ကြည့်မြင်တိုင်မှာ ဓားပြတိုက်သွားတဲ့သူတွေ ဖမ်းမိပြီ

ဇွန် ၁-၂၀၂၂ KK(VOM) ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းက အဘွားအို(၂)ဦးကို ဓားပြတိုက်ခဲ့သူ ၇ဦးကို မနေ့ မေ၃၁ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်အနောက်ရပ်ကွက်၊ ပန်းပင်ကြီးလမ်းက တိုက်ခန်းတခန်းမှာနေထိုင်တဲ့ အသက်(၈၀)ကျော်အရွယ် ဝှီးချဲနဲ့သွားနေရတဲ့ အဘွားအိုတစ်ဦးနဲ့ အသက်(၅၀)ကျော်အရွယ်အိမ်အကူအမျိုးသမီးတို့ကို မနေ့ မေလ ၃၀ ရက် မနက်ပိုင်းက အမည်မသိအမျိုးသားတွေက ဒုတ်ဓားလက်နက်တွေကိုင်ဆောင်ကာ ဓားပြတိုက်ခဲ့တာဖြစ်တယ်လို့ အဲ့ဒီရပ်ကွက်နေထိုင်သူတဦးက ပြောပါတယ်။ အမည်မဖော်လိုသူ ရဲအရာရှိတဦးက”မှန်ပါတယ် မနေ့ကပဲ မိတယ် ရွှေငွေလက်ဝတ်လက်စားနဲ့ပိုက်ဆံတွေရော ဖုန်းတွေပါ ပြန်ရတယ်”လို့ ပြောပါတယ်။ ကျန်းမာရေးမကောင်းလို့ နေအိမ်မှာ ဝှီးချဲနဲ့သွားလာနေရတဲ့ အသက်၈၀ကျော်အရွယ် ဒေါ်ခင်ကြည်နဲ့ အသက်၅၀အရွယ် ဒေါ်အေးစန်းတို့နှစ်ဦးတည်းရှိနေစဥ် ဒုတ်၊ဓား လက်နက်ကိုင်ဆောင်ထားတဲ့အမည်မသိအမျိုးသားတွေက ဒေါ်အေးစန်းကို ကြိုးနဲ့တုပ်နှောင်ပြီး ဒေါ်ခင်ကြည်ကို ဓားနဲ့ထောက်ကာ ရွှေငွေပစွည်းတွေလုယူခဲ့တာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။ “အဘွားကြီးနှစ်ဦးတည်းရှိတဲ့အိမ်မှ ရွေးပြီးလုပ်တာ၊ ကျနော်တို့တောင် လိုင်းပေါ်မှာတွေ့မှ သိတာ၊ စိတ်မကောင်းဘူး…

Read More

၂၀၂၀ ရွေးကောက်ပွဲကိစ္စနဲ့ အမှုဖွင့်အရေးယူထားသူ သုံးထောင်နီးပါးရှိ

ဇွန် ၁-၂၀၂၂ KK(VOM) ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမှုဖွင့်အရေးယူခံထားရသူ သုံးထောင်နီးပါးရှိတယ်လို့ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားခဲ့ပါတယ်။ ” ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လုပ်ငန်းတွေအပေါ် ကြီးကြပ်ကွပ်ကဲဖို့ ပျက်ကွက်ခဲ့သူ ၂၄၁၇ ဦးကို တရားစွဲထားတယ်၊ အမှုပေါင်း၃၇၃ မှုမှာ အမိန့်ချပြီးတဲ့အမှု ၃၆၄ မှုရှိတယ်၊ နောက်၉ မှုပဲကျန်တော့တယ်၊ အမိန့်ချဖို့ အားလုံးအမှုဖွင့်အရေး ယူထားတာ၂၈၉၆ဦးရှိတယ်”လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။ ဒီလိုအမှုဖွင့်အရေးယူခံထားရတဲ့သူတွေထဲမှာ နိုင်ငံတော်သမ္မတဟောင်း၊နိုင်ငံတော်အတိုင်ပင်ခံဟောင်း၊ပြည်ထောင်စုဝန်ကြီးဟောင်းတွေ တိုင်း နဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်းတွေနဲ့ ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းတွေအပြင် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့တွေလဲပါတယ်လို့ ရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲနှစ်ကြိမ်ပေးမိလို့ အရေး ယူခဲရတဲ့ မိသားစုဝင်တဦးက “ကျွန်မဦးလေးဆို မဲတစ်ကြိမ်ပဲပေးတာ၊ ရွေးကောက်ပွဲပြီးတော့ မဲနှစ်ကြိမ်ပေးတယ်ဆိုပြီး ပြသာနာတက်ရော၊ အမှန်တကယ်က သူလည်းဘာမှမသိဘူး အဲ့ကိစွနဲ့ပဲအဖမ်းခံရတယ် ထောင်တစ်နှစ်ကျသွားတယ်”လို့…

Read More

ဒီနေ့ပြုလုပ်တဲ့ နစက သတင်းစာရှင်းလင်းပွဲ ကောက်နုတ်ချက်အချို့

ဇွန် ၁-၂၀၂၂ KT(VOM) (ငြိမ်းချမ်းရေး) ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “၁၀ နှစ်တာကာလသင်ခန်းစာယူရမှာကိုပြောပြီးဖြစ်ပါတယ်၊ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး စိန်ခေါ်မှုဆိုတာကတော့ နှစ်မျိုးရှိပါတယ်၊အိတ်စနယ်ဖယ်တာနဲ့အင်တာနယ်ဖယ်တာပေါ့နော် ပြည်တွင်း၊ပြည်ပပေါ့နော် ပြည်တွင်းနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် အဓိကစိန်ခေါ်မှုကတော့ ပြောရမယ်ဆိုရင် အောင်မြင်မယ်လို့ယူဆပါတယ်၊ ဘာကြောင့်လဲဆိုတော့ နံပတ် ၁။အတွေ့အကြုံရှိတယ်၊ ၂။ ပေးလာတဲ့အချိန်အခါနဲ့ပတ်သက်ပြီးရှိတယ်၊ ၃။လုပ်ကိုင်ဆောင်ရွက်ရမယ့်နည်းလမ်းရှိတယ်၊အချိန်ကာလအားဖြင့်လည်းရှိနေပါတယ်။ အဓိကထပ်ပြီးဖြည့်ရမှာက ပြည်သူလူထုရဲ့ပါဝင်လာမှု ပေါ့နော် အခုပြည်သူလူထုက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထောက်ခံလာမှုပေါ့နော် ဒါကဘာကိုပြလဲဆိုတော့ငြိမ်းချမ်းရေးဖြစ်စဥ်မှာ ပြည်သူလူထုပါဝင်မှုမြင့်တက်လာတဲ့သဘောပေါ့နော်၊ ပြည်တွင်းမှာအခက်အခဲတွေ့နေတာကတော့ တိုက်ရိုက်ပါဝင်ပတ်သက်သူတွေကိုယ်တိုင် (၁)ကတော့”သိလျှက်နဲ့မသိချင်ယောင်ဆောင်ခြင်း၊(၂)မကြားချင်ယောင်ဆောင်ခြင်း၊ကတော့အဓိကအချက်ပါပဲ”လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင်”ထပ်ရှင်းအောင်ပြောရရင်..တိုက်ရိုက်ပါဝင်ပတ်သက်သူဆိုတာ ငြိမ်းချမ်းရေးဖြစ်စဥ်တွေမှာ ပါဝင်ပတ်သက်သူအားလုံးပေါ့နော် EAO တွေကိုယ်တိုင်တောင်းဆိုထားတဲ့အချက်အလက်တွေ NCA စာချုပ်ဖြစ်ပေါ်လာဖို့ အခြေခံတာ(လိုင်ဇာ)ဖြစ်ပါတယ်၊KIA မှာအခြေခံခဲ့ပါတယ်၊ NCA စာချုပ်ကို ထပ်ပြီးမြှင့်တင်ဖို့အတည်ပြုခဲ့တာ(လောခီးလ)မှာ KNUဒေသမှာ အခုငြိမ်းချမ်းရေးဆွေးနွေးတော့ KIA ၊ KNU ပါလား ကျွန်တော်တို့တွေ ဆွေးနွေးနေတာ သူတို့ဆွဲခဲ့တဲ့အတိုင်းဆွေးနွေးနေတာ ဒါကြောင့် ‘မသိချင်ယောင်ဆောင်ခြင်းလို့ခေါ်တယ်၊မကြားချင်ယောင်ဆောင်ခြင်းကတော့ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ခဲ့တယ် တချို့အဖွဲ့ကတော့ ပေါ်တင်မတက်ဖူးထုတ်ပြန်တယ်၊တချို့အဖွဲ့တွေက…

Read More

အသံထက် ကိုးဆမြန်တဲ့ Zircon ဟိုက်ပါဆိုးနစ် ခရုဇ်ဒုံးကျည်ကို ယခုနှစ်မကုန်ခင် ရုရှားဖြန့်ကြက်တော့မယ်

မော်စကို၊ ဇွန်-၁-၂၀၂၂ မျိုးဆက်(VOM) ရုရှားဟာ Zircon ဟိုက်ပါဆိုးနစ် ခရုဇ်ဒုံးကျည် စမ်းသပ်မှုတွေ အပြီးသတ်စမ်းသပ်အောင်မြင်သွားပြီး ယခုနှစ်မကုန်မီ မြောက်ပိုင်းရေတပ်အုပ်စုမှာ တပ်ဆင်ဖြန့်ကြက်သွားမယ်လို့ ရုရှားစစ်ဘက် ထိပ်တန်းတာ၀န်ရှိသူတဦးက ဇွန် ၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ Admiral Golovko ဖရီးဂိတ်စစ်သင်္ဘောဟာ Zircon ဟိုက်ပါဆိုးနစ် ခရုဇ်ဒုံးကျည်တပ်ဆင်အသုံးပြုမယ့် ပထမဆုံးစစ်သင်္ဘောဖြစ်လာမယ်လို့ မြောက်ပိုင်းရေတပ်အုပ်စုရဲ့ တပ်မှူး Alexander Moiseyev ကပြောပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ Zircon ဟာ အသံထက် ကိုးဆမြန်တဲ့ ပြိုင်ဘက်ကင်း လက်နက်မျိုးဆက်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ရုရှားဟာ ယူကရိန်းစစ်ပွဲသုံးလကြာမြင့်ချိန်ထိ စစ်ပွဲအတွင်းဆုံးရှုံးမှုတွေများစွာရှိနေပေမယ့် သူ့ရဲ့ နောက်ဆုံးပေါ် ဒုံးကျည်စမ်းသပ်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ Zircon ဟိုက်ပါဆိုးနစ် ခရုဇ်ဒုံးကျည်ကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက စမ်းသပ်ခဲ့တာဖြစ်ပြီး ၆၂၅ မိုင်အကွာမှာရှိတဲ့ ပစ်မှတ်ကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း ရုရှားက ထုတ်ပြန်ထားပါတယ်။ Ref: Reuters…

Read More

တောင်ပြိုတာတွေကြောင့် ဟားခါး – ဖလမ်း ကားလမ်းပိုင်း ယာယီပိတ်ထား

ဇွန် ၊ ၁-၂၀၂၂ SP(VOM) ချင်းပြည်နယ် (မြောက်ပိုင်း) ၊ ဟားခါးမြို့နယ် ၊ ခွန်ကျုံးကျေးရွာ နဲ့ ဟားခါးမြို့ကြား ၊ ဖလမ်း – ဟားခါး ကားလမ်းမှာ တောင်ပြိုတာတွေဖြစ်နေတဲ့အတွက် ဒီကနေ့ မနက်ပိုင်းကစလို့ အဲ့ဒီလမ်းကို ယာယီပိတ်ထားလိုက်တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” မိုးက အဆက်မပြတ်ရွာနေတာပါ ၊ ခွန်ကျုံးရွာနားက ကျောက်တောင်ပြိုကျပြီး ၊ ကျောက်တုံးကြီးတွေ လမ်းပိတ်ဆို့နေတာဖြစ်တယ် ၊ မိုးဆဲသွားရင်တော့ အမြန်ဆုံးဖယ်ရှားပေးနိုင်မှာပါ ၊ အခုတော့ အန္တရာယ်မကင်းတာကြောင့် လမ်းယာယီ ပိတ်ထားတာ “လို့ ကားသမားတယောက်က ပြောပါတယ်။ ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ” ယာယီလမ်းပိတ်ထားတာက ယာဥ်တွေ အန္တရာယ်ကင်းရှင်စေဖို့ဖြစ်ပါတယ် ၊ ရာသီဥတု ကောင်းမွန်တာနဲ့ လမ်းပြန်ပွင့်ဖို့ အမြန်ဆုံးလုပ်ဆောင်နေပါတယ် ” လို့ ပြောပါတယ်။…

Read More

သီရိလင်္ကာရဲ့ စားနပ်ရိက္ခာအကြပ်အတည်း သြဂုတ်လအတွင်းမှာ ပိုမိုဆိုးရွားဖွယ်ရှိနေ

ကိုလံဘို၊ ဇွန်-၁-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ လယ်သမားတွေအနေနဲ့ ဆန်စပါးပိုမိုစိုက်ပျိုးကြဖို့ သီရိလင်္ကာအစိုးရက မေ ၃၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံရဲ့ စားနပ်ရိက္ခာအခြေအနေဟာ ပိုမိုဆိုးရွားလာကြောင်း သီရိလင်္ကာ စိုက်ပျိုးရေး၀န်ကြီးက ထုတ်ဖော်ပြောဆိုပြီးနောက် နောက် ငါးရက်မှ ဆယ်ရက်အတွင်း ဆန်စပါးစိုက်ပျိုးမှုစတင်ကြဖို့ လယ်သမားတွေကို သူကတိုက်တွန်းထားပါတယ်။ လာမယ့်သြဂုတ်လအတွင်း နိုင်ငံတွင်းမှာ စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားလာမယ်လို့ သီရိလင်္ကာ၀န်ကြီးချုပ်က သတိပေးပြောဆိုထားပြီး စားနပ်ရိက္ခာတိုးမြှင့်ထုတ်လုပ်ရေးနည်းလမ်းတွေကို တာ၀န်ရှိသူတွေက ရှာဖွေနေကြပါတယ်။ နိုင်ငံတွင်းမှာ စားနပ်ရိက္ခာအပါအ၀င် မရှိမဖြစ်ကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်မှုဖြစ်ပွားနေပြီး ငွေကြေးဖောင်းပွမှုနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုတို့လည်း စံချိန်တင်ဖြစ်ပွားနေပါတယ်။ နိုင်ငံခြားငွေ ပြတ်လပ်မှုနဲ့ ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းတို့ကြောင့်လည်း ဆေးဝါး၊ လောင်စာဆီနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေ ပြတ်လပ်မှုကို ဖြစ်ပေါ်နေပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ကိုလံဘို

Read More

ဂွမြို့နယ်၊ပုန်းညှက်ကျေးရွာအနီး ကမ်းခြေမှာ ဝေလငါးသားပေါက် အသေတစ်ကောင်တွေ့

ဇွန် ၊ ၁ ၊ ၂၀၂၂ SW + SP( VOM) ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ဂွမြို့နယ် ၊ ပုန်းညက်ကျေးရွာအနီး ၊ ညောင်ပင်ခြေကမ်းခြေမှာ မနေ့ မေ ၃၁ ရက် ညနေပိုင်းက ဝေလငါး တစ်ကောင် သေဆုံး သောင်တင်နေတာ တွေ့ခဲ့ရတယ်လို့ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနကနေ သိရပါတယ်။ ဂွမြို့နယ်၊ ဂျိန္တလီမြို့နယ်ခွဲ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးကိုကိုနိုင်က “မနေ့က ကျနော်တို့ကို ပုန်းညက်ကျေးရွာက ရေလုပ်သားတဦး ဖုန်းဆက်ပြီးပြောလာတယ်။ ဝေလငါးလို့ယူဆရတဲ့ အသေတစ်ကောင် လှိုင်းလေတွေပုတ်ပြီး ကမ်းစပ်ကိုရောက်လာတယ်၊ ကျနော်တို့သွားရောက်ပြီး စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်၊ သူက ကျောက်ဆောင်တွေနဲ့ တိုက်ပြီး နာသွားတဲ့နေရာတွေပါတယ်။ သေပြီးမှ တွေ့တာဆိုတော့ ဘာကြောင့်သေသွားသလဲဆိုတာ ပြောရခက်တယ်။ အဲဒီ ငါးအသေကို ဒီတိုင်းထားခဲ့လို့ရှိရင် မိုးတွေရွာ လေတွေတိုက်…

Read More

ယူကရိန်းမှာ ရုရှားကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှု ၁၅၀၀၀ ရှိ၊ တရားစွဲဆိုမှု ၈၀ ယူကရိန်း စတင်နေ

ကိယက်ဗ်၊ ဇွန်-၁-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲစတင်ပြီးကတည်းက ရုရှားတပ်များဟာ သံသယဖြစ်ဖွယ် စစ်ရာဇ၀တ်မှု ၁၅၀၀၀ ၀န်းကျင်ကျူးလွန်ခဲ့ကြောင်း ယူကရိန်း အစိုးရရှေ့နေချုပ်ကပြောပါတယ်။ ဒီလိုကျူးလွန်မှုတွေဟာနေ့စဉ် ၂၀၀ ကနေ ၃၀၀ ထိရှိနေပြီး သံသယရှိသူ ၆၀၀ ခန့်ကို ဖော်ထုတ်နိုင်ခဲ့ကာ တရားစွဲဆိုမှု ၈၀ ကို စတင်နိုင်ခဲ့ကြောင်း ရှေ့နေချုပ် Iryna Venediktova က သည်ဟိတ်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။ စစ်ရာဇ၀တ်မှုကျူးလွန်ကြောင်း သံသယရှိသူစာရင်းမှာ စစ်ဘက်နဲ့ နိုင်ငံရေးထိပ်တန်း တာ၀န်ရှိသူတွေနဲ့ ဝါဒဖြန့်ချိရေးသမားတွေလည်း ပါ၀င်တယ်လို့ သူကဆိုပါတယ်။ ရုရှားကတော့ ယူကရိန်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတာ သို့မဟုတ် စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ သံသယဖြစ်ဖွယ် စစ်ရာဇ၀တ်မှု ၁၅၀၀၀ ထဲက ထောင်ပေါင်းများစွာဟာ ယူကရိန်းနဲ့ ရုရှားတပ်တွေအကြား ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘက်စ်ဒေသမှာ ဖြစ်ပွားခဲ့တယ်လို့ ရှေ့နေချုပ်…

Read More

မူဆယ်ခရိုင် နမ့်ခေါင် တောင်ကြောမှာ စစ်တပ်နဲ့ KIA, MNDAA တို့ ၂ ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်နေ

ဇွန် ၁၊ ၂၀၂၂ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်၊ မုံးပေါ်ဒေသ၊ တောင်ကြောမှာ စစ်တပ်နဲ့ KIA, MNDAA ပူးပေါင်း အဖွဲ့တို့ မနေ့ မေလ ၃၁ ရက်နေ့‌ကစပြီး ဒီကနေ့ ဇွန် ၁ ရက်နေ့ထိ ၂ ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့က နမ့်ခေါင် ဆုတောင်းတောင်ဘက်မှာ။ ဒီနေ့လည်း အဲဒီ ဘက်မှာပဲ” လို့ ဒေသခံ ၁ ဦး က ပြောပါတယ်။ စစ်တပ်ဘက်က တပ်မ ၉၉ ဖြစ်ပြီး အင်အား ၁၅၀ ခန့်က စစ်ကြောင်းထိုးရာကနေ KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ နဲ့ ကိုးကန့် MNDAA…

Read More

ဖားကန့်မြို့နယ်က အမှိုက်ပုံပေါ်မှာ လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ လူသေ ၄ လောင်းတွေ့

ဇွန် ၊ ၁-၂၀၂၂ SP (VOM) ကချင်ပြည်နယ် ၊ ဆိတ်မူးကျေးရွာအုပ်စု ၊ ဆွတ်အောင်ကျေးရွာက အမှိုက်ပစ်တဲ့ တံတားအောက် အမှိုက်ပုံပေါ်မှာ ဇွန် ၁ ရက် ၊ ဒီကနေ့ မနက်အစောပိုင်းက လက်နောက်ပြန်ကြိုးတုပ်သတ်ထားတဲ့ လူသေ ရုပ်အလောင်း ၄ လောင်းစွန့်ပစ်ထားတာကို တွေ့ရတယ်လို့ ဆိတ်မူးကျေးရွာ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ဒီမနက် ၆ နာရီဝန်းကျင်မှာ ဆွတ်အောင် တံတားအောက် အမှိုက်ပုံပေါ်က စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၄လောင်း တွေ့ရတာပါ ၊ သေဆုံးသူတွေက အသက် ၃၀ ဝန်းကျင် လူလတ်ပိုင်း အမျိုးသားတွေဖြစ်တယ် ၊ လက်နောက်ပြန် ကြိုးတုပ်ထားပြီး ၊ ဦးခေါင်းပိုင်း ကျည်ဆံဖောက်ဝင် ဒဏ်ရာလို့ ထင်မြင်ရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ” လို့ နယ်ခံ ပရဟိတသမား တယောက်က…

Read More
VOM News

FREE
VIEW