ဧပြီ – ၁ – ၂၀၂၂ KT(VOM) နိုင်ငံ့ဝန်ထမ်းတွေကို အငြိမ်းစားယူဖို့ အရင်က အသက် ၆၀ မှာ သက်ပြည့်ပင်စင်ပေးပေမယ့် အခုအခါမှာတော့အသက် ၆၂ နှစ်ပြည့်မှ ပင်စင်ယူဖို့ ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ နစကကောင်စီ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ “နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်အား ထိမ်းသိမ်းရန်၊လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတို့အရ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက်အထောက်အကူပြုစေရန်၊ လုပ်ငန်းကျွမ်းကျင်သည့် လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံတော်မှ ဆက်လက်ချီးမြှောက်ရန်အတွက် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း” ထုတ်ပြန်ချက်မှာ ပါရှိတာကို တွေ့ရပါတယ်။ အခုလို ပြောင်းလဲလိုက်တာနဲ့ပတ်သက်ပြီး ဝန်ထမ်းတဦးက “ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး၊ကာကွယ်ရေးနဲ့ ဝန်ကြီးဌာန အသီးသီးက အောက်ခြေဝန်ထမ်းအများစုကတော့ အဆဲခံ၊ အဆိုခံ၊ အပြောခံရဖို့အတွက် ပင်စင်သက်တမ်းကို အသက် ၆၂ နှစ်အထိ တိုးမြှင့်လိုက်တာလို့မြင်သလို လူကြီးအနားမှာနေပြီး အဆင်ပြေသူတွေကတော့ တို့လူကြီးကွဆိုပြီး ဝမ်းသာအားရှိတယ်ဆိုတဲ့အကြောင်း ဝေဖန်ပြောဆိုနေကြတာကို…
Read MoreMonth: April 2022
မူဆယ်က ရဲအုပ်တဦးအပါအဝင် ရဲဝန်ထမ်း ၅ ဦး အသတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရှိ
ဧပြီ ၁-၂၀၂၁ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ မတ်လ ၃၀ ရက်နေ့က ပျောက်ဆုံးနေတယ်လို့ သတင်းထွက်ပေါ်နေတဲ့ ရဲအုပ်တဦး အပါအဝင် ရဲဝန်ထမ်း ၅ ဦးကို မတ်လ ၃၁ ရက် ညနေပိုင်းက ရှူဘုတ်ကောင်းခါးရွာအနီး၊ မုံးပေါ်သွားတဲ့ လမ်းဘေးမှာ သတ်ဖြတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “မုန်းပေါ်သွားတဲ့ လမ်းဘေးမှာ အလောင်းတွေတွေ့တယ်။ ညနေ ၅ နာရီ လောက်မှ သိရတော့ ဘယ်ပရဟိတကမှ သွားမကောက်ရဲဘူး။”လို့ ရဲနဲ့ အသိုင်းအဝိုင်းနဲ့ နီးစပ်သူ ၁ဦးက ပြောပါတယ်။ သတ်ဖြတ်ခံခဲ့ရတဲ့ ရဲဝန်ထမ်းတွေကတော့ ပန်ခမ်းတံတားနဲ့ မြဝတီဘဏ်တွေမှာ တာဝန်ကျသူတွေပါဝင်ပြီး ရဲအုပ် ၁ ဦး၊ ရဲတပ်ကြပ် ၂ ဦး၊ ဒု-တပ်ကြပ် ၁ ဦး၊…
Read Moreစစ်ကိုင်းတိုင်းရဲ့ ဝင်ပေါက်နေရာတွေမှာ ဒီကနေ့မနက်ကစပြီး ခရီးသွားတွေကို မှတ်ပုံတင် စစ်ဆေးနေ
ဧပြီ ၊ ၁-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်းရဲ့ဝင်ပေါက်နေရာတွေကနေ ဝင်ရောက်လာတဲ့ ခရီးသွားတွေကို ဒီကနေ့မနက်ပိုင်းကစလို့ နိုင်ငံသားမှတ်ပုံတင် စစ်ဆေးတာ အရေးယူတာတွေ စတင်လုပ်ဆောင်နေပြီလို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။ ” အဖွဲ့စုံနဲ့ စစ်ဆေးနေတာပါ ၊ ယာဥ်အားလုံးကို စစ်ဆေးနေတာဖြစ်ပြီး ၊ မှတ်ပုံတင် မပြနိုင်ဘူးဆိုရင် အရေးယူမယ်လို့ သိရတယ် ၊ ဘယ်လို အရေးယူမယ်ဆိုတာတော့ ရှင်းရှင်း လင်းလင်း မသိရသေးဘူး ” လို့ ဒီကနေ့မနက် မန္တလေးဘက်ကနေ စစ်ကိုင်းတိုင်းကို ဝင်လာတဲ့ ခရီးသည်တင် ကားသမားတဦးက ပြောပါတယ်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရုံးနဲ့ နီးစပ်သူတဦးက ” မှတ်ပုံတင်စစ်ဆေးတာတွေ စလုပ်နေတာဖြစ်တယ် ၊ ခရီးသွားတွေအနေနဲ့ မှတ်ပုံတင်ကို တပါးတည်း ယူဆောင်ကြဖို့ နှိုးဆော်ထားတာ ကြာပြီဖြစ်တယ် ၊ မှတ်ပုံတင် မပြနိုင်ဘူးဆိုရင် ၊ သက်ဆိုင်ရာ…
Read Moreဇွဲကပင်တောင်ပေါ်မှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးကို သေဆုံးလျက်ပြန်တွေ့
ဧပြီ ၊ ၁-၂၀၂၂ ND(VOM) ကရင်ပြည်နယ် ၊ ဘားအံမြို့၊ ဇွဲကပင်တောင်မှာ မတ်လ ၃၀ ရက်နေ့ကတည်းက ဘုရားဖူးလာရင်း ပျောက်ဆုံးနေတဲ့ အမျိုးသမီးကို ဒီကနေ့မနက် ၈ နာရီခွဲမှာ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)ကနေ သိရပါတယ်။ သေဆုံးသူ အမျိုးသမီးရဲ့ရုပ်အလောင်းကို ဇွဲကပင်တောင်တက်လမ်း အထက်ရေတံခွန်အကျော် ဘုရားလေးနားက မရမ်းပင်အောက်မှာ သစ်ရွက်တွေနဲ့ အသေအခြာဖုံးအုပ်ထားတဲ့ပုံစံနဲ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)က VOM ကိုပြောပါတယ်။ “ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ ဘားအံမှာရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့နဲ့ လူမှုကူညီရေးအဖွဲ့တွေ ပူးပေါင်းပြီးရှာတာ အမျိုးသမီးရဲ့အလောင်းကိုတော့ သစ်ရွက်တွေနဲ့ သေသေခြာခြာကို ဖုံးထားတဲ့ပုံစံနဲ့တွေ့တယ်လို့ သတင်းရတယ်။ ခေါင်းမှာလည်း ထိခိုက်ဒဏ်ရာပါတယ်လို့ အကြောင်းကြားလာတယ်။ ရုပ်အလောင်းကိုတော့ ဆေးရုံကြီးကို ပို့ပြီး စစ်ဆေးမှုတွေပြုလုပ်ပြီးမှ ဘာဖြစ်တယ်ဆိုတာ အတည်ပြုလို့ရမယ်ဗျ။ အခု သူတို့ တောင်ပေါ်ကနေ ဆင်းဖို့ ပြင်ဆင်နေကြပြီ”လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့…
Read Moreဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော် ချယ်ရီထက် ကို ထောင်ဒဏ် ၂နှစ်ပြစ်ဒဏ်ချ
မတ် ၃၁-၂၀၂၂ KT(VOM) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်ဖြစ်တဲ့ ဒုရဲအုပ်ချယ်ရီထက်ကို နေပြည်တော် ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၂နှစ် အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေ အပြောအရ သိရပါတယ်။ ဒုရဲအုပ် ချယ်ရီထက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း ရဲဝန်ထမ်းဆိုင်ရာ ဥပဒေနဲ့ ထောင် သုံးနှစ် ချမှတ်ပြီးဖြစ်ပါတယ်။ အခု စီရင်ချက်ချတဲ့ ၅၀၅(က)အမှုမှာ ချယ်ရီထက်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားမှု NLD အမတ်တချို့နဲ့ ဆက်သွယ်ခဲ့တဲ့ ကိစ္စတွေကြောင့်လို့ သိရပါတယ်။ ချယ်ရီထက်ကို နေပြည်တော်အချုပ်ထောင်မှာ ထိမ်းသိမ်းထားရာကနေ ရမည်းသင်းထောင်ကို ပို့မယ်လို့လည်း နီးစပ်တဲ့ အသိုင်းအဝိုင်းတွေဆီက သိရပါတယ်။ #voiceofmyanmar #VOM #ချယ်ရီထက်
Read More