဲနှလုံးသားထဲမှာ အငြိမ့်လွမ်းဝေဒနာတွေ ဆူဝေနေဆဲမို့ လေဘာတီမမြရင် ရာပြည့်အခါသမယကို ဘယ့်နှယ်မသိလိုက် မသိဘာသာကျော်ဖြတ်သွားကြပါမလဲ။…

Read More

ပြည်သူ့ကြားက ရင်ဖွင့်သံ

နေပြည်တော် ဝန်ထမ်းအိမ်ရာဘက်မှာသူခိုးတွေပေါနေ အခုရက်ပိုင်းဆိုတာထက် နှစ်နဲ့ချီနေပါပြီ၊ဝန်ထမ်းရပ်ကွက်မှာဆိုင်ကယ်တွေပျောက်နေပါတယ်။ မနက်မိုးလင်းတာနဲ့ကြားရတဲ့စကားသံတွေကတော့ ကျွန်တော့ထိုင်းဘီးလေးပါသွားပြီဆိုတဲ့အသံလေးပါဘဲ။ ဘယ်အချိန်လာခိုးတာလည်းဆိုတော့ညဦးပိုင်းမပါသေး.မိုးလင်းထကြည့်တော့မရှိတော့တဲ့ တချို့ဝန်ထမ်းတိုက်တွေဆိုတစ်တိုက်ထဲ သုံးစီးပါ၊လေးစီးပါဆိုတော့ ခိုးမယ့်သူတစ်ယောက်ထဲမဖြစ်နိုင်၊အုပ်စုလိုက်ဖြစ်ဖို့များနေတာဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုနားရွက်တွံတွေးဆွတ်နေသလိုဖြစ်နေတာပါ။ နေပြည်တော်မှာ တောတောင်လျှိုမြောင်တွေကပေါ၊ တောထဲကျူးကျော်နေထိုင်သူတွေကလည်းများ၊ဥစ္စာပျောက်ငရဲရောက်ဆိုသလိုဘယ်လိုလူမျိုးကိုစွပ်စွဲရမှန်းမသိဖြစ်နေပါတယ်။ နောက်တစ်ခုကနေပြည်တော်မှာအိမ်ယာတွေဆောက်နေတော့ တည်ဆောက်ရေးအတွက်အလုပ်သမားတွေက ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးတဲဆောက်ပြီးနေကြ၊အဲလိုနေထိုင်ကြသူတွေကလည်းများတော့ဘယ်သူစွပ်စွဲရမှန်းမသိ၊ပျောက်လို့သက်ဆိုင်ရာနယ်မြေရဲစခန်းသွားတိုင်ပြန်တော့လည်းရဲစခန်းကအမှုဖွင့်ပေး ပြီးရင်တိုင်သူကိုပြန်ရှာခိုင်း တွေ့ရင်သတင်းပို့ဒါဘဲလုပ်ပေးနေတော့လူတွေကလည်းရဲစခန်းသွားပြီးအမှုဖွင့်ရမှာကြောက်၊ဒီလိုနဲ့ဘဲဝန်ထမ်း အိမ်ရာဘက်မှာဆိုင်ကယ်တွေပျောက်မြဲပျောက်လျက်ပါ။ ဒီအခြေအနေတွေကို နေပြည်တော်လုံခြုံရေးတာဝန်ရှိသူတွေ သိစေဖို့နဲ့ တာဝန်ယူဖြေရှင်ဆောင်ရွက်ပေးဖို့ Voice Of Myanmar ကတဆင့် ရင်ဖွင့်လိုက်ရပါတယ်။ နေပြည်တော် ဝန်ထမ်းတဦး #voiceofmyanmar #VOM #ပြည်သူ့ကြားကရင်ဖွင့်သံ

Read More
VOM News

FREE
VIEW