ဒီနေ့ပြုလုပ်တဲ့ နစက သတင်းစာရှင်းလင်းပွဲ ကောက်နုတ်ချက်အချို့

ဇွန် ၁-၂၀၂၂
KT(VOM)

(ငြိမ်းချမ်းရေး)

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “၁၀ နှစ်တာကာလသင်ခန်းစာယူရမှာကိုပြောပြီးဖြစ်ပါတယ်၊ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စိန်ခေါ်မှုဆိုတာကတော့ နှစ်မျိုးရှိပါတယ်၊အိတ်စနယ်ဖယ်တာနဲ့အင်တာနယ်ဖယ်တာပေါ့နော် ပြည်တွင်း၊ပြည်ပပေါ့နော် ပြည်တွင်းနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် အဓိကစိန်ခေါ်မှုကတော့ ပြောရမယ်ဆိုရင် အောင်မြင်မယ်လို့ယူဆပါတယ်၊ ဘာကြောင့်လဲဆိုတော့
နံပတ် ၁။အတွေ့အကြုံရှိတယ်၊
၂။ ပေးလာတဲ့အချိန်အခါနဲ့ပတ်သက်ပြီးရှိတယ်၊
၃။လုပ်ကိုင်ဆောင်ရွက်ရမယ့်နည်းလမ်းရှိတယ်၊အချိန်ကာလအားဖြင့်လည်းရှိနေပါတယ်။
အဓိကထပ်ပြီးဖြည့်ရမှာက ပြည်သူလူထုရဲ့ပါဝင်လာမှု ပေါ့နော် အခုပြည်သူလူထုက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထောက်ခံလာမှုပေါ့နော် ဒါကဘာကိုပြလဲဆိုတော့ငြိမ်းချမ်းရေးဖြစ်စဥ်မှာ ပြည်သူလူထုပါဝင်မှုမြင့်တက်လာတဲ့သဘောပေါ့နော်၊ ပြည်တွင်းမှာအခက်အခဲတွေ့နေတာကတော့ တိုက်ရိုက်ပါဝင်ပတ်သက်သူတွေကိုယ်တိုင် (၁)ကတော့”သိလျှက်နဲ့မသိချင်ယောင်ဆောင်ခြင်း၊(၂)မကြားချင်ယောင်ဆောင်ခြင်း၊ကတော့အဓိကအချက်ပါပဲ”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင်”ထပ်ရှင်းအောင်ပြောရရင်..တိုက်ရိုက်ပါဝင်ပတ်သက်သူဆိုတာ ငြိမ်းချမ်းရေးဖြစ်စဥ်တွေမှာ ပါဝင်ပတ်သက်သူအားလုံးပေါ့နော် EAO တွေကိုယ်တိုင်တောင်းဆိုထားတဲ့အချက်အလက်တွေ NCA စာချုပ်ဖြစ်ပေါ်လာဖို့ အခြေခံတာ(လိုင်ဇာ)ဖြစ်ပါတယ်၊KIA မှာအခြေခံခဲ့ပါတယ်၊ NCA စာချုပ်ကို ထပ်ပြီးမြှင့်တင်ဖို့အတည်ပြုခဲ့တာ(လောခီးလ)မှာ KNUဒေသမှာ အခုငြိမ်းချမ်းရေးဆွေးနွေးတော့ KIA ၊ KNU ပါလား ကျွန်တော်တို့တွေ ဆွေးနွေးနေတာ သူတို့ဆွဲခဲ့တဲ့အတိုင်းဆွေးနွေးနေတာ ဒါကြောင့် ‘မသိချင်ယောင်ဆောင်ခြင်းလို့ခေါ်တယ်၊မကြားချင်ယောင်ဆောင်ခြင်းကတော့ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ခဲ့တယ် တချို့အဖွဲ့ကတော့ ပေါ်တင်မတက်ဖူးထုတ်ပြန်တယ်၊တချို့အဖွဲ့တွေက တက်မယ်လည်းမပြောဘူး၊ မတက်ဖူးလည်းမပြောဘူး၊ အဲဒါမကြားချင်ယောင်ဆောင်တာ အဲဒီအခက်အခဲရှိပါတယ်၊ဒီတော့ဘာလုပ်ရမလဲဆိုတော့ မသိချင်ယောင်ဆောင်တဲ့သူကို သိအောင်မျက်စိဖွင့်ရပါမယ်၊မကြားချင်ယောင်ဆောင်တဲ့သူကို ကြားအောင်ပြောပေးရပါမယ်၊ဒါတွေသည်ကျွန်တော်တို့အစိုးရရဲ့တာဝန်ဖြစ်သလို ပြည်သူလူထုအားလုံးကလည်း ပါဝင်ဖို့လိုပါတယ်၊ ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံရဲ့အဓိကအခက်အခဲပြဿနာသည် ငြိမ်းချမ်းရေးဖြစ်စဥ်ပေါ်မှာ မူတည်နေလို့ဖြစ်ပါကြောင်းပြောချင်ပါတယ်၊”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောခဲ့တာ ဖြစ်ပါတယ်။

(ဗုံးပေါက်ကွဲမှု)

မနေ့ မတ် ၃၁ရက်က ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊အနော်ရထာလမ်း ၃၅ ကားမှတ်တိုင်မှာ မိုင်းပေါက်ကွဲမှုဖြစ်စဥ်ဖြစ်ပွားခဲ့ပြီး ၁ ဦးသေ၊ ၉ ဦးဒဏ်ရာရတာဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဒီနေ့သတင်းစာရှင်းလင်းပွဲမှာတော့ ဗုံးဖောက်ခွဲတဲ့သူကို ဖော်ထုတ်ရရှိခဲ့ကြောင်း ပြောဆိုခဲ့ပြီး အဲ့ဒီဖြစ်စဥ်မှာ သေဆုံးသူနဲ့ပတ်သက်ပြီး အမည်မသိ ၃၀ နှစ်ခန့် လူတဦးသေဆုံးတယ်ဆိုကာ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “ဒီသေဆုံးသူ လှုပ်ရှားမှုတွေပေါ့နော်၊ ကားမှတ်တိုင်ကိုဝင်လာတဲ့ မှတ်တမ်းဓာတ်ပုံတွေ သူ့မှာအိတ်တစ်လုံးပါတယ်၊အိတ်ထဲမှာဗုံးထည့်ထားတာဖြစ်ပါတယ်၊ အင်္ကျီအနက်ဝတ်ထားပြီး အောက်မှာ ပုဆိုးဝတ်ထားပုံဖြစ်ပါတယ်၊လက်ပွေ့အိတ်ကိုင်လာတယ်၊အိတ်ထဲကဗုံးကိုထုတ်ပြီး ဖောက်ခွဲခဲ့တဲ့သဘောပါ၊ သူကိုယ်တိုင်လည်းသေပါတယ်၊သူကျန်ခဲ့တဲ့ဖုန်းကိုရတယ် စစ်ဆေးပါတယ်၊စစ်ဆေးတဲ့အခါမှာ သူ့ကိုခိုင်းထားတဲ့အချက်အလက်တွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်၊ PDF တွေနဲ့အချိတ်အဆက်လုပ်ခဲ့တာတွေရယ် သူကိုယ်လည်း PDFတဦးဖြစ်သလို PDFအကြမ်းဖက်သင်တန်းတက်ခဲ့သူတယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေ ဖော်ထုတ်ရရှိပါတယ်၊သူအမည်ကတော့ အောင်ကြီး(ခ)ထိန်လင်းထွန်း ၂၆ နှစ်၊(ဘ)ဦးတင်ထွန်း ကျောက်တံတားမြို့နယ် ကွန်ပျူတာဆိုင် စိစစ်ဆဲအလုပ်သမားဖြစ်ပါတယ်၊ သူနဲ့နီးစပ်ရာကို အတည်ပြုပြီးဖြစ်ပါတယ်”လို့ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲအပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကအနော်ရထာလမ်းဗုံးကွဲမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ဗီဒီယိုဖိုင်တွေကို ပြသခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #နစကသတင်စာရှင်းလင်းပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW