ယူကရိန်းစစ်ပွဲကို ဟန့်တားဖို့ နဲ့ ရပ်တန့်ဖို့ လုံခြုံရေးကောင်စီ မစွမ်းဆောင်နိုင်ခဲ့ကြောင်း ကုလအကြီးအကဲ ဝေဖန်

ကိယက်ဗ်၊ ဧပြီ-၂၉-၂၀၂၂
မျိုးဆက်(VOM)

ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ် ယူကရိန်းနိုင်ငံကိယက်ဗ်မြို့ကို ရောက်ရှိနေချိန်အတွင်း ကိယက်ဗ်မြို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကတော့ ယူကရိန်းစစ်ပွဲမဖြစ်အောင် ဟန့်တားဖို့ သို့မဟုတ် အဆုံးသတ်ဖို့နဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မစွမ်းဆောင်နိုင်ခဲ့ကြောင်း ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဒီကိစ္စဟာ ကြီးစွာသော စိတ်ပျက်မှု ၊ ဒေါသထွက်မှုတွေရဲ့ အရင်းမြစ်ဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒီစစ်ပွဲကို ဟန့်တားဖို့နဲ့ အဆုံးသတ်ဖို့အတွက် လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေအားလုံး ပျက်ယွင်းခဲ့တယ်လို့ ဂူတာရက်စ်က ဝေဖန်ပြောဆိုပါတယ်။

အဖွဲ့၀င် ၁၅ ဦးပါ၀င်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေဆောင်ရွက်ဖို့ အထူးတာ၀န်ပေးခြင်းခံထားရပါတယ်။

ဒါပေမယ့် ယူကရိန်းကို ရုရှားက ဖေဖော်ဝါရီလမှာ ကျူးကျော်မှုပြုကတည်းက အရေးယူလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ယူကရိန်းအပါအ၀င် အခြားနိုင်ငံအစိုးရတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW