ယူကရိန်းမှာ ရုရှားကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှု ၁၅၀၀၀ ရှိ၊ တရားစွဲဆိုမှု ၈၀ ယူကရိန်း စတင်နေ

ကိယက်ဗ်၊ ဇွန်-၁-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲစတင်ပြီးကတည်းက ရုရှားတပ်များဟာ သံသယဖြစ်ဖွယ် စစ်ရာဇ၀တ်မှု ၁၅၀၀၀ ၀န်းကျင်ကျူးလွန်ခဲ့ကြောင်း ယူကရိန်း အစိုးရရှေ့နေချုပ်ကပြောပါတယ်။

ဒီလိုကျူးလွန်မှုတွေဟာနေ့စဉ် ၂၀၀ ကနေ ၃၀၀ ထိရှိနေပြီး သံသယရှိသူ ၆၀၀ ခန့်ကို ဖော်ထုတ်နိုင်ခဲ့ကာ တရားစွဲဆိုမှု ၈၀ ကို စတင်နိုင်ခဲ့ကြောင်း ရှေ့နေချုပ် Iryna Venediktova က သည်ဟိတ်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

စစ်ရာဇ၀တ်မှုကျူးလွန်ကြောင်း သံသယရှိသူစာရင်းမှာ စစ်ဘက်နဲ့ နိုင်ငံရေးထိပ်တန်း တာ၀န်ရှိသူတွေနဲ့ ဝါဒဖြန့်ချိရေးသမားတွေလည်း ပါ၀င်တယ်လို့ သူကဆိုပါတယ်။

ရုရှားကတော့ ယူကရိန်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတာ သို့မဟုတ် စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

သံသယဖြစ်ဖွယ် စစ်ရာဇ၀တ်မှု ၁၅၀၀၀ ထဲက ထောင်ပေါင်းများစွာဟာ ယူကရိန်းနဲ့ ရုရှားတပ်တွေအကြား ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘက်စ်ဒေသမှာ ဖြစ်ပွားခဲ့တယ်လို့ ရှေ့နေချုပ် Iryna Venediktova ကပြောပါတယ်။

Ref: BBC
Photo:Reuters

#voiceofmyanmar #VOM #ယူကရိန်း #ရုရှား #နိုင်ငံတကာသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW