ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော် ချယ်ရီထက် ကို ထောင်ဒဏ် ၂နှစ်ပြစ်ဒဏ်ချ

မတ် ၃၁-၂၀၂၂
KT(VOM)

​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံ​​​တော်ဖြစ်တဲ့ ဒုရဲအုပ်ချယ်ရီထက်ကို ​နေပြည်တော် ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၂နှစ် အမိန့်ချမှတ်လိုက်​တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေ အပြောအရ သိရပါတယ်။

ဒုရဲအုပ် ချယ်ရီထက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း ရဲဝန်ထမ်းဆိုင်ရာ ဥပဒေနဲ့ ထောင် သုံးနှစ် ချမှတ်ပြီးဖြစ်ပါတယ်။

အခု စီရင်ချက်ချတဲ့ ၅၀၅(က)အမှုမှာ ချယ်ရီထက်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားမှု NLD အမတ်တချို့နဲ့ ဆက်သွယ်ခဲ့တဲ့ ကိစ္စတွေကြောင့်လို့ သိရပါတယ်။

ချယ်ရီထက်ကို နေပြည်တော်အချုပ်ထောင်မှာ ထိမ်းသိမ်းထားရာကနေ ရမည်းသင်းထောင်ကို ပို့မယ်လို့လည်း နီးစပ်တဲ့ အသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ချယ်ရီထက်

Related posts

✕
VOM News

FREE
VIEW