ပြည်သူ့ကြားက ရင်ဖွင့်သံ

နေပြည်တော် ဝန်ထမ်းအိမ်ရာဘက်မှာသူခိုးတွေပေါနေ

အခုရက်ပိုင်းဆိုတာထက် နှစ်နဲ့ချီနေပါပြီ၊ဝန်ထမ်းရပ်ကွက်မှာဆိုင်ကယ်တွေပျောက်နေပါတယ်။ မနက်မိုးလင်းတာနဲ့ကြားရတဲ့စကားသံတွေကတော့ ကျွန်တော့ထိုင်းဘီးလေးပါသွားပြီဆိုတဲ့အသံလေးပါဘဲ။ ဘယ်အချိန်လာခိုးတာလည်းဆိုတော့ညဦးပိုင်းမပါသေး.မိုးလင်းထကြည့်တော့မရှိတော့တဲ့ တချို့ဝန်ထမ်းတိုက်တွေဆိုတစ်တိုက်ထဲ သုံးစီးပါ၊လေးစီးပါဆိုတော့ ခိုးမယ့်သူတစ်ယောက်ထဲမဖြစ်နိုင်၊အုပ်စုလိုက်ဖြစ်ဖို့များနေတာဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုနားရွက်တွံတွေးဆွတ်နေသလိုဖြစ်နေတာပါ။

နေပြည်တော်မှာ တောတောင်လျှိုမြောင်တွေကပေါ၊ တောထဲကျူးကျော်နေထိုင်သူတွေကလည်းများ၊ဥစ္စာပျောက်ငရဲရောက်ဆိုသလိုဘယ်လိုလူမျိုးကိုစွပ်စွဲရမှန်းမသိဖြစ်နေပါတယ်။

နောက်တစ်ခုကနေပြည်တော်မှာအိမ်ယာတွေဆောက်နေတော့ တည်ဆောက်ရေးအတွက်အလုပ်သမားတွေက ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးတဲဆောက်ပြီးနေကြ၊အဲလိုနေထိုင်ကြသူတွေကလည်းများတော့ဘယ်သူစွပ်စွဲရမှန်းမသိ၊ပျောက်လို့သက်ဆိုင်ရာနယ်မြေရဲစခန်းသွားတိုင်ပြန်တော့လည်းရဲစခန်းကအမှုဖွင့်ပေး ပြီးရင်တိုင်သူကိုပြန်ရှာခိုင်း တွေ့ရင်သတင်းပို့ဒါဘဲလုပ်ပေးနေတော့လူတွေကလည်းရဲစခန်းသွားပြီးအမှုဖွင့်ရမှာကြောက်၊ဒီလိုနဲ့ဘဲဝန်ထမ်း အိမ်ရာဘက်မှာဆိုင်ကယ်တွေပျောက်မြဲပျောက်လျက်ပါ။

ဒီအခြေအနေတွေကို နေပြည်တော်လုံခြုံရေးတာဝန်ရှိသူတွေ သိစေဖို့နဲ့ တာဝန်ယူဖြေရှင်ဆောင်ရွက်ပေးဖို့ Voice Of Myanmar ကတဆင့် ရင်ဖွင့်လိုက်ရပါတယ်။

နေပြည်တော် ဝန်ထမ်းတဦး

#voiceofmyanmar #VOM #ပြည်သူ့ကြားကရင်ဖွင့်သံ

Related posts

Leave a Comment

VOM News

FREE
VIEW